မန်ယူကို ဘယ်နည်းပြကအကြီးအကျယ်ပြောင်းလဲအောင် လုပ်ပေးနိုင်သလဲဆိုတာ ဟားဂရေ့ဗ်ပြောကြားလာ

အိုဝင်ဟားဂရေ့ဗ်ဟာမန်ချက်စတာယူနိုက်တက်ကိုအကြီးအကျယ်အပြောင်းအလဲဖြစ်လာအောင်လုပ်ဆောင်နိုင်တဲ့နည်းပြအမည်ကိုဖွင့်ဟလာပါတယ်။

မန်ယူဟာတနင်္ဂနွေနေ့တုန်းကအိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်လိုက်ပြီးနောက်မိုက်ကယ်ကာရစ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ထားပြီးရာသီအကုန်အထိကိုင်တွယ်မယ့်ယာယီနည်းပြတစ်ဦးရှာဖွေနေပါတယ်။

ပီအက်စ်ဂျီနည်းပြမော်ရီစီယိုပိုချက်တီနိုမှာမန်ယူရဲ့နံပါတ်တစ်ပစ်မှတ်ဖြစ်ပြီးဇီဒန်း၊ဘရန်ဒန်ရော်ဂျာ၊အဲရစ်တင်ဟက်တို့မှာလည်းမန်ယူရဲ့လျာထားစာရင်းတွင်ပါဝင်နေပါတယ်။

ဒါ့အပြင်မန်ယူတွင်အခြားလျာထားနည်းပြများလည်းရှိနေပါတယ်။ဒါပေမယ့်အိုဝင်ဟားဂရေ့ဗ်ကတော့မန်ယူအတွက်အသင့်တော်ဆုံးဖြစ်မယ့်နည်းပြကတော့စပိန်နည်းပြလူးဝစ်အန်းနရစ်ဖြစ်ကြောင်းပြောကြားလာပါတယ်။

မန်ယူအလယ်တန်းကစားသမားဟောင်းကအသက်၅၁နှစ်ရှိဘာစီလိုနာနည်းပြဟောင်းမှာမန်ယူကိုအကြီးအကျယ်အပြောင်းအလဲဖြစ်လာအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ကြောင်းဆိုသွားပါတယ်။

ဟားဂရေ့ဗ်က “ပိုချက်တီနိုကိုထောက်ခံနေမှုကိုလေးစားပါတယ်။သူကကစားသမားတွေဆီကလုပ်အားတောင်းဆိုတဲ့သူပါ။ဒါပေမယ့်လျာထားစာရင်းမှာပါသူအားလုံးကထိပ်တန်းတွေချည်းပါ။ဘရန်ဒန်မှာဒီလိဂ်မှာအတွေ့အကြုံအများကြီးရှိတယ်။ဇီဒန်းမှာဘာသာစကားအတားအဆီးကပြဿနာတစ်ခုပါ။တင်ဟက်ကလည်းအေဂျက်စ်မှာမယုံကြည်နိုင်စရာကောင်းလောက်အောင်လုပ်ပြနေသူပါ။ဒါပေမယ့်သူတို့ကဟော်လန်ကအကောင်းဆုံးအသင်းပါ။သူကပရီးမီးယားလိဂ်မှာကောဟော်လန်မှာလိုဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်မှာလားမေးခွန်းထုတ်စရာရှိပါတယ်။လျာထားစာရင်းမှာမပါဝင်တဲ့တစ်ယောက်ရှိပါတယ်။ကျွန်တော်ကတော့သူ့ကိုမန်ယူနည်းပြဖြစ်စေချင်တယ်။လူးဝစ်အန်းနရစ်ပါ။ဘာစီလိုနာလိုကလပ်ကြီးတစ်ခုကိုကိုင်တွယ်ဖူးပြီးဖလားသုံးလုံးရခဲ့တယ်။သာမန်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုယူရိုမှာဆီမီးသို့ပို့ခဲ့တယ်။ကျွန်တော်ကတော့သူပဲယူနိုက်တက်အတွက်အသင့်တော်ဆုံးလို့ထင်တယ်။သူကလက်ရွေးစင်အသင်းနည်းပြမျှသာဖြစ်ပါတယ်။သူ မန်ယူသို့လာပြီးဒီအလုပ်ကိုလုပ်နိုင်တယ်လို့ထင်ပါတယ်။သူဟာမန်ယူကိုအသင်းကောင်းတစ်သင်းအဖြစ်ကနေကြီးကျယ်တဲ့အသင်းအဖြစ်သို့ပြောင်းလဲနိုင်မယ်လို့ထင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လူးဝစ်အန်းနရစ်ဟာဘာစီလိုနာတွင်အောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်ပြီးလူငယ်များဖြင့်ဖွဲ့စည်းထားတဲ့စပိန်အသင်းကိုယူရို၂၀၂၀ပြိုင်ပွဲတွင်ဆီမီးဖိုင်နယ်သို့ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာမန်ယူနည်းပြရာထူးအတွက်သတင်းမထွက်ခင်ကတည်းကမန်ယူနည်းပြလုပ်မှာမဟုတ်ကြောင်းငြင်းဆိုထားပြီးဖြစ်ပါတယ်။

ZawGyi

မန္ယူကို ဘယ္နည္းျပကအႀကီးအက်ယ္ေျပာင္းလဲေအာင္ လုပ္ေပးႏိုင္သလဲဆိုတာ ဟားဂေရ႕ဗ္ေျပာၾကားလာ

အိုဝင္ဟားဂေရ႕ဗ္ဟာမန္ခ်က္စတာယူႏိုက္တက္ကိုအႀကီးအက်ယ္အေျပာင္းအလဲျဖစ္လာေအာင္လုပ္ေဆာင္ႏိုင္တဲ့နည္းျပအမည္ကိုဖြင့္ဟလာပါတယ္။

မန္ယူဟာတနဂၤေႏြေန႔တုန္းကအိုလီဂန္းနားဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္လိုက္ၿပီးေနာက္မိုက္ကယ္ကာရစ္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္ထားၿပီးရာသီအကုန္အထိကိုင္တြယ္မယ့္ယာယီနည္းျပတစ္ဦးရွာေဖြေနပါတယ္။

ပီအက္စ္ဂ်ီနည္းျပေမာ္ရီစီယိုပိုခ်က္တီႏိုမွာမန္ယူရဲ႕နံပါတ္တစ္ပစ္မွတ္ျဖစ္ၿပီးဇီဒန္း၊ဘရန္ဒန္ေရာ္ဂ်ာ၊အဲရစ္တင္ဟက္တို႔မွာလည္းမန္ယူရဲ႕လ်ာထားစာရင္းတြင္ပါဝင္ေနပါတယ္။

ဒါ့အျပင္မန္ယူတြင္အျခားလ်ာထားနည္းျပမ်ားလည္းရွိေနပါတယ္။ဒါေပမယ့္အိုဝင္ဟားဂေရ႕ဗ္ကေတာ့မန္ယူအတြက္အသင့္ေတာ္ဆုံးျဖစ္မယ့္နည္းျပကေတာ့စပိန္နည္းျပလူးဝစ္အန္းနရစ္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

မန္ယူအလယ္တန္းကစားသမားေဟာင္းကအသက္၅၁ႏွစ္ရွိဘာစီလိုနာနည္းျပေဟာင္းမွာမန္ယူကိုအႀကီးအက်ယ္အေျပာင္းအလဲျဖစ္လာေအာင္လုပ္ႏိုင္စြမ္းရွိသူျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဟားဂေရ႕ဗ္က “ပိုခ်က္တီႏိုကိုေထာက္ခံေနမႈကိုေလးစားပါတယ္။သူကကစားသမားေတြဆီကလုပ္အားေတာင္းဆိုတဲ့သူပါ။ဒါေပမယ့္လ်ာထားစာရင္းမွာပါသူအားလုံးကထိပ္တန္းေတြခ်ည္းပါ။ဘရန္ဒန္မွာဒီလိဂ္မွာအေတြ႕အႀကဳံအမ်ားႀကီးရွိတယ္။ဇီဒန္းမွာဘာသာစကားအတားအဆီးကျပႆနာတစ္ခုပါ။တင္ဟက္ကလည္းေအဂ်က္စ္မွာမယုံၾကည္ႏိုင္စရာေကာင္းေလာက္ေအာင္လုပ္ျပေနသူပါ။ဒါေပမယ့္သူတို႔ကေဟာ္လန္ကအေကာင္းဆုံးအသင္းပါ။သူကပရီးမီးယားလိဂ္မွာေကာေဟာ္လန္မွာလိုေဘာလုံးပိုင္ဆိုင္မႈအသာစီးရယူႏိုင္မွာလားေမးခြန္းထုတ္စရာရွိပါတယ္။လ်ာထားစာရင္းမွာမပါဝင္တဲ့တစ္ေယာက္ရွိပါတယ္။ကြၽန္ေတာ္ကေတာ့သူ႔ကိုမန္ယူနည္းျပျဖစ္ေစခ်င္တယ္။လူးဝစ္အန္းနရစ္ပါ။ဘာစီလိုနာလိုကလပ္ႀကီးတစ္ခုကိုကိုင္တြယ္ဖူးၿပီးဖလားသုံးလုံးရခဲ့တယ္။သာမန္အသင္းတစ္သင္းျဖစ္တဲ့စပိန္ကိုယူ႐ိုမွာဆီမီးသို႔ပို႔ခဲ့တယ္။ကြၽန္ေတာ္ကေတာ့သူပဲယူႏိုက္တက္အတြက္အသင့္ေတာ္ဆုံးလို႔ထင္တယ္။သူကလက္ေ႐ြးစင္အသင္းနည္းျပမွ်သာျဖစ္ပါတယ္။သူ မန္ယူသို႔လာၿပီးဒီအလုပ္ကိုလုပ္ႏိုင္တယ္လို႔ထင္ပါတယ္။သူဟာမန္ယူကိုအသင္းေကာင္းတစ္သင္းအျဖစ္ကေနႀကီးက်ယ္တဲ့အသင္းအျဖစ္သို႔ေျပာင္းလဲႏိုင္မယ္လို႔ထင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လူးဝစ္အန္းနရစ္ဟာဘာစီလိုနာတြင္ေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့သူျဖစ္ၿပီးလူငယ္မ်ားျဖင့္ဖြဲ႕စည္းထားတဲ့စပိန္အသင္းကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္သူဟာမန္ယူနည္းျပရာထူးအတြက္သတင္းမထြက္ခင္ကတည္းကမန္ယူနည္းျပလုပ္မွာမဟုတ္ေၾကာင္းျငင္းဆိုထားၿပီးျဖစ္ပါတယ္။