မန်စီးတီး-ချဲလ်ဆီးပွဲအား သတ်မှတ်ထားသည့်အတိုင်း တနင်္ဂနွေနေ့တွင် ကစားသွားမည်

မန်စီးတီးအသင်းအား နောက်ဆုံးအသုတ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် အားလုံးနက်ဂတစ်ဖြစ်မှုနဲ့အ တူတနင်္ဂနွေနေ့ချဲလ်ဆီးနှင့်ပွဲစဉ်အားအစောပိုင်းတုန်းကစီစဉ်ထားသကဲ့သို့ကစားသွားတော့မှာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းတွင်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုဖြစ်နေပြီးတနင်္ဂနွေနေ့တုန်းကအဲဗာတန်နှင့်ပွဲစဉ်ကိုရွှေ့ဆိုင်းခဲ့ရပါတယ်။

မန်စီးတီးအသင်းတွင်ကိုင်လီယန်ဝေါလ်ကား၊ဂျီးဆပ်စ်နှင့်ဝန်ထမ်းနှစ်ဦးတို့ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရပြီး နောက်အဲဗာတန်နှင့်ပွဲကိုရွှေ့ဆိုင်းလိုက်ခြင်းလည်းဖြစ်ပါတယ်။

မန်စီးတီးဟာအင်္ဂါနေ့တုန်းကကိုဗစ်စစ်ဆေးမှုပြုလုပ်ရာတွင်ကျန်အသင်းသူအသင်းသားတို့မှာနက်ဂတစ်ဖြစ်နေမှုနဲ့ အတူပိတ်ထားရတဲ့လေ့ကျင့်ရေးကွင်းကိုလည်းပြန်ဖွင့်ခဲ့ကာလေ့ကျင့်ခန်းပြန်ဆင်းမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်မန်စီးတီးဟာကိုဗစ်နဲ့ပတ်သက်ပြီးပိုမိုစိတ်ချရမှုရှိစေရန်အတွက်ယနေ့နှင့်စနေနေ့တို့တွင်လည်းကိုဗစ်စစ် ဆေးမှုထပ်မံပြုလုပ်သွားပါမယ်။

မန်စီးတီးဟာလာမယ့်ချဲလ်ဆီးနှင့်ပွဲစဉ်အပြီးမှမြို့ခံပြိုင်ဘက်မန်ယူနှင့်ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲကစားရပါမယ်။

ZawGyi






