
မာဆေးဆိုက်ရဲတပ်ဖွဲ့ဝင်များဟာလီဗာပူးနှင့်ပွဲစဉ်ကစားပြီးအိမ်သို့ပြန်ချိန်တွင်မန်စီးတီးအသင်းဘတ်စ်မှန်ခွဲခံရမှုနှင့်ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပါတယ်။
မန်စီးတီးအသင်းကိုတင်ဆောင်လာတဲ့ဘတ်စ်ကားဟာတနင်္ဂနွေနေ့တုန်းကအန်ဖီးလ်တွင်လီဗာပူးကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးမှာမှန်ခွဲခံခဲ့ရတာလည်းဖြစ်ပါတယ်။
မာဆေးဆိုက်ရဲတပ်ဖွဲ့ဝင်များဟာအထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီးလိုအပ်တေဲ့ဗီဒီယိုဖိုင်များနှင့်လုံခြုံရေးဗီဒီယိုမှတ်တမ်းများကိုရယူနေပါတယ်။
ဒါ့အပြင်မန်စီးတီးနည်းပြဂွါဒီယိုလာကလည်းလီဗာပူးကိုရှုံးနိမ့်တဲ့ပွဲစဉ်တွင်လီဗာပူးပရိသတ်များရဲ့အကြွေစေ့ဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရကြောင်းစွပ်စွဲထားပါတယ်။
ကလော့ပ်မှာလည်းယင်းပွဲစဉ်တွင်စည်းကြပ်ဒိုင်ကိုဒေါသတကြီးပြောဆိုမှုအတွက်အနီကတ်ပြသခံခဲ့ရပြီးစွဲချက်တင်ခြင်းခံထားရပါတယ်။
ZawGyi
မန်စီးတီးအသင်းဘတ်စ်ကား မှန်ခွဲခံရမှုနဲ့ပတ်သက်ပြီး မာဆေးဆိုက်ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးနေ