
အာလင်းဟာလန်းဟာမနေ့ညတုန်းကဆောက်သမ်တန်ကို၄-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာယခုရာသီပြိုင်ပွဲအရပ်ရပ်မန်စီးတီးအတွက်ဂိုး၂၀မြောက်ဂိုးကိုသွင်းယူခဲ့ပါတယ်။ယင်းဂိုးကအာလင်းဟာလန်းအတွက်ယခုရာသီပရီးမီးယားလိဂ်ဂိုး၁၅ဂိုးမြောက်ဂိုးလည်းဖြစ်ပါတယ်။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကတော့အာလင်းဟာလန်းဟာဥရောပရွှေဖိနပ်ဆုအတွက်စာရင်းကိုဦးဆောင်ထားနိုင်ခြင်းမရှိတာဖြစ်ပါတယ်။
အာလင်းဟာလန်းဟာနွေရာသီတွင်ဒေါ့မွန်မှပေါင်၅၁သန်းဖြင့်ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်တွင်ဘုန်းမောက်တစ်သင်းကိုသာဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။
သူဟာဆောက်သမ်တန်နှင့်ပွဲတွင်ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ်ဂိုး၁၅ဂိုးအမြန်ဆုံးသွင်းထားနိုင်သူအဖြစ်မှတ်တမ်းရေးထိုးလာပြီးပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်ဆာလက်နှင့်ဆန်ဟောင်မင်းတို့ရဲ့သွင်းဂိုးကိုလိုက်မီဖို့၈ဂိုးတည်းသာလိုပါတော့တယ်။
သူ့ရဲ့ပရီးမီးယားလိဂ်ပွဲ၉ပွဲမှာ၁၅ဂိုးသွင်းယူထားနိုင်မှုကတကယ့်ကိုတုန်လှုပ်စရာဂိုးသွင်းမှတ်တမ်းတစ်ခုဖြစ်နေပါတယ်။
သူဟာလက်ရှိကမ္ဘာ့ဘောလုံးလောကမှာအကောင်းဆုံးပုံစံအရဆုံးကစားသမားအဖြစ်လူတိုင်းကသတ်မှတ်ထားကြပေမဲ့လည်းဥရောပရွှေဖိနပ်ဆုအတွက်တန်းစီဇယားမှာတော့ထိပ်ဆုံးကဦးဆောင်နိုင်ခြင်းမရှိပါဘူး။
သူ့အနေနဲ့ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုရယူနိုင်ဖို့သေချာကောင်းသေချာနေပါလိမ့်မယ်။ဒါပေမဲ့သူဟာဥရောပရွှေဖိနပ်ဆုကိုရရှိဖို့မရေမရာဖြစ်နေပါတယ်။
ဥရောပရွှေဖိနပ်ဆုစာရင်းမှာအာလင်းဟာလန်းကိုကျော်ပြီးအံ့ဩသင့်ဖွယ်ထိပ်ဆုံးမှာရပ်တည်နေသူကတော့ဘိုဒို/ဂလမ့်တိုက်စစ်မှူးအေမာပယ်လီဂရီနိုဖြစ်ပါတယ်။သူဟာယခုရာသီမှာဂိုး၂၀သွင်းယူပြီးထိပ်ဆုံးမှာရပ်တည်နေပါတယ်။
ဥရောပရွှေဖိနပ်ဆုကဥရောပနိုင်ငံများရဲ့လိဂ်များထဲတွင်ဂိုးအများဆုံးသွင်းယူသူကိုချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။
ဒါပေမဲ့သွင်းဂိုးအရေအတွက်နဲ့ဆုံးဖြတ်တာမဟုတ်ပါဘူး။သွင်းဂိုးတစ်ဂိုးစီတိုင်းကိုအမှတ်ပေးစနစ်နဲ့တိုင်းတာပြီးဆုချီးမြှင့်တာဖြစ်ပါတယ်။
ယူအီးအက်ဖ်အေဟာဥရောပထိပ်သီးလိဂ်ကြီးငါးခုမှသွင်းဂိုးတစ်ဂိုးကို ရမှတ်၂မှတ်ပေးပြီး အဆင့်၆မှ ၂၂ အတွင်းလိဂ်မှသွင်းဂိုးတစ်ဂိုးကို ၁.၅မှတ်ပေးပါတယ်။
ဒါကြောင့်အာလင်းဟာလန်းဟာ၁၅ဂိုးသွင်းထားတာကြောင့်ရမှတ်၃၀ရရှိထားပါတယ်။ပယ်လီဂရီမှာလည်းဂိုး၂၀သွင်းထားမှုနဲ့အတူ ၁.၅ မှတ်နဲ့မြှောက်ပါက ရမှတ် ၃၀ရထားပါတယ်။ဒါပေမဲ့ပယ်လီဂရီနီကသွင်းဂိုးပိုမိုတာကြောင့်ထိပ်ဆုံးမှာရပ်တည်နေပါတယ်။
ဒါပေမဲ့အာလင်းဟာလန်းအနေဖြင့်ဥရောပရွှေဖိနပ်ဆုအတွက်အပြည့်အဝမျှော်လင့်ထားနိုင်တုန်းဖြစ်ပါတယ်။ပယ်လီဂရီနီကစားနေတဲ့နော်ဝေအဆင့်မြင့်တန်းလိဂ်က ပွဲ၃၀ကစားရာမှာ၂၄ပွဲကစားထားပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းကဥရောပရွှေဖိနပ်ဆုကိုရောဘတ်လီဝန်ဒေါ့စကီးကဆွတ်ခူးခဲ့ပြီးလီယွန်နယ်မက်ဆီကယင်းဆုကို၆ကြိမ်တိုင်တိုင်ဆွတ်ခူးထားပါတယ်။
အာလင်းဟာလန်းဟာလက်ရှိအချိန်မှာမန်စီးတီးနှင့်အတူ ဂိုးတွေတဒိုင်းဒိုင်းသွင်းပြပြီးစံချိန်သစ်တွေရေးထိုးနေပေမဲ့လည်း၂၀၁၄-၁၅ရာသီတုန်းကခရစ္စတီယာနိုရော်နယ်ဒိုတင်ခဲ့တဲ့လိဂ်ဂိုးသွင်းမှတ်တမ်းကိုတော့လိုက်မမီသေးပါဘူး။ယင်းရာသီတုန်းကခရစ္စတီယာနိုရော်နယ်ဒိုဟာလာလီဂါအပွဲအဖွင့်ပွဲ၉ပွဲမှာ၁၆ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။
ZawGyi
မန္စီးတီးအတြက္ ပရီးမီးယားလိဂ္ဂိုး ၁၅ ဂိုးသြင္းထားေပမဲ့ ဥေရာပေ႐ႊဖိနပ္ဆုစာရင္းတြင္ ထိပ္ဆုံးမွာ မရပ္တည္ႏိုင္ေသးတဲ့ အာလင္းဟာလန္း
အာလင္းဟာလန္းဟာမေန႔ညတုန္းကေဆာက္သမ္တန္ကို၄-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာယခုရာသီၿပိဳင္ပြဲအရပ္ရပ္မန္စီးတီးအတြက္ဂိုး၂၀ေျမာက္ဂိုးကိုသြင္းယူခဲ့ပါတယ္။ယင္းဂိုးကအာလင္းဟာလန္းအတြက္ယခုရာသီပရီးမီးယားလိဂ္ဂိုး၁၅ဂိုးေျမာက္ဂိုးလည္းျဖစ္ပါတယ္။ဒါေပမဲ့စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့အာလင္းဟာလန္းဟာဥေရာပေ႐ႊဖိနပ္ဆုအတြက္စာရင္းကိုဦးေဆာင္ထားႏိုင္ျခင္းမရွိတာျဖစ္ပါတယ္။
အာလင္းဟာလန္းဟာေႏြရာသီတြင္ေဒါ့မြန္မွေပါင္၅၁သန္းျဖင့္ေျပာင္းလာၿပီးေနာက္ ပရီးမီးယားလိဂ္တြင္ဘုန္းေမာက္တစ္သင္းကိုသာဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိပါဘူး။
သူဟာေဆာက္သမ္တန္ႏွင့္ပြဲတြင္ဂိုးသြင္းယူၿပီးေနာက္ ပရီးမီးယားလိဂ္ဂိုး၁၅ဂိုးအျမန္ဆုံးသြင္းထားႏိုင္သူအျဖစ္မွတ္တမ္းေရးထိုးလာၿပီးၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရွင္ဆာလက္ႏွင့္ဆန္ေဟာင္မင္းတို႔ရဲ႕သြင္းဂိုးကိုလိုက္မီဖို႔၈ဂိုးတည္းသာလိုပါေတာ့တယ္။
သူ႔ရဲ႕ပရီးမီးယားလိဂ္ပြဲ၉ပြဲမွာ၁၅ဂိုးသြင္းယူထားႏိုင္မႈကတကယ့္ကိုတုန္လႈပ္စရာဂိုးသြင္းမွတ္တမ္းတစ္ခုျဖစ္ေနပါတယ္။
သူဟာလက္ရွိကမာၻ႔ေဘာလုံးေလာကမွာအေကာင္းဆုံးပုံစံအရဆုံးကစားသမားအျဖစ္လူတိုင္းကသတ္မွတ္ထားၾကေပမဲ့လည္းဥေရာပေ႐ႊဖိနပ္ဆုအတြက္တန္းစီဇယားမွာေတာ့ထိပ္ဆုံးကဦးေဆာင္ႏိုင္ျခင္းမရွိပါဘူး။
သူ႔အေနနဲ႔ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကိုရယူႏိုင္ဖို႔ေသခ်ာေကာင္းေသခ်ာေနပါလိမ့္မယ္။ဒါေပမဲ့သူဟာဥေရာပေ႐ႊဖိနပ္ဆုကိုရရွိဖို႔မေရမရာျဖစ္ေနပါတယ္။
ဥေရာပေ႐ႊဖိနပ္ဆုစာရင္းမွာအာလင္းဟာလန္းကိုေက်ာ္ၿပီးအံ့ဩသင့္ဖြယ္ထိပ္ဆုံးမွာရပ္တည္ေနသူကေတာ့ဘိုဒို/ဂလမ့္တိုက္စစ္မႉးေအမာပယ္လီဂရီႏိုျဖစ္ပါတယ္။သူဟာယခုရာသီမွာဂိုး၂၀သြင္းယူၿပီးထိပ္ဆုံးမွာရပ္တည္ေနပါတယ္။
ဥေရာပေ႐ႊဖိနပ္ဆုကဥေရာပႏိုင္ငံမ်ားရဲ႕လိဂ္မ်ားထဲတြင္ဂိုးအမ်ားဆုံးသြင္းယူသူကိုခ်ီးျမႇင့္တဲ့ဆုျဖစ္ပါတယ္။
ဒါေပမဲ့သြင္းဂိုးအေရအတြက္နဲ႔ဆုံးျဖတ္တာမဟုတ္ပါဘူး။သြင္းဂိုးတစ္ဂိုးစီတိုင္းကိုအမွတ္ေပးစနစ္နဲ႔တိုင္းတာၿပီးဆုခ်ီးျမႇင့္တာျဖစ္ပါတယ္။
ယူအီးအက္ဖ္ေအဟာဥေရာပထိပ္သီးလိဂ္ႀကီးငါးခုမွသြင္းဂိုးတစ္ဂိုးကို ရမွတ္၂မွတ္ေပးၿပီး အဆင့္၆မွ ၂၂ အတြင္းလိဂ္မွသြင္းဂိုးတစ္ဂိုးကို ၁.၅မွတ္ေပးပါတယ္။
ဒါေၾကာင့္အာလင္းဟာလန္းဟာ၁၅ဂိုးသြင္းထားတာေၾကာင့္ရမွတ္၃၀ရရွိထားပါတယ္။ပယ္လီဂရီမွာလည္းဂိုး၂၀သြင္းထားမႈနဲ႔အတူ ၁.၅ မွတ္နဲ႔ေျမႇာက္ပါက ရမွတ္ ၃၀ရထားပါတယ္။ဒါေပမဲ့ပယ္လီဂရီနီကသြင္းဂိုးပိုမိုတာေၾကာင့္ထိပ္ဆုံးမွာရပ္တည္ေနပါတယ္။
ဒါေပမဲ့အာလင္းဟာလန္းအေနျဖင့္ဥေရာပေ႐ႊဖိနပ္ဆုအတြက္အျပည့္အဝေမွ်ာ္လင့္ထားႏိုင္တုန္းျဖစ္ပါတယ္။ပယ္လီဂရီနီကစားေနတဲ့ေနာ္ေဝအဆင့္ျမင့္တန္းလိဂ္က ပြဲ၃၀ကစားရာမွာ၂၄ပြဲကစားထားၿပီးျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီတုန္းကဥေရာပေ႐ႊဖိနပ္ဆုကိုေရာဘတ္လီဝန္ေဒါ့စကီးကဆြတ္ခူးခဲ့ၿပီးလီယြန္နယ္မက္ဆီကယင္းဆုကို၆ႀကိမ္တိုင္တိုင္ဆြတ္ခူးထားပါတယ္။
အာလင္းဟာလန္းဟာလက္ရွိအခ်ိန္မွာမန္စီးတီးႏွင့္အတူ ဂိုးေတြတဒိုင္းဒိုင္းသြင္းျပၿပီးစံခ်ိန္သစ္ေတြေရးထိုးေနေပမဲ့လည္း၂၀၁၄-၁၅ရာသီတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုတင္ခဲ့တဲ့လိဂ္ဂိုးသြင္းမွတ္တမ္းကိုေတာ့လိုက္မမီေသးပါဘူး။ယင္းရာသီတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာလီဂါအပြဲအဖြင့္ပြဲ၉ပြဲမွာ၁၆ဂိုးအထိသြင္းႏိုင္ခဲ့ပါတယ္။