မန်စီးတီးအပြောင်းအရွှေ့မအောင်မြင်မှုခဲ့မှုအတွက် အေးဂျင့်နှင့်အစ်ကိုကို ဟယ်ရီကိန်းကာကွယ်လာ

ဟယ်ရီကိန်းဟာနွေရာသီတုန်းကမန်ချက်စတာစီးတီးသို့ပေါင်သန်း၁၆၀ဖြင့်ပြောင်းရွှေ့ရေးမအောင်မြင်ခဲ့မှုအတွက်ဝေဖန်မှုများနှင့်ကြုံနေရတဲ့အေးဂျင့်နှင့်အစ်ကိုဖြစ်သူကိုကာကွယ်မှုပြုလုပ်လာပါတယ်။

အင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ရဲ့အစ်ကိုချားလ်ဟာ CK66 ကို ဦးစီးနေသူဖြစ်ပြီးညီဖြစ်သူရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်နေပါတယ်။သူဟာနွေရာသီတုန်းကပရီးမီးယားလိဂ်ချန်ပီယံဆီသို့ပြောင်းရန်လုပ်ဆောင်ခဲ့ပေမယ့်အောင်မြင်အောင်မလုပ်နိုင်ခဲ့ပါဘူး။

ဇူလိုင်လတုန်းကဟယ်ရီကိန်းဟာစပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းကအသင်းပြောင်းခွင့်ပေးလိုက်ပြီးနောက်အလွန်ပျော်ရွှင်နေခဲ့ပါတယ်။

အပြောင်းအရွှေ့ကိစ္စဆွေးနွေးရာမှာအဖုအထစ်ဖြစ်အောင်လုပ်လေ့ရှိတဲ့လီဗိုင်းဟာအသက်၂၈နှစ်ရှိဟယ်ရီကိန်းနှင့်အေးဂျင့်ဖြစ်တဲ့ချားလ်တို့ကိုအပြောင်းအရွှေ့လုပ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်းအသိပေးခဲ့ပါတယ်။

ဟယ်ရီကိန်းဟာပျော်ရွှင်လွန်းမှုကြောင့်အစ်ကိုချားလ်ရဲ့လက်ထပ်ပွဲတွင်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။ဟယ်ရီကိန်းဟာမန်စီးတီးသို့တစ်ပတ်လုပ်ခပေါင်၄သိန်းတန်ငါးနှစ်စာချုပ်ဖြင့်ပြောင်းဖို့သဘောတူညီမှုရခဲ့တယ်လို့ယုံကြည်ရပါတယ်။

ဒါပေမယ့်တကယ်တမ်းမှာတော့ဟယ်ရီကိန်းရဲ့မန်စီးတီးအပြောင်းအရွှေ့ကဖြစ်မြောက်လာခြင်းမရှိဘဲအပြောင်းအရွှေ့ဈေးကွက်ပိတ်သွားကာစပါးစ်တွင်ပင်ဆက်ကစားခဲ့ရပါတယ်။

ဟယ်ရီကိန်းက “မိသားစုနဲ့ပတ်သက်ပြီးရေးသားလာကြတာကတော့ရှိတာပါပဲ။ဒါမျိုးတွေကလက်ခံဖို့တော့နည်းနည်းခက်ခဲပါတယ်။အထူးသဖြင့်အပြုသဘောမဆောင်တာကိုရေးသားလာတဲ့အခါမျိုးမှာပေါ့။ဒါပေမယ့်မိသားစုဆိုတာဒီလိုအချိန်မျိုးတွေမှာအဖြေပေါ်ပါတယ်။ကျွန်တော်ကအစ်ကို၊မိသားစု၊ဇနီးနဲ့သူမမိသားစုတို့နဲ့အရမ်းနီးစပ်ပါတယ်။ကျွန်တော်ယုံကြည်ရတဲ့သူတွေနောက်အများကြီးရှိပါသေးတယ်။ကိုယ့်အကြောင်းပဲဖြစ်ဖြစ်၊ကိုယ်နဲ့နီးစပ်သူ သူငယ်ချင်း၊ကစားဖော်တွေကိုအပြုသဘောမဆောင်တာရေးလာတဲ့အခါမလွယ်ကူပါဘူး။နွေရာသီမှာကျွန်တော့်အေးဂျင့်အဖြစ်လုပ်နေတဲ့အစ်ကိုနဲ့ပတ်သက်ပြီးရေးသားတာတွေအများကြီးပါ။ဒါကြောင့်လည်းကျွန်တာ်တို့တွဲလက်ပိုတင်းကျပ်လာပါတယ်။ကျွန်တော့်အတွက်သူ အေးဂျင့်အဖြစ်ဘယ်လိုလုပ်ပေးတယ်ဆိုတာသိပါတယ်။အစ်ကိုတစ်ယောက်အနေနဲ့ဘာလုပ်ပေးတယ်ဆိုတာကိုလည်းသိပါတယ်။အဲဒီလိုကာလမျိုးမှာတစ်ယောက်နဲ့တစ်ယောက်ပိုပြီးတော့တွဲလက်ညီလာပါတယ်။ဒါကြောင့်လည်းဆက်တွဲကြပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi