မန်ယူကို ကျော်ပြီး ရီးရဲလ်မက်ဒရစ်ကို ဘာကြောင့် ရွေးချယ်ခဲ့သလဲ ကာမာဗန်ဂါဖွင့်ဟလာ

အက်ဒူယာဒိုကာမာဗန်ဂါဟာမန်ချက်စတာယူနိုက်တက်ကိုငြင်းပယ်ပြီးရီးရဲလ်မက်ဒရစ်အားရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းအားပြောကြားလာပါတယ်။

မန်ယူဟာနွေရာသီအပြောင်းအရွှေ့ကာလအတွင်းတွင်ကာလရှည်ကြာပစ်မှတ်ထားနေတဲ့ဂျာဒွန်ဆန်ချိုနှင့်ဗာရိန်းတို့အပြင်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုလည်းခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်မန်ယူဟာကွင်းလယ်ခံစစ်နေရာအတွက်ရန်းနက်စ်ကွင်းလယ်အဖျက်ကစားသမားကာမာဗန်ဂါအားခေါ်ယူရေးကြိုးပမ်းမှုပြုလုပ်ခဲ့ပါတယ်။

အသက်၁၈နှစ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားဟာမန်ယူရဲ့ကမ်းလှမ်းမှုအားပယ်ချကာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာရီးရဲလ်မက်ဒရစ်သို့ပြောင်းခဲ့ပါတယ်။

ကာမာဗန်ဂါက “အရိုးသားဆုံးပြောရရင်ပထမအရေးအကြီးဆုံးအချက်ကတော့ငွေမဟုတ်ပါဘူး။အိပ်မက်တစ်ခုဖြစ်မြောက်လာခဲ့လို့ဝမ်းသာရပါတယ်။ကျွန်တော်ကငယ်ရွယ်စဉ်ကတည်းကမက်လာခဲ့တဲ့အိပ်မက်ပါ”လို့ပြောကြားသွားပါတယ်။

ZawGyi





