မန်ယူကစားသမားသစ်များရဲ့လုပ်ခက ပရီးမီးယားလိဂ်ကလပ် ၁၃ ခုရဲ့လုပ်ခထက်မြင့်မားနေ

မန်ယူဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာအောင်မြင်တဲ့အပြောင်းအရွှေ့တစ်ခုပြိုင်ဆိုင်ခဲ့တယ်လို့ဆိုရပါမယ်။မန်ယူဟာကစားသမားသုံးတည်းဘဲခေါ်ယူခဲ့တယ်ဆိုပေမယ့်သုံးဦးလုံးကအရေးပါတဲ့ခေါ်ယူမှုများဖြစ်တာကြောင့်မန်ယူရဲ့ပွဲထွက်ကစားသမား၁၁ဦးစာရင်းကအလွန်တောင့်တင်းလာတော့မှာဖြစ်ပါတယ်။

မန်ယူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာဆန်ချိုကိုပေါင်၇၃သန်းဖြင့်လည်းကောင်း၊ဗာရိန်းကိုပေါင်၃၅သန်းဖြင့်လည်းကောင်း၊ခရစ္စတီယာနိုရော်နယ်ဒိုကိုပေါင်၁၂သန်း(အောင်မြင်မှုအပေါ်မူတည်ပြီးပေါင်သန်း၂၀အထိပေးရနိုင်)ဖြင့်လည်းကောင်းခေါ်ယူခဲ့ပါတယ်။

မန်ယူမှာခရစ္စတီယာနိုရော်နယ်ဒိုကတစ်ပတ်လုပ်ခပေါင်၅၁၀၀၀၀ရရှိလာမှာဖြစ်ပြီးပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးကစားသမားဖြစ်လာပါတယ်။ဆန်ချိုနှင့်ဗာရိန်းတို့ကလည်းတစ်လုပ်ခပေါင်၃၅၀၀၀၀စီအသီးသီးရရှိပါမယ်။

ဒါကြောင့်မန်ယူကယခုနွေတွင်ခေါ်ယူလိုက်တဲ့ကစားသမားသစ်သုံးဦးအတွက်တစ်နှစ်လုပ်ခကပေါင်သန်း၆၀ကျော်ပါတယ်။

ယင်းပမာဏဟာယူရိုပါလိဂ်ဝင်ခွင့်ရထားတဲ့လက်စတာနှင့်ဝက်စ်ဟမ်းနှစ်သင်းပေါင်းရဲ့လုပ်ခထက်များပြားသလိုတန်းတက်ဘရန့်ဖို့ဒ်ရဲ့တစ်နှစ်လုပ်ခအသုံးစရိတ်(ပေါင်၁၂.၈ သန်း)ထက်ငါးဆနီးပါးမြင့်မားပါတယ်။ပြောရမယ်ဆိုရင်မန်ယူကစားသမားသုံးဦးရဲ့တစ်နှစ်လုပ်ခစုစုပေါင်းကပရီးမီးယားလိဂ်ကလပ်၁၃သင်းရဲ့အသုံးစရိတ်ထက်တောင်မြင့်မားလို့နေပါတယ်။

ယင်းသို့လုပ်ခများစွာအသုံးပြုမှုနဲ့အတူဆိုးလ်ရှားဟာယခုရာသီမှာဆုဖလားဆွတ်ခူးနိုင်ရေးအတွက်ဖိအားများစွာကျရောက်နေပြီဖြစ်ပါတယ်။မန်ယူဟာ၂၀၁၇ခုနှစ်နောက်ပိုင်းမှာဆုဖလားလက်မဲ့ဖြစ်လာခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။

ZawGyi

မန္ယူကစားသမားသစ္မ်ားရဲ႕လုပ္ခက ပရီးမီးယားလိဂ္ကလပ္ ၁၃ ခုရဲ႕လုပ္ခထက္ျမင့္မားေန

မန္ယူဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာေအာင္ျမင္တဲ့အေျပာင္းအေ႐ႊ႕တစ္ခုၿပိဳင္ဆိုင္ခဲ့တယ္လို႔ဆိုရပါမယ္။မန္ယူဟာကစားသမားသုံးတည္းဘဲေခၚယူခဲ့တယ္ဆိုေပမယ့္သုံးဦးလုံးကအေရးပါတဲ့ေခၚယူမႈမ်ားျဖစ္တာေၾကာင့္မန္ယူရဲ႕ပြဲထြက္ကစားသမား၁၁ဦးစာရင္းကအလြန္ေတာင့္တင္းလာေတာ့မွာျဖစ္ပါတယ္။

မန္ယူဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဆန္ခ်ိဳကိုေပါင္၇၃သန္းျဖင့္လည္းေကာင္း၊ဗာရိန္းကိုေပါင္၃၅သန္းျဖင့္လည္းေကာင္း၊ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေပါင္၁၂သန္း(ေအာင္ျမင္မႈအေပၚမူတည္ၿပီးေပါင္သန္း၂၀အထိေပးရႏိုင္)ျဖင့္လည္းေကာင္းေခၚယူခဲ့ပါတယ္။

မန္ယူမွာခရစၥတီယာႏိုေရာ္နယ္ဒိုကတစ္ပတ္လုပ္ခေပါင္၅၁၀၀၀၀ရရွိလာမွာျဖစ္ၿပီးပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးကစားသမားျဖစ္လာပါတယ္။ဆန္ခ်ိဳႏွင့္ဗာရိန္းတို႔ကလည္းတစ္လုပ္ခေပါင္၃၅၀၀၀၀စီအသီးသီးရရွိပါမယ္။

ဒါေၾကာင့္မန္ယူကယခုေႏြတြင္ေခၚယူလိုက္တဲ့ကစားသမားသစ္သုံးဦးအတြက္တစ္ႏွစ္လုပ္ခကေပါင္သန္း၆၀ေက်ာ္ပါတယ္။

ယင္းပမာဏဟာယူ႐ိုပါလိဂ္ဝင္ခြင့္ရထားတဲ့လက္စတာႏွင့္ဝက္စ္ဟမ္းႏွစ္သင္းေပါင္းရဲ႕လုပ္ခထက္မ်ားျပားသလိုတန္းတက္ဘရန႔္ဖို႔ဒ္ရဲ႕တစ္ႏွစ္လုပ္ခအသုံးစရိတ္(ေပါင္၁၂.၈ သန္း)ထက္ငါးဆနီးပါးျမင့္မားပါတယ္။ေျပာရမယ္ဆိုရင္မန္ယူကစားသမားသုံးဦးရဲ႕တစ္ႏွစ္လုပ္ခစုစုေပါင္းကပရီးမီးယားလိဂ္ကလပ္၁၃သင္းရဲ႕အသုံးစရိတ္ထက္ေတာင္ျမင့္မားလို႔ေနပါတယ္။

ယင္းသို႔လုပ္ခမ်ားစြာအသုံးျပဳမႈနဲ႔အတူဆိုးလ္ရွားဟာယခုရာသီမွာဆုဖလားဆြတ္ခူးႏိုင္ေရးအတြက္ဖိအားမ်ားစြာက်ေရာက္ေနၿပီျဖစ္ပါတယ္။မန္ယူဟာ၂၀၁၇ခုႏွစ္ေနာက္ပိုင္းမွာဆုဖလားလက္မဲ့ျဖစ္လာခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။pmnews

pmnews