မန်ယူကစားသမားများမှာ လက်ခံနိုင်စရာမရှိလောက်အောင် ပျင်းရိကြောင်း ဂန္ထဝင်တိုက်စစ်မှူးရွန်းနီဝေဖန်

ဝိန်းရွန်းနီဟာမန်ယူကစားသမားများမှာလက်ခံနိုင်စရာမရှိအောင်ပျင်းရိကြောင်း စွပ်စွဲကာအပြင်းအထန်ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။မန်ယူဂန္ထဝင်တိုက်စစ်မှူးကမန်ယူကစားသမားများဟာလီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်းနာကျင်ဟန်မပြသကြတဲ့အပြင်ကွင်းအတွင်းတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝမလုပ်ခဲ့ကြကြောင်းဆိုသွားပါတယ်။

ဒါဘီကောင်တီနည်းပြက “ယူနိုက်တက်ကစားသမားတွေအနေနဲ့ကိုယ့်ကိုယ်ကိုကြည့်ပြီးမေးခွန်းထုတ်သင့်ပါတယ်။ဒီကစားသမားတွေကသူတို့အလုပ်အတွက်ငွေတွေအများကြီးရနေတာဆိုတော့နည်းပြအဖြစ်အားလုံးစုစုစည်းစည်းဖြစ်အောင်လုပ်ဖို့လွယ်ပါတယ်။ဒါပေမယ့်သူတို့ဟာလုံလောက်တဲ့ကောင်းမွန်မှုမရှိဘူးလို့ထင်ပါတယ်။ဒီလိုကလပ်မှာတောင်းဆိုမှုမြင့်သလိုဖိအားလည်းမြင့်မားပါတယ်။ကစားသမားတော်တော်များများ အောက်ဆင်းပြီးခံစစ်ကူတာမလုပ်ကြပါဘူး။ကလပ်အတွက်အစွမ်းကုန်ကြိုးစားအားထုတ်ခြင်းမရှိပါဘူး။ဒါကတော့လုံးဝလက်မခံနိုင်စရာပါ။ဒီကစားသမားတွေအနေနဲ့ တာဝန်ယူမှုကြီးမားပါတယ်။သူတို့ကကမ္ဘာ့အဆင့်နိုင်ငံတကာကစားသမားတွေပါ။ရှုံးပွဲကြုံတဲ့အခါကစားသမားတွေအနေနဲ့နာကျင်ရမယ်။ခံစားတတ်ရပါမယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဟာစနေနေ့မှာစပါးစ်အသင်းကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။ဆိုးလ်ရှားဟာလီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပေမယ့်ရာထူးမှထုတ်ပယ်ခြင်းမခံခဲ့ရပါဘူး။ဒါပေမယ့်သူဟာစပါးစ်နှင့်ပွဲမှာရှုံးနိမ့်မယ်ဆိုရင်ရာထူးကထုတ်ပယ်ခြင်းခံလာရနိုင်ပါတယ်။

ဒါ့အပြင်မန်ယူအတွက်၂၅၃ဂိုးသွင်းခဲ့တဲ့ဝိန်းရွန်းနီကဘုတ်အဖွဲ့ကနည်းပြကိုချက်ချင်းထုတ်ပယ်ပါကလုပ်ဆောင်ရန်အတွက်အစီအစဉ်လုပ်ဆောင်ထားရမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ZawGyi

မန္ယူကစားသမားမ်ားမွာ လက္ခံႏိုင္စရာမရွိေလာက္ေအာင္ ပ်င္းရိေၾကာင္း ဂႏၴဝင္တိုက္စစ္မႉး႐ြန္းနီေဝဖန္

ဝိန္း႐ြန္းနီဟာမန္ယူကစားသမားမ်ားမွာလက္ခံႏိုင္စရာမရွိေအာင္ပ်င္းရိေၾကာင္း စြပ္စြဲကာအျပင္းအထန္ေဝဖန္တိုက္ခိုက္လိုက္ပါတယ္။မန္ယူဂႏၴဝင္တိုက္စစ္မႉးကမန္ယူကစားသမားမ်ားဟာလီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ေသာ္လည္းနာက်င္ဟန္မျပသၾကတဲ့အျပင္ကြင္းအတြင္းတာဝန္ယူမႈတာဝန္ခံမႈအျပည့္အဝမလုပ္ခဲ့ၾကေၾကာင္းဆိုသြားပါတယ္။

ဒါဘီေကာင္တီနည္းျပက “ယူႏိုက္တက္ကစားသမားေတြအေနနဲ႔ကိုယ့္ကိုယ္ကိုၾကည့္ၿပီးေမးခြန္းထုတ္သင့္ပါတယ္။ဒီကစားသမားေတြကသူတို႔အလုပ္အတြက္ေငြေတြအမ်ားႀကီးရေနတာဆိုေတာ့နည္းျပအျဖစ္အားလုံးစုစုစည္းစည္းျဖစ္ေအာင္လုပ္ဖို႔လြယ္ပါတယ္။ဒါေပမယ့္သူတို႔ဟာလုံေလာက္တဲ့ေကာင္းမြန္မႈမရွိဘူးလို႔ထင္ပါတယ္။ဒီလိုကလပ္မွာေတာင္းဆိုမႈျမင့္သလိုဖိအားလည္းျမင့္မားပါတယ္။ကစားသမားေတာ္ေတာ္မ်ားမ်ား ေအာက္ဆင္းၿပီးခံစစ္ကူတာမလုပ္ၾကပါဘူး။ကလပ္အတြက္အစြမ္းကုန္ႀကိဳးစားအားထုတ္ျခင္းမရွိပါဘူး။ဒါကေတာ့လုံးဝလက္မခံႏိုင္စရာပါ။ဒီကစားသမားေတြအေနနဲ႔ တာဝန္ယူမႈႀကီးမားပါတယ္။သူတို႔ကကမာၻ႔အဆင့္ႏိုင္ငံတကာကစားသမားေတြပါ။ရႈံးပြဲႀကဳံတဲ့အခါကစားသမားေတြအေနနဲ႔နာက်င္ရမယ္။ခံစားတတ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာစေနေန႔မွာစပါးစ္အသင္းကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။ဆိုးလ္ရွားဟာလီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ေပမယ့္ရာထူးမွထုတ္ပယ္ျခင္းမခံခဲ့ရပါဘူး။ဒါေပမယ့္သူဟာစပါးစ္ႏွင့္ပြဲမွာရႈံးနိမ့္မယ္ဆိုရင္ရာထူးကထုတ္ပယ္ျခင္းခံလာရႏိုင္ပါတယ္။

ဒါ့အျပင္မန္ယူအတြက္၂၅၃ဂိုးသြင္းခဲ့တဲ့ဝိန္း႐ြန္းနီကဘုတ္အဖြဲ႕ကနည္းျပကိုခ်က္ခ်င္းထုတ္ပယ္ပါကလုပ္ေဆာင္ရန္အတြက္အစီအစဥ္လုပ္ေဆာင္ထားရမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။