မန်စီးတီးအား အနိုင်ရတဲ့ ပွဲအပြီးမှာ “ပွဲကို ကြည့်နေလား ဟယ်ရီကိန်း”ဆိုပြီး စပါးစ်ပရိသတ်များမေးခွန်းထုတ်လာ

စပါးစ်ပရိသတ်များဟာတနင်္ဂနွေနေ့ကမန်စီးတီးအသင်းကို၁-၀ဂိုးဖြင့်အနိုင်ရယူပြီးတဲ့နောက် “ပွဲကို ကြည့်နေလား ဟယ်ရီကိန်း”ဆိုပြီးမေးခွန်းထုတ်လာကြပါတယ်။

အသက်၂၈နှစ်ရှိဟယ်ရီကိန်းဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မန်စီးတီးသို့ပြောင်းရွှေ့လိုနေသူလည်းဖြစ်ပါတယ်။

သူဟာစပါးစ်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်နောက်ကျမှပူးပေါင်းမှုနဲ့အတူပွဲကစားရန်ကြံ့ခိုင်မှုမပြည့်ဝခြင်းကြောင့်မန်စီးတီးနှင့်ပွဲတွင်မပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

မန်စီးတီးဟာဟယ်ရီကိန်းကိုပေါင်၁၂၇သန်းဖြင့်ခေါ်ယူရန်ကြိုးပမ်းနေပြီးအပြောင်းအရွှေ့မှာယခုအပတ်အတွင်းတွင်ဖြစ်ပေါ်လာဖို့ရှိနေပါတယ်။ဒါပေမယ့်စပါးစ်ပရိသတ်များကတော့သူတို့ရဲ့အသင်းခေါင်းဆောင်ကိုလက်လွှတ်ဆုံးရှုံးလိုခြင်းမရှိပါဘူး။

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုကာကွယ်ဖို့ထိပ်ဆုံးမှရေပန်းစားနေတဲ့မန်စီးတီးဟာမနေ့ညတုန်းကစပါးစ်နှင့်ပွဲစဉ်မှာတော့ဆန်ဟောင်မင်ရဲ့တစ်လုံးတည်းသောဂိုးဖြင့်ရှုံးပွဲကြုံတွေ့သွားခဲ့ပါတယ်။

ဒါကြောင့်လည်းစပါးစ်ပရိသတ်များကမန်စီးတီးမှာယခုနွေရာသီတွင်ဂျက်ဂရဲလ်လစ်ရှ်အားပေါင်သန်း၁၀၀ဖြင့်ခေါ်ယူကာအားဖြည့်မှုပြုလုပ်ထားသော်လည်းဟယ်ရီကိန်းအတွက်ပြောင်းရွှေ့သင့်တဲ့နေရာမဟုတ်ဘူးလို့ယုံကြည်နေပါတယ်။ဂျက်ဂရဲလ်လစ်ရှ်ဟာစပါးစ်နှင့်ပွဲတွင်မန်စီးတီးအတွက်ပထမဆုံးအကြိမ်ပွဲထွက်ကစားခဲ့ပြီးခြေစွမ်းပြနိုင်ရန်ရုန်းကန်ခဲ့ရပါတယ်။

ပရိသတ်တစ်ဦးက “စပါးစ်ဟာဒီရလဒ်နဲ့အတူဟယ်ရီကိန်းရဲ့ဈေးနှုန်းကိုမြှင့်လိုက်ပါပြီ”လို့ရေးသားခဲ့ပါတယ်။

အခြားပရိသတ်တစ်ဦးကလည်း လေယာဉ်တစ်စီးပြန်လည့်သွားတဲ့ဓာတ်ပုံကိုတင်ကာ မန်စီးတီးရဲ့ရလဒ်ကြောင့်စပါးစ်တွင်ပြန်ကစားရန်ဟယ်ရီကိန်းဆုံးဖြတ်လိုက်တဲ့အဓိပ္ပါယ်မျိုးဖြင့်တင်ခဲ့ပါတယ်။

ZawGyi

မန္စီးတီးအား အႏိုင္ရတဲ့ ပြဲအၿပီးမွာ “ပြဲကို ၾကည့္ေနလား ဟယ္ရီကိန္း”ဆိုၿပီး စပါးစ္ပရိသတ္မ်ားေမးခြန္းထုတ္လာ

စပါးစ္ပရိသတ္မ်ားဟာတနဂၤေႏြေန႔ကမန္စီးတီးအသင္းကို၁-၀ဂိုးျဖင့္အႏိုင္ရယူၿပီးတဲ့ေနာက္ “ပြဲကို ၾကည့္ေနလား ဟယ္ရီကိန္း”ဆိုၿပီးေမးခြန္းထုတ္လာၾကပါတယ္။

အသက္၂၈ႏွစ္ရွိဟယ္ရီကိန္းဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မန္စီးတီးသို႔ေျပာင္းေ႐ႊ႕လိုေနသူလည္းျဖစ္ပါတယ္။

သူဟာစပါးစ္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ေနာက္က်မွပူးေပါင္းမႈနဲ႔အတူပြဲကစားရန္ႀကံ့ခိုင္မႈမျပည့္ဝျခင္းေၾကာင့္မန္စီးတီးႏွင့္ပြဲတြင္မပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။

မန္စီးတီးဟာဟယ္ရီကိန္းကိုေပါင္၁၂၇သန္းျဖင့္ေခၚယူရန္ႀကိဳးပမ္းေနၿပီးအေျပာင္းအေ႐ႊ႕မွာယခုအပတ္အတြင္းတြင္ျဖစ္ေပၚလာဖို႔ရွိေနပါတယ္။ဒါေပမယ့္စပါးစ္ပရိသတ္မ်ားကေတာ့သူတို႔ရဲ႕အသင္းေခါင္းေဆာင္ကိုလက္လႊတ္ဆုံးရႈံးလိုျခင္းမရွိပါဘူး။

ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုကာကြယ္ဖို႔ထိပ္ဆုံးမွေရပန္းစားေနတဲ့မန္စီးတီးဟာမေန႔ညတုန္းကစပါးစ္ႏွင့္ပြဲစဥ္မွာေတာ့ဆန္ေဟာင္မင္ရဲ႕တစ္လုံးတည္းေသာဂိုးျဖင့္ရႈံးပြဲႀကဳံေတြ႕သြားခဲ့ပါတယ္။

ဒါေၾကာင့္လည္းစပါးစ္ပရိသတ္မ်ားကမန္စီးတီးမွာယခုေႏြရာသီတြင္ဂ်က္ဂရဲလ္လစ္ရွ္အားေပါင္သန္း၁၀၀ျဖင့္ေခၚယူကာအားျဖည့္မႈျပဳလုပ္ထားေသာ္လည္းဟယ္ရီကိန္းအတြက္ေျပာင္းေ႐ႊ႕သင့္တဲ့ေနရာမဟုတ္ဘူးလို႔ယုံၾကည္ေနပါတယ္။ဂ်က္ဂရဲလ္လစ္ရွ္ဟာစပါးစ္ႏွင့္ပြဲတြင္မန္စီးတီးအတြက္ပထမဆုံးအႀကိမ္ပြဲထြက္ကစားခဲ့ၿပီးေျခစြမ္းျပႏိုင္ရန္႐ုန္းကန္ခဲ့ရပါတယ္။

ပရိသတ္တစ္ဦးက “စပါးစ္ဟာဒီရလဒ္နဲ႔အတူဟယ္ရီကိန္းရဲ႕ေဈးႏႈန္းကိုျမႇင့္လိုက္ပါၿပီ”လို႔ေရးသားခဲ့ပါတယ္။

အျခားပရိသတ္တစ္ဦးကလည္း ေလယာဥ္တစ္စီးျပန္လည့္သြားတဲ့ဓာတ္ပုံကိုတင္ကာ မန္စီးတီးရဲ႕ရလဒ္ေၾကာင့္စပါးစ္တြင္ျပန္ကစားရန္ဟယ္ရီကိန္းဆုံးျဖတ္လိုက္တဲ့အဓိပၸါယ္မ်ိဳးျဖင့္တင္ခဲ့ပါတယ္။