မန်ယူကို ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ပြောင်းလဲပစ်မယ့် အပြောင်းအရွှေ့သုံးခု

မန်ယူဂန္ထဝင်နောက်ခံလူဂယ်ရီနဗီးလ်ဟာဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်းပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာစေဖို့မန်ယူလုပ်ဆောင်ရမယ့်အပြောင်းအရွှေ့သုံးခုကိုပြောကြားလာပါတယ်။

မန်ယူဟာဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်းတွင်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်စိန်ခေါ်နိုင်ခြင်းမရှိခဲ့ပါဘူး။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာဖာဂူဆန်ခေတ်နောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ချန်ပီယံလိဂ်ဝင်ခွင့်နှစ်နှစ်ဆက်တိုက်ရရှိအောင်စွမ်းဆောင်ထားနိုင်ပါတယ်။

ယနေ့မှာဂယ်ရီနဗီးလ်ကမန်ယူအနေဖြင့်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန်အတွက်အပြောင်းအရွှေ့သုံးခုတည်းသာပြုလုပ်ရန်လိုအပ်ကြောင်းပြောကြားလာပါတယ်။

၎င်းကရီးရဲလ်မက်ဒရစ်နောက်ခံလူရာဖေးလ်ဗာရိန်း၊စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းနှင့်ဒေါ့မွန်တောင်ပံတိုက်စစ်သမားဂျာဒွန်ဆန်ချိုတို့ကိုသာခေါ်ယူပါကပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမယ်လို့ဆိုသွားပါတယ်။

အထက်ပါကစားသမားသုံးဦးလုံးဟာယခုနွေရာသီအပြောင်းအရွှေ့တွင်မန်ယူအသင်းဆက်သွယ်မှုများပြုလုပ်နေတဲ့ကစားသမားများလည်းဖြစ်ပါတယ်။

မန်ယူဟာပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဟယ်ရီကိန်းကိုခေါ်ယူရန်ချဲလ်ဆီး၊မန်စီးတီးတို့နှင့်အပြိုင်ကြိုးပမ်းနေပါတယ်။မန်ယူဟာကိန်းကိုတစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀အထိပေးကာကမ်းလှမ်းဖို့စီစဉ်နေပါတယ်။

ZawGyi

မန္ယူကို ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ေျပာင္းလဲပစ္မယ့္ အေျပာင္းအေ႐ႊ႕သုံးခု

မန္ယူဂႏၴဝင္ေနာက္ခံလူဂယ္ရီနဗီးလ္ဟာဆာအဲလက္စ္ဖာဂူဆန္ေနာက္ပိုင္းပထမဆုံးပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာေစဖို႔မန္ယူလုပ္ေဆာင္ရမယ့္အေျပာင္းအေ႐ႊ႕သုံးခုကိုေျပာၾကားလာပါတယ္။

မန္ယူဟာဖာဂူဆန္အနားယူသြားၿပီးေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္စိန္ေခၚႏိုင္ျခင္းမရွိခဲ့ပါဘူး။

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာဖာဂူဆန္ေခတ္ေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ခ်န္ပီယံလိဂ္ဝင္ခြင့္ႏွစ္ႏွစ္ဆက္တိုက္ရရွိေအာင္စြမ္းေဆာင္ထားႏိုင္ပါတယ္။

ယေန႔မွာဂယ္ရီနဗီးလ္ကမန္ယူအေနျဖင့္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ရန္အတြက္အေျပာင္းအေ႐ႊ႕သုံးခုတည္းသာျပဳလုပ္ရန္လိုအပ္ေၾကာင္းေျပာၾကားလာပါတယ္။

၎ကရီးရဲလ္မက္ဒရစ္ေနာက္ခံလူရာေဖးလ္ဗာရိန္း၊စပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းႏွင့္ေဒါ့မြန္ေတာင္ပံတိုက္စစ္သမားဂ်ာဒြန္ဆန္ခ်ိဳတို႔ကိုသာေခၚယူပါကပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာမယ္လို႔ဆိုသြားပါတယ္။

အထက္ပါကစားသမားသုံးဦးလုံးဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕တြင္မန္ယူအသင္းဆက္သြယ္မႈမ်ားျပဳလုပ္ေနတဲ့ကစားသမားမ်ားလည္းျဖစ္ပါတယ္။

မန္ယူဟာပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္ဟယ္ရီကိန္းကိုေခၚယူရန္ခ်ဲလ္ဆီး၊မန္စီးတီးတို႔ႏွင့္အၿပိဳင္ႀကိဳးပမ္းေနပါတယ္။မန္ယူဟာကိန္းကိုတစ္ပတ္လုပ္ခေပါင္၄၀၀၀၀၀အထိေပးကာကမ္းလွမ္းဖို႔စီစဥ္ေနပါတယ္။