မန်ယူဂန္ထဝင်ရော့ဘ်ဆင်ရဲ့ဘဝဇာတ်ကြောင်းရုပ်ရှင် အထူးပြပွဲသို့ မန်ယူဂန္ထဝင်ဖာဂူဆန်၊ရွန်းနီနှင့်ကာရစ်၊မက်ဂွိုင်းယားတို့တက်ရောက်

မန်ယူဂန္ထဝင်အမြောက်အမြားတို့ဟာကြာသပတေးနေ့ညတုန်းကဘရိုင်ယန်ရော့ဘ်ဆင်ဘဝဇာတ်ကြောင်းကိုရိုက်ကူးထားတဲ့ Robbo:The Bryan Robson Store ရုပ်ရှင်အထူးပြပွဲကိုတက်ရောက်ခဲ့ကြပါတယ်။

ဂန္ထဝင်များထဲတွင်ဆာအဲလက်စ်ဖာဂူဆန်လည်းပါဝင်သလိုလက်ရှိမန်ယူယာယီနည်းပြမိုက်ကယ်ကာရစ်လည်းပါဝင်ပါတယ်။

မိုက်ကယ်ကာရစ်ဟာဆိုးလ်ရှားထုတ်ပယ်ခံရပြီးနောက်ဗီလာရီးရဲလ်နှင့်ပွဲကိုယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့ပြီး၂-၀ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ပါတယ်။မန်ယူဟာရာသီအကုန်အထိယာယီနည်းပြအဖြစ်ကိုင်တွယ်ရန်ရန်နစ်ခ်ကိုခန့်အပ်ထားပြီးဖြစ်ပါတယ်။

Captain Marvel အမည်ဖြင့် အိုးထရက်ဖို့ဒ်တွင်နာမည်ကြီးခဲ့တဲ့ဘရိုင်ယန်ရော့ဘ်ဆင်ရဲ့ဘဝဇာတ်ကြောင်းရုပ်ရှင်အထူးပြပွဲသို့အင်္ဂလန်ဂန္ထဝင်ကစားသမားပေါလ်ဂတ်စကွိုင်နီလည်းတက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင်ဘရိုင်ယန်ရော့ဘ်ဆင်ကို၁၉၈၁ခုနှစ်တုန်းကအိုးထရက်ဖို့ဒ်သို့ပေါင်၁.၃သန်းအထိသုံးစွဲကာခေါ်ယူခဲ့တဲ့မန်ယူနည်းပြဟောင်းရွိုင်အက်ကင်ဆင်နှင့်ဇနီးသည်မက်ဂီတို့လည်းတက်ရောက်ခဲ့ပါတယ်။

ဘရိုင်ယန်ရော့ဘ်ဆင်ဟာမန်ယူတွင်၁၃နှစ်ကြာကစားခဲ့သူဖြစ်ပြီးအောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်ပါတယ်။

သူ့ဘဝဇာတ်ကြောင်းရုပ်ရှင်ကိုလာမယ့်နိုဝင်ဘာလ၂၉ရက်နေ့မှစတင်ကာ Netfix ၊ Amazon Prime၊Rakutenတို့တွင်ကြည့်ရှုနိုင်ပါမယ်။

ZawGyi

မန္ယူဂႏၴဝင္ေရာ့ဘ္ဆင္ရဲ႕ဘဝဇာတ္ေၾကာင္း႐ုပ္ရွင္ အထူးျပပြဲသို႔ မန္ယူဂႏၴဝင္ဖာဂူဆန္၊႐ြန္းနီႏွင့္ကာရစ္၊မက္ဂြိဳင္းယားတို႔တက္ေရာက္

မန္ယူဂႏၴဝင္အေျမာက္အျမားတို႔ဟာၾကာသပေတးေန႔ညတုန္းကဘ႐ိုင္ယန္ေရာ့ဘ္ဆင္ဘဝဇာတ္ေၾကာင္းကို႐ိုက္ကူးထားတဲ့ Robbo:The Bryan Robson Store ႐ုပ္ရွင္အထူးျပပြဲကိုတက္ေရာက္ခဲ့ၾကပါတယ္။

ဂႏၴဝင္မ်ားထဲတြင္ဆာအဲလက္စ္ဖာဂူဆန္လည္းပါဝင္သလိုလက္ရွိမန္ယူယာယီနည္းျပမိုက္ကယ္ကာရစ္လည္းပါဝင္ပါတယ္။

မိုက္ကယ္ကာရစ္ဟာဆိုးလ္ရွားထုတ္ပယ္ခံရၿပီးေနာက္ဗီလာရီးရဲလ္ႏွင့္ပြဲကိုယာယီနည္းျပအျဖစ္ကိုင္တြယ္ခဲ့ၿပီး၂-၀ဂိုးျဖင့္အႏိုင္ရယူႏိုင္ခဲ့ပါတယ္။မန္ယူဟာရာသီအကုန္အထိယာယီနည္းျပအျဖစ္ကိုင္တြယ္ရန္ရန္နစ္ခ္ကိုခန႔္အပ္ထားၿပီးျဖစ္ပါတယ္။

Captain Marvel အမည္ျဖင့္ အိုးထရက္ဖို႔ဒ္တြင္နာမည္ႀကီးခဲ့တဲ့ဘ႐ိုင္ယန္ေရာ့ဘ္ဆင္ရဲ႕ဘဝဇာတ္ေၾကာင္း႐ုပ္ရွင္အထူးျပပြဲသို႔အဂၤလန္ဂႏၴဝင္ကစားသမားေပါလ္ဂတ္စကြိဳင္နီလည္းတက္ေရာက္ခဲ့ပါတယ္။

ဒါ့အျပင္ဘ႐ိုင္ယန္ေရာ့ဘ္ဆင္ကို၁၉၈၁ခုႏွစ္တုန္းကအိုးထရက္ဖို႔ဒ္သို႔ေပါင္၁.၃သန္းအထိသုံးစြဲကာေခၚယူခဲ့တဲ့မန္ယူနည္းျပေဟာင္း႐ြိဳင္အက္ကင္ဆင္ႏွင့္ဇနီးသည္မက္ဂီတို႔လည္းတက္ေရာက္ခဲ့ပါတယ္။

ဘ႐ိုင္ယန္ေရာ့ဘ္ဆင္ဟာမန္ယူတြင္၁၃ႏွစ္ၾကာကစားခဲ့သူျဖစ္ၿပီးေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့သူျဖစ္ပါတယ္။

သူ႔ဘဝဇာတ္ေၾကာင္း႐ုပ္ရွင္ကိုလာမယ့္ႏိုဝင္ဘာလ၂၉ရက္ေန႔မွစတင္ကာ Netfix ၊ Amazon Prime၊Rakutenတို႔တြင္ၾကည့္ရႈႏိုင္ပါမယ္။