မန်ယူက တစ်နှစ်စာချုပ်သက်တမ်းမတိုးလိုမှုကြောင့် ထွက်ခွာရတော့မယ့် မာတာ

ဂျူအန်မာတာဟာမန်ယူဘက်ကစာချုပ်တွင်ပါဝင်တဲ့တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလုပ်ဆောင်လိုနေခြင်း မရှိမှုနဲ့အတူလာမယ့်နွေရာသီတွင်အိုးထရက်ဖို့ဒ်မှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာရတော့မှာဖြစ်ပါတယ်။

စပိန်ကွင်းလယ်ဖန်တီးရှင်ဟာယခုရာသီအကုန်မှာမန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါဝင်ပါတယ်။

သူဟာနည်းပြဆိုးလ်ရှားနှင့်ကောင်းမွန်တဲ့ဆက်ဆံမှုရှိတဲ့အပြင်ကစားဖော်များရဲ့လေးစားမှုရရှိတာကြောင့်အိုးထရက်ဖို့ဒ်တွင်ပျော်ရွှင်နေတဲ့ကစားသမားလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားဟာသူ့ရဲ့အနာဂတ်စီမံကိန်းမှာမာတာကိုထည့်သွင်းထားခြင်းမရှိတာကြောင့်စာချုပ်တွင်ပါဝင်တဲ့၁၂လသက်တမ်းတိုးနိုင်မယ့်အချက်အတိုင်းမလုပ်ဆောင်ဘဲလာမယ့်နွေတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက် ခွာခွင့်ပေးသွားမှာဖြစ်ကြောင်းကစားသမားကိုအကြောင်းကြားလာပြီလည်းဖြစ်ပါတယ်။

အသက်၃၂နှစ်ရှိမာတာဟာဇန်နဝါရီလတုန်းကဝက်ဖို့ဒ်ကိုအနိုင်ရရှိတဲ့အက်ဖ်အေဖလားနောက်ပိုင်းတွင်ပွဲထွက်ခွင့် ပျောက်နေခဲ့သူဖြစ်ပြီးကွင်းအတွင်းစွမ်းဆောင်ရည်အားရစရာမရှိသော်လည်းကစားဖော်များအပေါ်တွင်မူများစွာ ဩဇာလွှမ်းမိုးသူလည်းဖြစ်ပါတယ်။

၂၀၁၄ခုနှစ်တွင်ချဲလ်ဆီးမှပေါင်၃၇သန်းဖြင့်ရောက်လာခဲ့တဲ့မာတာကိုဂျူဗင်တပ်၊အင်တာမီလန်၊ရိုးမားတို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။မာတာအနေဖြင့်စပိန်၊အာရှ(သို့မဟုတ်)အမေရိကန်မေဂျာလိဂ်သို့ပြောင်းရွှေ့ကစားနိုင် တဲ့အခွင့်အရေးလည်းရှိနေပါသေးတယ်။

ZawGyi

မန္ယူက တစ္ႏွစ္စာခ်ဳပ္သက္တမ္းမတိုးလိုမႈေၾကာင့္ ထြက္ခြာရေတာ့မယ့္ မာတာ

ဂ်ဴအန္မာတာဟာမန္ယူဘက္ကစာခ်ဳပ္တြင္ပါဝင္တဲ့တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလုပ္ေဆာင္လိုေနျခင္း မရွိမႈနဲ႔အတူလာမယ့္ေႏြရာသီတြင္အိုးထရက္ဖို႔ဒ္မွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာရေတာ့မွာျဖစ္ပါတယ္။

စပိန္ကြင္းလယ္ဖန္တီးရွင္ဟာယခုရာသီအကုန္မွာမန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္ တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ပါဝင္ပါတယ္။

သူဟာနည္းျပဆိုးလ္ရွားႏွင့္ေကာင္းမြန္တဲ့ဆက္ဆံမႈရွိတဲ့အျပင္ကစားေဖာ္မ်ားရဲ႕ေလးစားမႈရရွိတာေၾကာင့္အိုးထရက္ဖို႔ဒ္တြင္ေပ်ာ္႐ႊင္ေနတဲ့ကစားသမားလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားဟာသူ႔ရဲ႕အနာဂတ္စီမံကိန္းမွာမာတာကိုထည့္သြင္းထားျခင္းမရွိတာေၾကာင့္စာခ်ဳပ္တြင္ပါဝင္တဲ့၁၂လသက္တမ္းတိုးႏိုင္မယ့္အခ်က္အတိုင္းမလုပ္ေဆာင္ဘဲလာမယ့္ေႏြတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ ခြာခြင့္ေပးသြားမွာျဖစ္ေၾကာင္းကစားသမားကိုအေၾကာင္းၾကားလာၿပီလည္းျဖစ္ပါတယ္။

အသက္၃၂ႏွစ္ရွိမာတာဟာဇန္နဝါရီလတုန္းကဝက္ဖို႔ဒ္ကိုအႏိုင္ရရွိတဲ့အက္ဖ္ေအဖလားေနာက္ပိုင္းတြင္ပြဲထြက္ခြင့္ ေပ်ာက္ေနခဲ့သူျဖစ္ၿပီးကြင္းအတြင္းစြမ္းေဆာင္ရည္အားရစရာမရွိေသာ္လည္းကစားေဖာ္မ်ားအေပၚတြင္မူမ်ားစြာ ဩဇာလႊမ္းမိုးသူလည္းျဖစ္ပါတယ္။

၂၀၁၄ခုႏွစ္တြင္ခ်ဲလ္ဆီးမွေပါင္၃၇သန္းျဖင့္ေရာက္လာခဲ့တဲ့မာတာကိုဂ်ဴဗင္တပ္၊အင္တာမီလန္၊႐ိုးမားတို႔ကေခၚယူရန္စိတ္ဝင္စားေနပါတယ္။မာတာအေနျဖင့္စပိန္၊အာရွ(သို႔မဟုတ္)အေမရိကန္ေမဂ်ာလိဂ္သို႔ေျပာင္းေ႐ႊ႕ကစားႏိုင္ တဲ့အခြင့္အေရးလည္းရွိေနပါေသးတယ္။