မန်ယူကစားသမားများ လွှမ်းမိုးထားတဲ့ ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရကစားသမားစာရင်း

ယခုရာသီပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးကစားသမားများစာရင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရကစားသမားစာရင်းရဲ့ထိပ်ဆုံး၁၀ဦးစာရင်းကိုမန်ယူအသင်းမှကစားသမားများကလွှမ်းမိုးထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာပရီးမီးယားလိဂ်အသင်းများရဲ့လုပ်ခအသုံးစရိတ်ကတဖြည်းဖြည်းမြင့်တက်လာလျက်ရှိနေပါတယ်။

တစ်ချိန်တုန်းကပရီးမီးယားလိဂ်တွင်တစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀သိန်းရရှိမှုကအလွန်မြင့်မားကာလူတိုင်းအတွက်အံ့ဩစရာဖြစ်ပေမယ့်ယနေ့ခေတ်အချိန်အခါမှာတော့ တစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀ရရှိသူကပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရကစားသမား၁၀ဦးစာရင်းမှာတောင် မပါဝင်တော့ပါဘူး။

Spotrac ရဲ့စာရင်းပြုစုမှုအရပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရကစားသမားအဖြစ် ယခုနွေတွင်အိုးထရက်ဖို့ဒ်သို့ တစ်ကျော့ပြန်ရောက်လာတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကတစ်ပတ်လုပ်ခပေါင်၅၁၀၀၀၀ဖြင့်လုပ်ခအများဆုံးရကစားသမားအဖြစ်အံ့ဩစရာမရှိ ရပ်တည်နေပါတယ်။

ဒုတိယနေရာတွင်မန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းကပေါင်၄သိန်းဖြင့်ရပ်တည်နေပြီးခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပေါင်၁၁၀၀၀၀အထိကွာဟပါတယ်။တတိယနေရာမှာမန်ယူဂိုးသမားဒီဂီယာကပေါင်၃၇၅၀၀၀ဖြင့်လည်းကောင်း၊စတုတ္ထနေရာတွင်ဆန်ချိုကပေါင်၃၅၀၀၀၀ဖြင့်လည်းကောင်း၊ပဥ္စမနေရာတွင်ဗာရိန်းကပေါင်၃၄၀၀၀၀ဖြင့်လည်းကောင်းရပ်တည်နေပါတယ်။

အဆင့်၆နေရာမှာလူကာကူကပေါင်၃၂၅၀၀၀၊အဆင့်၇နေရာမှာဂျက်ဂရဲလ်လစ်ရှ်ကပေါင်၃၀၀၀၀၀၊အဆင့်၈နေရာမှာစတာလင်းကပေါင်၃၀၀၀၀၀၊အဆင့်၉နေရာမှာအန်ဂိုလိုကန်တီကပေါင်၂၉၀၀၀၀နှင့်အဆင့်၁၀နေရာမှာပေါ့ဘာကပေါင်၂၉၀၀၀၀ဖြင့်အသီးသီးရပ်တည်နေပါတယ်။

အဆင့်၁၁မှအဆင့်၂၀အတွင်းတွင် တီမိုဝါနာ(ပေါင်၂၇၀၀၀၀)၊အူဘာမီယန်(ပေါင်၂၅၀၀၀၀)၊ဂျွန်စတုန်း(ပေါင်၂၅၀၀၀၀)၊အက်ဒီဆင်ကာဗာနီ(ပေါင်၂၅၀၀၀၀)၊အန်တိုနီမာရှယ်(ပေါင်၂၅၀၀၀၀)၊ဗန်ဒိုက်(ပေါင်၂၂၀၀၀၀)၊ပါတေး(ပေါင်၂၀၀၀၀၀)၊ဆာလက်(ပေါင်၂၀၀၀၀၀)၊အယ်ကန်တာရာ(ပေါင်၂၀၀၀၀၀)၊ရပ်ရှ်ဖို့ဒ်(ပေါင်၂၀၀၀၀၀)၊ဟယ်ရီကိန်းပေါင်၂၀၀၀၀၀)၊အန်ဒွမ်ဘီလီ(ပေါင်၂၀၀၀၀၀)၊ဆောနီဂွက်ဇ်(ပေါင်၁၉၈၂၆၉)၊ဘင်ချဲလ်ဝဲလ်(ပေါင်၁၉၀၀၀၀)၊မက်ဂွိုင်းယား(ပေါင်၁၈၉၉၀၄)၊လာကာဇက်တီ(ပေါင်၁၈၂၀၆၃)၊အလက်ဇန္ဒားအာနိုး(ပေါင်၁၈၀၀၀၀)နှင့်ဖာမီနို(ပေါင်၁၈၀၀၀၀)တို့ရပ်တည်နေပါတယ်။

လီဗာပူးစတားမိုဟာမက်ဆာလက်ဟာလက်ရှိအချိန်တွင်တစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀သာရရှိတာတွေ့ရပြီးထိပ်တန်းကစားသမားများထဲမှာလုပ်ခအနည်းဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။သူဟာလီဗာပူးနှင့်တစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀)တန်စာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးနေပြီးအကယ်၍စာချုပ်ချုပ်ဆိုဖြစ်ပါကလုပ်ခအများဆုံးကစားသမား၁၀ဦးစာရင်းမှာပါဝင်လာပါမယ်။

ZawGyi

မန္ယူကစားသမားမ်ား လႊမ္းမိုးထားတဲ့ ပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးရကစားသမားစာရင္း

ယခုရာသီပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးကစားသမားမ်ားစာရင္းထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးရကစားသမားစာရင္းရဲ႕ထိပ္ဆုံး၁၀ဦးစာရင္းကိုမန္ယူအသင္းမွကစားသမားမ်ားကလႊမ္းမိုးထားတာေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္းမွာပရီးမီးယားလိဂ္အသင္းမ်ားရဲ႕လုပ္ခအသုံးစရိတ္ကတျဖည္းျဖည္းျမင့္တက္လာလ်က္ရွိေနပါတယ္။

တစ္ခ်ိန္တုန္းကပရီးမီးယားလိဂ္တြင္တစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀သိန္းရရွိမႈကအလြန္ျမင့္မားကာလူတိုင္းအတြက္အံ့ဩစရာျဖစ္ေပမယ့္ယေန႔ေခတ္အခ်ိန္အခါမွာေတာ့ တစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀ရရွိသူကပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးရကစားသမား၁၀ဦးစာရင္းမွာေတာင္ မပါဝင္ေတာ့ပါဘူး။

Spotrac ရဲ႕စာရင္းျပဳစုမႈအရပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးရကစားသမားအျဖစ္ ယခုေႏြတြင္အိုးထရက္ဖို႔ဒ္သို႔ တစ္ေက်ာ့ျပန္ေရာက္လာတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကတစ္ပတ္လုပ္ခေပါင္၅၁၀၀၀၀ျဖင့္လုပ္ခအမ်ားဆုံးရကစားသမားအျဖစ္အံ့ဩစရာမရွိ ရပ္တည္ေနပါတယ္။

ဒုတိယေနရာတြင္မန္စီးတီးကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းကေပါင္၄သိန္းျဖင့္ရပ္တည္ေနၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ေပါင္၁၁၀၀၀၀အထိကြာဟပါတယ္။တတိယေနရာမွာမန္ယူဂိုးသမားဒီဂီယာကေပါင္၃၇၅၀၀၀ျဖင့္လည္းေကာင္း၊စတုတၳေနရာတြင္ဆန္ခ်ိဳကေပါင္၃၅၀၀၀၀ျဖင့္လည္းေကာင္း၊ပၪၥမေနရာတြင္ဗာရိန္းကေပါင္၃၄၀၀၀၀ျဖင့္လည္းေကာင္းရပ္တည္ေနပါတယ္။

အဆင့္၆ေနရာမွာလူကာကူကေပါင္၃၂၅၀၀၀၊အဆင့္၇ေနရာမွာဂ်က္ဂရဲလ္လစ္ရွ္ကေပါင္၃၀၀၀၀၀၊အဆင့္၈ေနရာမွာစတာလင္းကေပါင္၃၀၀၀၀၀၊အဆင့္၉ေနရာမွာအန္ဂိုလိုကန္တီကေပါင္၂၉၀၀၀၀ႏွင့္အဆင့္၁၀ေနရာမွာေပါ့ဘာကေပါင္၂၉၀၀၀၀ျဖင့္အသီးသီးရပ္တည္ေနပါတယ္။

အဆင့္၁၁မွအဆင့္၂၀အတြင္းတြင္ တီမိုဝါနာ(ေပါင္၂၇၀၀၀၀)၊အူဘာမီယန္(ေပါင္၂၅၀၀၀၀)၊ဂြၽန္စတုန္း(ေပါင္၂၅၀၀၀၀)၊အက္ဒီဆင္ကာဗာနီ(ေပါင္၂၅၀၀၀၀)၊အန္တိုနီမာရွယ္(ေပါင္၂၅၀၀၀၀)၊ဗန္ဒိုက္(ေပါင္၂၂၀၀၀၀)၊ပါေတး(ေပါင္၂၀၀၀၀၀)၊ဆာလက္(ေပါင္၂၀၀၀၀၀)၊အယ္ကန္တာရာ(ေပါင္၂၀၀၀၀၀)၊ရပ္ရွ္ဖို႔ဒ္(ေပါင္၂၀၀၀၀၀)၊ဟယ္ရီကိန္းေပါင္၂၀၀၀၀၀)၊အန္ဒြမ္ဘီလီ(ေပါင္၂၀၀၀၀၀)၊ေဆာနီဂြက္ဇ္(ေပါင္၁၉၈၂၆၉)၊ဘင္ခ်ဲလ္ဝဲလ္(ေပါင္၁၉၀၀၀၀)၊မက္ဂြိဳင္းယား(ေပါင္၁၈၉၉၀၄)၊လာကာဇက္တီ(ေပါင္၁၈၂၀၆၃)၊အလက္ဇႏၵားအာႏိုး(ေပါင္၁၈၀၀၀၀)ႏွင့္ဖာမီႏို(ေပါင္၁၈၀၀၀၀)တို႔ရပ္တည္ေနပါတယ္။

လီဗာပူးစတားမိုဟာမက္ဆာလက္ဟာလက္ရွိအခ်ိန္တြင္တစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀သာရရွိတာေတြ႕ရၿပီးထိပ္တန္းကစားသမားမ်ားထဲမွာလုပ္ခအနည္းဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။သူဟာလီဗာပူးႏွင့္တစ္ပတ္လုပ္ခေပါင္၃၀၀၀၀၀)တန္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆြးေႏြးေနၿပီးအကယ္၍စာခ်ဳပ္ခ်ဳပ္ဆိုျဖစ္ပါကလုပ္ခအမ်ားဆုံးကစားသမား၁၀ဦးစာရင္းမွာပါဝင္လာပါမယ္။