မန်ယူစတားများရဲ့အကောင်းဆုံးခြေစွမ်းကို ဖော်ထုတ်နိုင်မယ်လို့ ဆိုးလ်ရှားယုံကြည်ဆဲ

အိုလီဂန်းနားဆိုးလ်ရှားကစတားကစားသမားများပြည့်နှက်နေတဲ့မန်ယူအသင်းရဲ့အကောင်းဆုံးခြေစွမ်းကိုဖော်ထုတ်နိုင်မယ်လို့ယုံကြည်ကြောင်းပြောကြားသွားပါတယ်။

မန်ယူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကခရစ္စတီယာနိုရော်နယ်ဒို၊ဂျာဒွန်ဆန်ချိုနှင့်ရာဖေးလ်ဗာရိန်းတို့အားခေါ်ယူအားဖြည့်ခဲ့ပေမယ့်နောက်ဆုံးခြောက်ပွဲတွင်နှစ်ပွဲတည်းသာအနိုင်ရရှိထားပါသေးတယ်။

ဒါပေမယ့်ဆိုးလ်ရှားက “အသင်းရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာအောင်လုပ်နိုင်မယ်လို့ယုံကြည်နေပါတယ်။ဩဂုတ်လကမှရာဖေးလ်နဲ့ဂျေဒွန်တို့နဲ့တွဲခဲ့တာပါ။ခရစ္စတီယာနိုကလည်းစက်တင်ဘာလမှရောက်လာတာပါ။လုပ်စရာအများကြီးရှိပါတယ်။ဒါပေမယ့်ဒီအုပ်စုနဲ့နည်းပြအဖွဲ့အပေါ်မှာယုံကြည်မှုရှိပါတယ်”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားဦးဆောင်တဲ့မန်ယူဟာစက်တင်ဘာလအတွင်းမှာယန်းဘွိုင်းစ်၊ဝက်စ်ဟမ်းနှင့်အက်စတွန်ဗီလာတို့ကိုရှုံးနိမ့်ခဲ့ပါတယ်။၎င်းတို့ဟာအောက်တိုဘာလကိုလည်းအဲဗာတန်နှင့်သရေကျကာဖွင့်လှစ်ထားပါတယ်။

ZawGyi

မန္ယူစတားမ်ားရဲ႕အေကာင္းဆုံးေျခစြမ္းကို ေဖာ္ထုတ္ႏိုင္မယ္လို႔ ဆိုးလ္ရွားယုံၾကည္ဆဲ

အိုလီဂန္းနားဆိုးလ္ရွားကစတားကစားသမားမ်ားျပည့္ႏွက္ေနတဲ့မန္ယူအသင္းရဲ႕အေကာင္းဆုံးေျခစြမ္းကိုေဖာ္ထုတ္ႏိုင္မယ္လို႔ယုံၾကည္ေၾကာင္းေျပာၾကားသြားပါတယ္။

မန္ယူဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကခရစၥတီယာႏိုေရာ္နယ္ဒို၊ဂ်ာဒြန္ဆန္ခ်ိဳႏွင့္ရာေဖးလ္ဗာရိန္းတို႔အားေခၚယူအားျဖည့္ခဲ့ေပမယ့္ေနာက္ဆုံးေျခာက္ပြဲတြင္ႏွစ္ပြဲတည္းသာအႏိုင္ရရွိထားပါေသးတယ္။

ဒါေပမယ့္ဆိုးလ္ရွားက “အသင္းရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာေအာင္လုပ္ႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။ဩဂုတ္လကမွရာေဖးလ္နဲ႔ေဂ်ဒြန္တို႔နဲ႔တြဲခဲ့တာပါ။ခရစၥတီယာႏိုကလည္းစက္တင္ဘာလမွေရာက္လာတာပါ။လုပ္စရာအမ်ားႀကီးရွိပါတယ္။ဒါေပမယ့္ဒီအုပ္စုနဲ႔နည္းျပအဖြဲ႕အေပၚမွာယုံၾကည္မႈရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားဦးေဆာင္တဲ့မန္ယူဟာစက္တင္ဘာလအတြင္းမွာယန္းဘြိဳင္းစ္၊ဝက္စ္ဟမ္းႏွင့္အက္စတြန္ဗီလာတို႔ကိုရႈံးနိမ့္ခဲ့ပါတယ္။၎တို႔ဟာေအာက္တိုဘာလကိုလည္းအဲဗာတန္ႏွင့္သေရက်ကာဖြင့္လွစ္ထားပါတယ္။