မန်ယူဂန္ထဝင်ပုံရပ်ကို စွန့်ခွာပြီး မန်စီးတီးသို့ စီရော်နယ်ဒို ပြောင်းမည်မဟုတ်ဟု ရွန်းနီအခိုင်အမာပြောကြား

ဝိန်းရွန်းနီက ခရစ္စတီယာနိုရော်နယ်ဒိုမှာမန်ယူဂန္ထဝင်ပုံရပ်ကိုစွန့်ခွာကာမြို့ခံပြိုင်ဘက်မန်စီးတီးသို့ဘယ်တော့မှပြောင်းမည်မဟုတ်လို့ပြောကြားလိုက်ပါတယ်။အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးသို့ပြောင်းမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေသူလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုဘောလုံးရာသီအကုန်တွင်ဂျူဗင်တပ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးဂျူဗင်တပ်ကသူ့ရဲ့တစ်ပတ်လုပ်ခပေါင်၅၁၀၀၀၀ကိုလျှော့ချလိုနေပါတယ်။ဂျူဗင်တပ်ဟာခရစ္စတီယာနိုရော်နယ်ဒိုထွက်ခွာပါကတစ်နှစ်လုပ်ခပေါင်၂၁.၄သန်းသက်သာလာပါမယ်။

တစ်ဖက်တွင်မန်စီးတီးဟာလည်းအဓိကပစ်မှတ်ဟယ်ရီကိန်းမှာစပါးစ်တွင်ဆက်လက်ရှိနေတော့မှာဖြစ်လို့တိုက်စစ်အတွက်ခရစ္စတီယာနိုရော်နယ်ဒိုတစ်ဦးတည်းသာ၎င်းတို့ပစ်မှတ်အဖြစ်ကျန်ရှိပါတော့တယ်။

ဒါပေမယ့်မန်ယူအသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်းနီကတော့ရော်နယ်ဒိုမှာအခွင့်အရေးရရှိလျှင်ပင်မန်ယူရဲ့ခါးသီးလှတဲ့မြို့ခံပြိုင်ဘက်မန်စီးတီးသို့ပြောင်းမှာမဟုတ်ဘူးလို့ယုံကြည်နေပါတယ်။

ဒါဘီကောင်တီနည်းပြက “ခရစ္စတီယာနိုရော်နယ်ဒိုမှာမန်ယူမှာကြီးမားတဲ့အမွေအနှစ်တစ်ခုရှိပါတယ်။မန်ချက်စတာစီးတီးသို့သူပြောင်းမယ်မထင်ပါဘူး။ဘောလုံးမှာဘာမှအတိအကျပြောလို့တော့မရပါဘူး။အရင်တုန်းကပီတာရှမိုက်ကယ်လည်းမန်စီးတီးသို့ပြောင်းဖူးပါတယ်။အက်ဒရူးကိုးလ်၊မတ်ဟုချ်တို့လည်းမန်စီးတီးနည်းပြဖြစ်ဖူးပါတယ်။ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုလိုမန်ယူရဲ့ပုံရိပ်တစ်ခုဖြစ်နေတဲ့သူမျိုးကဒီလိုလုပ်မယ်လို့မထင်ပါဘူး”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသို့ရွန်းနီရောက်ပြီးနောက်တစ်နှစ်၂၀၀၃ခုနှစ်တွင်မန်ယူသို့ရောက်လာခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်ဖလား၃ကြိမ်၊အက်ဖ်အေဖလား၁ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

ZawGyi

မန္ယူဂႏၴဝင္ပုံရပ္ကို စြန႔္ခြာၿပီး မန္စီးတီးသို႔ စီေရာ္နယ္ဒို ေျပာင္းမည္မဟုတ္ဟု ႐ြန္းနီအခိုင္အမာေျပာၾကား

ဝိန္း႐ြန္းနီက ခရစၥတီယာႏိုေရာ္နယ္ဒိုမွာမန္ယူဂႏၴဝင္ပုံရပ္ကိုစြန႔္ခြာကာၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးသို႔ဘယ္ေတာ့မွေျပာင္းမည္မဟုတ္လို႔ေျပာၾကားလိုက္ပါတယ္။အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္စီးတီးသို႔ေျပာင္းမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚေနသူလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုေဘာလုံးရာသီအကုန္တြင္ဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးဂ်ဴဗင္တပ္ကသူ႔ရဲ႕တစ္ပတ္လုပ္ခေပါင္၅၁၀၀၀၀ကိုေလွ်ာ့ခ်လိုေနပါတယ္။ဂ်ဴဗင္တပ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုထြက္ခြာပါကတစ္ႏွစ္လုပ္ခေပါင္၂၁.၄သန္းသက္သာလာပါမယ္။

တစ္ဖက္တြင္မန္စီးတီးဟာလည္းအဓိကပစ္မွတ္ဟယ္ရီကိန္းမွာစပါးစ္တြင္ဆက္လက္ရွိေနေတာ့မွာျဖစ္လို႔တိုက္စစ္အတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုတစ္ဦးတည္းသာ၎တို႔ပစ္မွတ္အျဖစ္က်န္ရွိပါေတာ့တယ္။

ဒါေပမယ့္မန္ယူအသင္းေခါင္းေဆာင္ေဟာင္းဝိန္း႐ြန္းနီကေတာ့ေရာ္နယ္ဒိုမွာအခြင့္အေရးရရွိလွ်င္ပင္မန္ယူရဲ႕ခါးသီးလွတဲ့ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးသို႔ေျပာင္းမွာမဟုတ္ဘူးလို႔ယုံၾကည္ေနပါတယ္။

ဒါဘီေကာင္တီနည္းျပက “ခရစၥတီယာႏိုေရာ္နယ္ဒိုမွာမန္ယူမွာႀကီးမားတဲ့အေမြအႏွစ္တစ္ခုရွိပါတယ္။မန္ခ်က္စတာစီးတီးသို႔သူေျပာင္းမယ္မထင္ပါဘူး။ေဘာလုံးမွာဘာမွအတိအက်ေျပာလို႔ေတာ့မရပါဘူး။အရင္တုန္းကပီတာရွမိုက္ကယ္လည္းမန္စီးတီးသို႔ေျပာင္းဖူးပါတယ္။အက္ဒ႐ူးကိုးလ္၊မတ္ဟုခ်္တို႔လည္းမန္စီးတီးနည္းျပျဖစ္ဖူးပါတယ္။ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုလိုမန္ယူရဲ႕ပုံရိပ္တစ္ခုျဖစ္ေနတဲ့သူမ်ိဳးကဒီလိုလုပ္မယ္လို႔မထင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသို႔႐ြန္းနီေရာက္ၿပီးေနာက္တစ္ႏွစ္၂၀၀၃ခုႏွစ္တြင္မန္ယူသို႔ေရာက္လာခဲ့သူျဖစ္ၿပီးပရီးမီးယားလိဂ္ဖလား၃ႀကိမ္၊အက္ဖ္ေအဖလား၁ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးခဲ့ပါတယ္။