မန်ယူကို ကိုင်တွယ်တုန်းက ဒိုင်လူကြီး ကလက်တင်ဘတ်ရဲ့ဖိနပ်နဲ့ကောက်ပေါက်ခံခဲ့ရတဲ့ မော်ရင်ဟို

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းမတ်ကလက်တင်ဘတ်ကဟိုဆေးမော်ရင်ဟိုနှင့်အချင်းများခဲ့ဖူးပြီးဖိနပ်ဖြင့်ပစ်ပေါက်ခဲ့ဖူးကြောင်းဖွင့်ဟပြောကြားလာပါတယ်။

မကြာမီထွက်လာတော့မယ့်သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်အတွင်းတွင် မတ်ကလက်တင်ဘတ်ဟာမန်ယူအသင်းကို မော်ရင်ဟိုကိုင်တွယ်စဉ်တုန်းက အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ရောက်လာတဲ့ မန်ယူနည်းပြအပေါ်ဒေါသမထိန်းနိုင်အောင်ဖြစ်ခဲ့ကြောင်း ရေးသားသွားခဲ့တာဖြစ်ပါတယ်။

၂၀၁၇ခုနှစ်တုန်းကမန်ယူနှင့်စတုတ်စီးတီးတို့တစ်ဂိုးစီသရေကျတဲ့ပွဲတွင်မော်ရင်ဟိုဟာ ရိုင်ယန်ရှောခရော့စ်ရဲ့လက်ထိဘောအတွက်ပင်နယ်တီမပေးမှုအပေါ်အကြီးအကျယ်ဒေါသထွက်ကာဒိုင်လူကြီးအဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ယင်းပွဲမှာမန်ယူဟာရွန်းနီရဲ့နောက်ကျဖရီးကစ်ဂိုးနဲ့သရေရခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီးအဝတ်အစားလဲခန်းအတွင်းသို့ဒေါသတကြီးဝင်ရောက်လာမှုအပေါ်ဒေါသထွက်သွားခဲ့တဲ့ကလက်တင်ဘတ်ဟာ မော်ရင်ဟိုကိုအဝတ်အစားလဲခန်းမှထွက်ခွာရန် နှင်ထုတ်ခဲ့တဲ့အပြင် ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့ပါတယ်။

ဒါ့အပြင်ကလက်တင်ဘတ်ကမော်ရင်ဟိုနှင့်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကဒိုင်လူကြီးအဖြစ်မှအနားယူရန်တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်းလည်းဖွင့်ဟသွားပါတယ်။

မော်ရင်ဟိုဟာချဲလ်ဆီးအသင်းကိုဒုတိယအကြိမ်ကိုင်တွယ်စဉ်တုန်းက ချဲလ်ဆီးမှထုတ်ပယ်ခြင်းခံရမှုမှာမတ်ကလက်တင်ဘတ်ကြောင့်လို့စွပ်စွဲခဲ့ဖူးပါတယ်။

ZawGyi

မန္ယူကို ကိုင္တြယ္တုန္းက ဒိုင္လူႀကီး ကလက္တင္ဘတ္ရဲ႕ဖိနပ္နဲ႔ေကာက္ေပါက္ခံခဲ့ရတဲ့ ေမာ္ရင္ဟို

ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္းမတ္ကလက္တင္ဘတ္ကဟိုေဆးေမာ္ရင္ဟိုႏွင့္အခ်င္းမ်ားခဲ့ဖူးၿပီးဖိနပ္ျဖင့္ပစ္ေပါက္ခဲ့ဖူးေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

မၾကာမီထြက္လာေတာ့မယ့္သူ႔ရဲ႕ကိုယ္ေရးအတၳဳပၸတၱိစာအုပ္အတြင္းတြင္ မတ္ကလက္တင္ဘတ္ဟာမန္ယူအသင္းကို ေမာ္ရင္ဟိုကိုင္တြယ္စဥ္တုန္းက အဝတ္အစားလဲခန္းအတြင္းသို႔ ဝင္ေရာက္လာတဲ့ မန္ယူနည္းျပအေပၚေဒါသမထိန္းႏိုင္ေအာင္ျဖစ္ခဲ့ေၾကာင္း ေရးသားသြားခဲ့တာျဖစ္ပါတယ္။

၂၀၁၇ခုႏွစ္တုန္းကမန္ယူႏွင့္စတုတ္စီးတီးတို႔တစ္ဂိုးစီသေရက်တဲ့ပြဲတြင္ေမာ္ရင္ဟိုဟာ ႐ိုင္ယန္ေရွာခေရာ့စ္ရဲ႕လက္ထိေဘာအတြက္ပင္နယ္တီမေပးမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ကာဒိုင္လူႀကီးအဝတ္အစားလဲခန္းအတြင္းသို႔ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ယင္းပြဲမွာမန္ယူဟာ႐ြန္းနီရဲ႕ေနာက္က်ဖရီးကစ္ဂိုးနဲ႔သေရရခဲ့တာျဖစ္ပါတယ္။

ဒိုင္လူႀကီးအဝတ္အစားလဲခန္းအတြင္းသို႔ေဒါသတႀကီးဝင္ေရာက္လာမႈအေပၚေဒါသထြက္သြားခဲ့တဲ့ကလက္တင္ဘတ္ဟာ ေမာ္ရင္ဟိုကိုအဝတ္အစားလဲခန္းမွထြက္ခြာရန္ ႏွင္ထုတ္ခဲ့တဲ့အျပင္ ဖိနပ္ျဖင့္ပစ္ေပါက္ခဲ့ပါတယ္။

ဒါ့အျပင္ကလက္တင္ဘတ္ကေမာ္ရင္ဟိုႏွင့္ျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္ကဒိုင္လူႀကီးအျဖစ္မွအနားယူရန္တြန္းအားတစ္ခုျဖစ္ေစခဲ့ေၾကာင္းလည္းဖြင့္ဟသြားပါတယ္။

ေမာ္ရင္ဟိုဟာခ်ဲလ္ဆီးအသင္းကိုဒုတိယအႀကိမ္ကိုင္တြယ္စဥ္တုန္းက ခ်ဲလ္ဆီးမွထုတ္ပယ္ျခင္းခံရမႈမွာမတ္ကလက္တင္ဘတ္ေၾကာင့္လို႔စြပ္စြဲခဲ့ဖူးပါတယ္။