မန်စီးတီး Kit Man ကို ကားသစ်ပေးကာ ကျေးဇူးတုံ့ပြန်ခဲ့တဲ့ ဆာဂျီယိုအဂူရို

ဆာဂျီယိုအဂူရိုဟာသူ့ရဲ့မန်စီးတီးလေ့ကျင့်ရေးကွင်းသို့နောက်ဆုံးရောက်တဲ့နေ့မှာသူ့ကားသစ်အားမန်စီးတီးအသင်းအဝတ်အစားတာဝန်ခံအားကျေးဇူးတင်တဲ့အနေဖြင့်ပေးပစ်ခဲ့ကြောင်းသိရပါတယ်။

အဂူရိုဟာမန်စီးတီးတွင်၁၀နှစ်ကြာကစားပြီးနောက်ဘာစီလိုနာသို့၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့သူလည်းဖြစ်ပါတယ်။

သူဟာမန်စီးတီးတွင်ကစားစဉ်အတွင်းသူ့အတွက်အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ကြတဲ့မန်စီးတီးဝန်ထမ်း၆၀ဦးတို့အားအဖိုးတန်နာရီတစ်လုံးစီလက်ဆောင်ပေးခဲ့တဲ့အပြင် Range Rover Evoque ကိုလည်းမဲဖောက်ကာကျေးဇူးတုံ့ပြန်ခဲ့ပါသေးတယ်။

ဒါတင်မကသေးပါဘူး။အာဂျင်တီးနားတိုက်စစ်မှူးဟာသူ့ရဲ့ကားသော့ကိုလည်းမန်စီးတီးနောက်ဆုံးနေ့တွင်မန်စီးတီးအသင်းအဝတ်အစားတာဝန်ခံအားပေးခဲ့ပါသေးတယ်။

အဂူရိုဟာမန်စီးတီးတွင်ကစားတဲ့၁၀ရာသီအတွင်းတွင်ဂိုး၂၆၀သွင်းယူကာကလပ်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူဖြစ်ရပ်တည်ထားနိုင်သူဖြစ်ပါတယ်။

သူဟာမန်စီးတီးနှင့်အတူပရီးမီးယားလိဂ်ဖလား၅ကြိမ်၊အက်ဖ်အေဖလား၁ကြိမ်၊လိဂ်ဖလား၆ကြိမ်တို့ဆွတ်ခူးခဲ့ပါတယ်။

ZawGyi

မန္စီးတီး Kit Man ကို ကားသစ္ေပးကာ ေက်းဇူးတုံ႔ျပန္ခဲ့တဲ့ ဆာဂ်ီယိုအဂူ႐ို

ဆာဂ်ီယိုအဂူ႐ိုဟာသူ႔ရဲ႕မန္စီးတီးေလ့က်င့္ေရးကြင္းသို႔ေနာက္ဆုံးေရာက္တဲ့ေန႔မွာသူ႔ကားသစ္အားမန္စီးတီးအသင္းအဝတ္အစားတာဝန္ခံအားေက်းဇူးတင္တဲ့အေနျဖင့္ေပးပစ္ခဲ့ေၾကာင္းသိရပါတယ္။

အဂူ႐ိုဟာမန္စီးတီးတြင္၁၀ႏွစ္ၾကာကစားၿပီးေနာက္ဘာစီလိုနာသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့သူလည္းျဖစ္ပါတယ္။

သူဟာမန္စီးတီးတြင္ကစားစဥ္အတြင္းသူ႔အတြက္အေကာင္းဆုံးလုပ္ေဆာင္ေပးခဲ့ၾကတဲ့မန္စီးတီးဝန္ထမ္း၆၀ဦးတို႔အားအဖိုးတန္နာရီတစ္လုံးစီလက္ေဆာင္ေပးခဲ့တဲ့အျပင္ Range Rover Evoque ကိုလည္းမဲေဖာက္ကာေက်းဇူးတုံ႔ျပန္ခဲ့ပါေသးတယ္။

ဒါတင္မကေသးပါဘူး။အာဂ်င္တီးနားတိုက္စစ္မႉးဟာသူ႔ရဲ႕ကားေသာ့ကိုလည္းမန္စီးတီးေနာက္ဆုံးေန႔တြင္မန္စီးတီးအသင္းအဝတ္အစားတာဝန္ခံအားေပးခဲ့ပါေသးတယ္။

အဂူ႐ိုဟာမန္စီးတီးတြင္ကစားတဲ့၁၀ရာသီအတြင္းတြင္ဂိုး၂၆၀သြင္းယူကာကလပ္သမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူသူျဖစ္ရပ္တည္ထားႏိုင္သူျဖစ္ပါတယ္။

သူဟာမန္စီးတီးႏွင့္အတူပရီးမီးယားလိဂ္ဖလား၅ႀကိမ္၊အက္ဖ္ေအဖလား၁ႀကိမ္၊လိဂ္ဖလား၆ႀကိမ္တို႔ဆြတ္ခူးခဲ့ပါတယ္။