
မန်ချက်စတာယူနိုက်တက်ရဲ့၂၀၁၇-၁၈ ပရီးမီးယားလိဂ်အသင်းသားတို့ဟာ မန်စီးတီးအသင်းဘဏ္ဍာရေးစည်းမျဉ်းတစ်ရာကျော်တို့ကိုချိုးဖောက်လာမှုနဲ့အတူပရီးမီးယားလိဂ်ဆုတံဆိပ်ရရှိရန်မျှော်လင့်နေကြပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ၂၀၁၇-၁၈ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပေမဲ့လည်းဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့်အမှတ်လျှော့ချခြင်းခံရပါကဟိုဆေးမော်ရင်ဟိုရဲ့ယူနိုက်တက်အသင်းကချန်ပီယံဖြစ်လာပါမယ်။
ဂွါဒီယိုလာရဲ့မန်စီးတီးဟာ၂၀၁၇-၁၈၅ရာသီတုန်းကမော်ရင်ဟိုရဲ့ယူနိုက်တက်ကိုရမှတ်၁၉မှတ်အထိဖြတ်ကာပရီးမီးယားလိဂ်သမိုင်းတွင်ရမှတ်တစ်ရာအထိရရှိနိုင်တဲ့ပထမအသင်းအဖြစ်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့တကယ်လို့များမန်စီးတီးသာဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့်ချန်ပီယံဘွဲ့လွဲပြောင်းခံရခြင်း၊ရမှတ်လျှော့ချခံရခြင်း၊အပြောင်းအရွှေ့ပိတ်ပင်ခြင်းခံရခြင်းတို့ကြုံလာရပါကယူနိုက်တက်မှာ၂၀၁၂-၁၃ရာသီနောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားအဖြစ်၂၁ကြိမ်မြောက်ပရီးမီးယားလိဂ်ဖလားရယူလာရပါမယ်။
ZawGyi
မန်စီးတီးအသင်း FFP စည်းမျဉ်းချိုးဖောက်မှုကြောင့် ပရီးမီးယားလိဂ်ဆုတံဆိပ်ရရှိရန် မျှော်လင့်နေကြတဲ့ ယူနိုက်တက်စတားများ