မန်စီးတီးအတွက် ရိုဒရီဂိုးသွင်းချိန်တွင် သူတို့အသင်းဂိုးရသကဲ့သို့ ကခုန်အောင်ပွဲခံခဲ့တဲ့ အာဆင်နယ်ပရိသတ်များ

အာဆင်နယ်ပရိသတ်များဟာရိုဒရီကမန်စီးတီးအတွက်စတုတ္ထအနိုင်ဂိုးအားသွင်းယူလိုက်ချိန်တွင်သူတို့အသင်းဂိုးရရှိသကဲ့သို့ကခုန်အောင်ပွဲခံခဲ့ကြပါတယ်။

အာဆင်နယ်ဟာမနေ့ညတုန်းကအီတီဟတ်ကွင်းတွင်မန်စီးတီးကိုလုံးဝမယှဉ်နိုင်ဘဲ၅-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။အာဆင်နယ်ဟာခြေစွမ်းပိုင်းအလွန်ဆိုးရွားခဲ့ပြီးဇာခါအထုတ်ခံရချိန်တွင်မန်စီးတီးကိုလုံးဝမလှန်နိုင်ဘဲ၅-၀ဂိုးရှုံးနိမ့်သွားခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာမန်စီးတီးရှုံးပွဲကြောင့်ပရီးမီးယားလိဂ်အဖွင့်၃ပွဲတွင်၃ပွဲရှုံး၊ပေးဂိုး၉ဂိုး၊ရဂိုးမရှိဖြင့်ပရီးမီးယားလိဂ်အမှတ်ပေးဇယားကြမ်းခင်းတွင်ရပ်တည်နေပါတယ်။

အဆိုပါပွဲတွင်မန်စီးတီးအနိုင်ဂိုးများကိုအိုင်ကေးဂန်ဒိုဂန်၊ဖာရန်တောရက်စ်(၂ဂိုး)၊ဂါဘရီရယ်ဂျီးဆပ်စ်၊ရိုဒရီတို့ကသွ်င်းယူခဲ့ကြပါတယ်။

ရိုဒရီကမန်စီးတီးအတွက်စတုတ္ထဂိုးအားထောင့်ကျဉ်းသို့ဝှေ့ဝိုက်ကန်သွင်းလိုက်ချိန်တွင် အာဆင်နယ်ပရိသတ်များဟာကိုယ့်အသင်းဂိုးသွင်းခံခဲ့ရပေမယ့်လည်းအောင်ပွဲခံခဲ့ကြပါတယ်။

အာဆင်နယ်ပရိသတ်များဟာနည်းပြအာတီတာအပေါ်တွင်အကြီးအကျယ်စိတ်ပျက်ကာယခုပွဲရလဒ်ကြောင့်အထုတ်ခံရတော့မှာဖြစ်လို့ပျော်ရွှင်နေကြတယ်လို့ခန့်မှန်းနေကြပါတယ်။

ZawGyi

မန္စီးတီးအတြက္ ႐ိုဒရီဂိုးသြင္းခ်ိန္တြင္ သူတို႔အသင္းဂိုးရသကဲ့သို႔ ကခုန္ေအာင္ပြဲခံခဲ့တဲ့ အာဆင္နယ္ပရိသတ္မ်ား

အာဆင္နယ္ပရိသတ္မ်ားဟာ႐ိုဒရီကမန္စီးတီးအတြက္စတုတၳအႏိုင္ဂိုးအားသြင္းယူလိုက္ခ်ိန္တြင္သူတို႔အသင္းဂိုးရရွိသကဲ့သို႔ကခုန္ေအာင္ပြဲခံခဲ့ၾကပါတယ္။

အာဆင္နယ္ဟာမေန႔ညတုန္းကအီတီဟတ္ကြင္းတြင္မန္စီးတီးကိုလုံးဝမယွဥ္ႏိုင္ဘဲ၅-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။အာဆင္နယ္ဟာေျခစြမ္းပိုင္းအလြန္ဆိုး႐ြားခဲ့ၿပီးဇာခါအထုတ္ခံရခ်ိန္တြင္မန္စီးတီးကိုလုံးဝမလွန္ႏိုင္ဘဲ၅-၀ဂိုးရႈံးနိမ့္သြားခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာမန္စီးတီးရႈံးပြဲေၾကာင့္ပရီးမီးယားလိဂ္အဖြင့္၃ပြဲတြင္၃ပြဲရႈံး၊ေပးဂိုး၉ဂိုး၊ရဂိုးမရွိျဖင့္ပရီးမီးယားလိဂ္အမွတ္ေပးဇယားၾကမ္းခင္းတြင္ရပ္တည္ေနပါတယ္။

အဆိုပါပြဲတြင္မန္စီးတီးအႏိုင္ဂိုးမ်ားကိုအိုင္ေကးဂန္ဒိုဂန္၊ဖာရန္ေတာရက္စ္(၂ဂိုး)၊ဂါဘရီရယ္ဂ်ီးဆပ္စ္၊႐ိုဒရီတို႔ကသြ္င္းယူခဲ့ၾကပါတယ္။

႐ိုဒရီကမန္စီးတီးအတြက္စတုတၳဂိုးအားေထာင့္က်ဥ္းသို႔ေဝွ႔ဝိုက္ကန္သြင္းလိုက္ခ်ိန္တြင္ အာဆင္နယ္ပရိသတ္မ်ားဟာကိုယ့္အသင္းဂိုးသြင္းခံခဲ့ရေပမယ့္လည္းေအာင္ပြဲခံခဲ့ၾကပါတယ္။

အာဆင္နယ္ပရိသတ္မ်ားဟာနည္းျပအာတီတာအေပၚတြင္အႀကီးအက်ယ္စိတ္ပ်က္ကာယခုပြဲရလဒ္ေၾကာင့္အထုတ္ခံရေတာ့မွာျဖစ္လို႔ေပ်ာ္႐ႊင္ေနၾကတယ္လို႔ခန႔္မွန္းေနၾကပါတယ္။