မန်ယူကစားသမားဟောင်း ဂျမ်ဘာဂျမ်ဘာ ကစားသမားဘဝမှအနားယူ

မန်ယူစတားဟောင်းအဲရစ်ဂျမ်ဘာဂျမ်ဘာဟာအသက်၄၀နှစ်အရွယ်တွင်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်းကြေညာလာပါတယ်။

ကင်မရွန်းလက်ရွေးစင်ကစားသမားဟောင်းဟာဘောလုံးမကစားလာခဲ့တာခြောက်နှစ်တိုင်တိုင်ကြာပြီးတဲ့အချိန်ကြမှကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေညာလာခဲ့တာလည်းဖြစ်ပါတယ်။

ကင်မရွန်းလက်ရွေးစင်အသင်းအတွက်၃၄ပွဲကစားခဲ့တဲ့ဂျမ်ဘာဂျမ်ဘာဟာဆွစ်ဇာလန်ကလပ်ဗယ်လော်ဘီဘယ်လိုင်ဂပ်စ်တွင်နောက်ဆုံးကစားပြီးနောက်ကလပ်လက်မဲ့ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဂျမ်ဘာဂျမ်ဘာဟာမန်ယူအတွက်ပွဲ၂၀ကစားခဲ့သူဖြစ်ပြီးခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူတွဲကစားခဲ့သူလည်းဖြစ်ပါတယ်။

သူဟာကင်မရွန်းတွင်ဖွင့်လှစ်ထားတဲ့ဘောလုံးအကယ်ဒမီကျောင်းကိုဘဲအာရုံစိုက်လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။

ဂျမ်ဘာဂျမ်ဘာက “ဒီကနေ့မှာတော့ဘောလုံးကစားသမားဘဝကအနားယူပြီးကြောင်းကြေညာလာလိုက်ပါပြီ။ကင်မရွန်းမှာအကယ်ဒမီတစ်ခုဖွင့်ထားပါတယ်။လူငယ်ကစားသမားတွေကိုဘောလုံးသမားတစ်ဦးဖြစ်လာဖို့၊ဘောလုံးသမားတစ်ဦးအဖြစ်အောင်မြင်တဲ့ဘဝပိုင်ဆိုင်နိုင်ဖို့အကူအညီပေးဖို့ဘဲအာရုံစိုက်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

zawgyi

မန္ယူကစားသမားေဟာင္း ဂ်မ္ဘာဂ်မ္ဘာ ကစားသမားဘဝမွအနားယူ

မန္ယူစတားေဟာင္းအဲရစ္ဂ်မ္ဘာဂ်မ္ဘာဟာအသက္၄၀ႏွစ္အ႐ြယ္တြင္ကစားသမားဘဝမွအနားယူလိုက္ၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ကင္မ႐ြန္းလက္ေ႐ြးစင္ကစားသမားေဟာင္းဟာေဘာလုံးမကစားလာခဲ့တာေျခာက္ႏွစ္တိုင္တိုင္ၾကာၿပီးတဲ့အခ်ိန္ၾကမွကစားသမားဘဝမွအနားယူလိုက္ၿပီျဖစ္ေၾကာင္းတရားဝင္ေၾကညာလာခဲ့တာလည္းျဖစ္ပါတယ္။

ကင္မ႐ြန္းလက္ေ႐ြးစင္အသင္းအတြက္၃၄ပြဲကစားခဲ့တဲ့ဂ်မ္ဘာဂ်မ္ဘာဟာဆြစ္ဇာလန္ကလပ္ဗယ္ေလာ္ဘီဘယ္လိုင္ဂပ္စ္တြင္ေနာက္ဆုံးကစားၿပီးေနာက္ကလပ္လက္မဲ့ျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။

ဂ်မ္ဘာဂ်မ္ဘာဟာမန္ယူအတြက္ပြဲ၂၀ကစားခဲ့သူျဖစ္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အတူတြဲကစားခဲ့သူလည္းျဖစ္ပါတယ္။

သူဟာကင္မ႐ြန္းတြင္ဖြင့္လွစ္ထားတဲ့ေဘာလုံးအကယ္ဒမီေက်ာင္းကိုဘဲအာ႐ုံစိုက္လုပ္ေဆာင္သြားေတာ့မွာျဖစ္ပါတယ္။

ဂ်မ္ဘာဂ်မ္ဘာက “ဒီကေန႔မွာေတာ့ေဘာလုံးကစားသမားဘဝကအနားယူၿပီးေၾကာင္းေၾကညာလာလိုက္ပါၿပီ။ကင္မ႐ြန္းမွာအကယ္ဒမီတစ္ခုဖြင့္ထားပါတယ္။လူငယ္ကစားသမားေတြကိုေဘာလုံးသမားတစ္ဦးျဖစ္လာဖို႔၊ေဘာလုံးသမားတစ္ဦးအျဖစ္ေအာင္ျမင္တဲ့ဘဝပိုင္ဆိုင္ႏိုင္ဖို႔အကူအညီေပးဖို႔ဘဲအာ႐ုံစိုက္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။