မန်စီးတီးအသင်းကို နမူနာယူပြီး လုပ်ဆောင်ရန် နယူးကာဆယ်ပိုင်ရှင်များ စီစဉ်နေ

နယူးကာဆယ်ရဲ့ဆော်ဒီပိုင်ရှင်များဟာ မန်စီးတီးရဲ့အောင်မြင်တဲ့အသင်းပိုင်ရှင်စနစ်ကိုအတုခိုးလုပ်ဆောင်လိုနေပြီး ကမ္ဘာတလွှားဘောလုံးကလပ်များဝယ်ယူရန်စီစဉ်နေပါတယ်။

ဆော်ဒီပိုင်ရှင်သစ်များဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းကနယူးကာဆယ်ကို ယခင်ပိုင်ရှင်မိုက်ရှ်လေထံမှ ပေါင်သန်း၃၀၀ဖြင့်ဝယ်ယူခဲ့ပါတယ်။

ဆော်ဒီအစိုးရနောက်ကွယ်မှပါဝင်နေတဲ့ Public Investment Fund ဟာ နယူးကာဆယ်အသင်းရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိပိုင်ဆိုင်ပါတယ်။

၎င်းတို့ဟာမန်စီးတီးအသင်းပိုင်ရှင်ကဲ့သို့ပင် ကမ္ဘာတလွှားဘောလုံးကလပ်များကိုဝယ်ယူပြီးဘောလုံးအင်ပါယာတည်ထောင်ရန်စီစဉ်နေပါတယ်။

မန်စီးတီးရဲ့အဘူဒါဘီအုပ်စုဟာ မန်စီးတီးကိုဝယ်ယူပြီးနောက် ကမ္ဘာတလွှား စုစုပေါင်းကလပ်ဆယ်ခုပိုင်ဆိုင်ထားပါတယ်။

၎င်းတို့ဟာမဲလ်ဘုန်းစီးတီး(ဩစတြေးလျ)၊လွမ်မယ်အက်စ်ကေ(ဘယ်လ်ဂျီယံ)၊မွမ်ဘိုင်းအက်ဖ်စီ(အိန္ဒိယ)၊မွန်တီဗီဒီယိုစီးတီးတော်ကေး(ဥရုဂွေး)၊ထရိုယက်စ်(ပြင်သစ်)၊နယူးယောက်စီးတီး(အမေရိကန်)၊ဂီရိုနာ(စပိန်)၊စီချွန်းဂျန်နူ(တရုတ်)၊ယိုကိုဟားမားအက်ဖ်မာရီနို့စ်(ဂျပန်)တို့ကိုပိုင်ဆိုင်ပါတယ်။

ဒါပေမဲ့နယူးကာဆယ်ပိုင်ရှင်များဟာမန်စီးတီးပိုင်ရှင်များကဲ့သို့ ဘောလုံးတစ်ခုတည်းတွင်သာရင်းနှီးမြှပ်နှံမည်မဟုတ်ဘဲ အခြားအားကစားနည်းများတွင်လည်းရင်းနှီးမြှပ်နှံသွားမယ်လို့သိရပါတယ်။

Zawgyi

မန္စီးတီးအသင္းကို နမူနာယူၿပီး လုပ္ေဆာင္ရန္ နယူးကာဆယ္ပိုင္ရွင္မ်ား စီစဥ္ေန

နယူးကာဆယ္ရဲ႕ေဆာ္ဒီပိုင္ရွင္မ်ားဟာ မန္စီးတီးရဲ႕ေအာင္ျမင္တဲ့အသင္းပိုင္ရွင္စနစ္ကိုအတုခိုးလုပ္ေဆာင္လိုေနၿပီး ကမာၻတလႊားေဘာလုံးကလပ္မ်ားဝယ္ယူရန္စီစဥ္ေနပါတယ္။

ေဆာ္ဒီပိုင္ရွင္သစ္မ်ားဟာၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလတုန္းကနယူးကာဆယ္ကို ယခင္ပိုင္ရွင္မိုက္ရွ္ေလထံမွ ေပါင္သန္း၃၀၀ျဖင့္ဝယ္ယူခဲ့ပါတယ္။

ေဆာ္ဒီအစိုးရေနာက္ကြယ္မွပါဝင္ေနတဲ့ Public Investment Fund ဟာ နယူးကာဆယ္အသင္းရွယ္ယာ ၈၀ ရာခိုင္ႏႈန္းအထိပိုင္ဆိုင္ပါတယ္။

၎တို႔ဟာမန္စီးတီးအသင္းပိုင္ရွင္ကဲ့သို႔ပင္ ကမာၻတလႊားေဘာလုံးကလပ္မ်ားကိုဝယ္ယူၿပီးေဘာလုံးအင္ပါယာတည္ေထာင္ရန္စီစဥ္ေနပါတယ္။

မန္စီးတီးရဲ႕အဘူဒါဘီအုပ္စုဟာ မန္စီးတီးကိုဝယ္ယူၿပီးေနာက္ ကမာၻတလႊား စုစုေပါင္းကလပ္ဆယ္ခုပိုင္ဆိုင္ထားပါတယ္။

၎တို႔ဟာမဲလ္ဘုန္းစီးတီး(ဩစေၾတးလ်)၊လြမ္မယ္အက္စ္ေက(ဘယ္လ္ဂ်ီယံ)၊မြမ္ဘိုင္းအက္ဖ္စီ(အိႏၵိယ)၊မြန္တီဗီဒီယိုစီးတီးေတာ္ေကး(ဥ႐ုေဂြး)၊ထ႐ိုယက္စ္(ျပင္သစ္)၊နယူးေယာက္စီးတီး(အေမရိကန္)၊ဂီ႐ိုနာ(စပိန္)၊စီခြၽန္းဂ်န္ႏူ(တ႐ုတ္)၊ယိုကိုဟားမားအက္ဖ္မာရီႏို႔စ္(ဂ်ပန္)တို႔ကိုပိုင္ဆိုင္ပါတယ္။

ဒါေပမဲ့နယူးကာဆယ္ပိုင္ရွင္မ်ားဟာမန္စီးတီးပိုင္ရွင္မ်ားကဲ့သို႔ ေဘာလုံးတစ္ခုတည္းတြင္သာရင္းႏွီးျမႇပ္ႏွံမည္မဟုတ္ဘဲ အျခားအားကစားနည္းမ်ားတြင္လည္းရင္းႏွီးျမႇပ္ႏွံသြားမယ္လို႔သိရပါတယ္။