မန်စီးတီးအား ကိုယ်တိုင်ကမ်းလှမ်းမှုပြုလုပ်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ ပေါင် ၂၆ သန်းဖြင့်ခေါ်ယူနိုင်မည်

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အေးဂျင့်ဟာသူ့ကစားသမားကိုခေါ်ယူလိုမှုရှိ/မရှိမန်စီးတီးအသင်းအားကမ်းလှမ်းပြုလုပ်လာကြောင်းသိရပါတယ်။

ဂျူဗင်တပ်ဟာအသင်းရဲ့အသုံးစရိတ်လျှော့ချလိုမှုကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လမ်းခွဲလိုလျက်ရှိနေပြီးတစ်နှစ်စာချုပ်သာကျန်တော့သောပေါ်တူဂီစူပါစတားကိုပေါင်၂၆သန်းတည်းဖြင့်ရောင်းချရန်အသင့်ရှိနေပါတယ်။

အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာ၂၀၂၁-၂၂ဘောလုံးရာသီတုန်းကစကူဒက်တိုဖလားနှင့်ဝေးခဲ့ရတဲ့အပြင်ချန်ပီယံလိဂ်မှစောစောစီးစီးထွက်ရမှုကြောင့်အသင်းပြောင်းလိုနေပါတယ်။

ယခုအခါစူပါအေးဂျင့်ဂျော့မန်ဒက်စ်ဟာယခုနွေရာသီတွင်တိုက်စစ်မှူးသစ်ခေါ်ယူရန်ကြိုးပမ်းနေတဲ့မန်စီးတီးအားခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူလိုခြင်းရှိ/မရှိဆက်သွယ်လာခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးဟာစပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုခေါ်ယူလိုနေပေမယ့်လည်းစပါးစ်ဥက္ကဌလီဗိုင်းကပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀အထိတောင်းဆိုနေမှုကြောင့်ခေါ်ယူရန်အခက်တွေ့နေပါတယ်။

တစ်ဖက်တွင်ရော်နယ်ဒိုရဲ့လက်ရှိအနေအထားများကြောင့်အသင်းဟောင်းများဖြစ်ကြတဲ့ရီးရဲလ်မက်ဒရစ်နှင့်မန်ယူတို့ကလည်းခေါ်ယူရေးဆက်သွယ်မှုများပြုလုပ်လာနိုင်ပါတယ်။

ZawGyi

မန္စီးတီးအား ကိုယ္တိုင္ကမ္းလွမ္းမႈျပဳလုပ္လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို၊ ေပါင္ ၂၆ သန္းျဖင့္ေခၚယူႏိုင္မည္

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ဟာသူ႔ကစားသမားကိုေခၚယူလိုမႈရွိ/မရွိမန္စီးတီးအသင္းအားကမ္းလွမ္းျပဳလုပ္လာေၾကာင္းသိရပါတယ္။

ဂ်ဴဗင္တပ္ဟာအသင္းရဲ႕အသုံးစရိတ္ေလွ်ာ့ခ်လိုမႈေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လမ္းခြဲလိုလ်က္ရွိေနၿပီးတစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့ေသာေပၚတူဂီစူပါစတားကိုေပါင္၂၆သန္းတည္းျဖင့္ေရာင္းခ်ရန္အသင့္ရွိေနပါတယ္။

အသက္၃၆ႏွစ္ရွိေရာ္နယ္ဒိုဟာ၂၀၂၁-၂၂ေဘာလုံးရာသီတုန္းကစကူဒက္တိုဖလားႏွင့္ေဝးခဲ့ရတဲ့အျပင္ခ်န္ပီယံလိဂ္မွေစာေစာစီးစီးထြက္ရမႈေၾကာင့္အသင္းေျပာင္းလိုေနပါတယ္။

ယခုအခါစူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ဟာယခုေႏြရာသီတြင္တိုက္စစ္မႉးသစ္ေခၚယူရန္ႀကိဳးပမ္းေနတဲ့မန္စီးတီးအားခရစၥတီယာႏိုေရာ္နယ္ဒိုအားေခၚယူလိုျခင္းရွိ/မရွိဆက္သြယ္လာခဲ့ၿပီျဖစ္ပါတယ္။

မန္စီးတီးဟာစပါးစ္ႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကိုေခၚယူလိုေနေပမယ့္လည္းစပါးစ္ဥကၠဌလီဗိုင္းကေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀အထိေတာင္းဆိုေနမႈေၾကာင့္ေခၚယူရန္အခက္ေတြ႕ေနပါတယ္။

တစ္ဖက္တြင္ေရာ္နယ္ဒိုရဲ႕လက္ရွိအေနအထားမ်ားေၾကာင့္အသင္းေဟာင္းမ်ားျဖစ္ၾကတဲ့ရီးရဲလ္မက္ဒရစ္ႏွင့္မန္ယူတို႔ကလည္းေခၚယူေရးဆက္သြယ္မႈမ်ားျပဳလုပ္လာႏိုင္ပါတယ္။