မန်ယူတကျော့ပြန်ခရီးတွင် အနည်းဆုံးပေါင်သန်း ၅၀ ရရှိလာမယ့်ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူတစ်ကျော့ပြန်ခရီးတွင်အနည်းဆုံးပေါင်သန်း၅၀ရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီစူပါစတားဟာပြီးခဲ့တဲ့ရက်များအတွင်းအတွင်မန်စီးတီးသို့ပြောင်းရွှေ့ရေးဆွေးနွေးမှုများပြုလုပ်ခဲ့တယ်ဆိုပေမယ့်လွန်ခဲ့တဲ့လအနည်းငယ်ခန့်ကတည်းကအသင်းဟောင်းမန်ယူသို့ပြောင်းရန်ဆွေးနွေးလာခဲ့သူလည်းဖြစ်ပါတယ်။

မန်ယူအတွင်းလူတစ်ဦးက “သူ့နှလုံးသားထဲမှာတော့ယူနိုက်တက်သို့ဘဲပြန်ချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်ပေါင်သန်း၅၀၀ကြွယ်ဝချမ်းသာတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ကညနေပိုင်းတုန်းကအိုးထရက်ဖို့ဒ်သို့တစ်ကျော့ပြန်လာရေး စာချုပ်အပြီးသတ်နိုင်တော့မယ့်အခြေအနေနဲ့အတူဘောလုံးလောကတစ်ခုလုံးကိုအံ့ဩသင့်စေခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၀၉ခုနှစ်တုန်းကကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ရီးရဲလ်မက်ဒရစ်သို့မထွက်ခွာမီတုန်းကအိုးထရက်ဖို့ဒ်တွင်ပရိသတ်အချစ်တော်ကစားသမားအဖြစ်ရှိခဲ့သူလည်းဖြစ်ပါတယ်။

မန်ယူအတွင်းလူကပင် “ခရစ္စတီယာနိုကလက်ရှိအချိန်မှာကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ်ဆက်ရှိနေသေးလို့စာချုပ်ကောင်းလိုချင်ပါတယ်။ဒါပေမယ့်သူကမန်ချက်စတာယူနိုက်တက်သို့ပဲပြန်ချင်တာပါ။အိမ်သို့ပြန်လာချင်တယ်လို့သူပြောခဲ့တယ်။အခုသူဟာအိမ်ကိုရောက်နေပါပြီ”လို့ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူတွင်ပထမအကြိမ်ကစားတုန်းကပရီးမီးယားလိဂ်ဖလား၃ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာမန်ယူနှင့်တစ်နှစ်လုပ်ခပေါင်၂၅သန်းတန်၂နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးယင်းစာချုပ်မှာအနည်းဆုံးပေါင်သန်း၅၀အကျိုးခံစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာလက်ရှိအချိန်တွင်ချစ်သူဂျော့ဂျီနာရိုဒရီဂွက်ဇ်တို့ဟာတူရင်မှပေါ်တူဂီသို့ပြန်သွားခဲ့ကြပါတယ်။၎င်းတို့ဟာယခုရက်ပိုင်းအတွင်းမှာမန်ချက်စတာသသို့ရောက်လာဖို့ရှိပါတယ်။

၎င်းတို့ဟာမန်ချက်စတာမှာနေထိုင်ဖို့အတွက်နေအိမ်ရှာဖွေနေပြီလည်းဖြစ်ပါတယ်။

ZawGyi

မန္ယူတေက်ာ့ျပန္ခရီးတြင္ အနည္းဆုံးေပါင္သန္း ၅၀ ရရွိလာမယ့္ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူတစ္ေက်ာ့ျပန္ခရီးတြင္အနည္းဆုံးေပါင္သန္း၅၀ရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီစူပါစတားဟာၿပီးခဲ့တဲ့ရက္မ်ားအတြင္းအတြင္မန္စီးတီးသို႔ေျပာင္းေ႐ႊ႕ေရးေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့တယ္ဆိုေပမယ့္လြန္ခဲ့တဲ့လအနည္းငယ္ခန႔္ကတည္းကအသင္းေဟာင္းမန္ယူသို႔ေျပာင္းရန္ေဆြးေႏြးလာခဲ့သူလည္းျဖစ္ပါတယ္။

မန္ယူအတြင္းလူတစ္ဦးက “သူ႔ႏွလုံးသားထဲမွာေတာ့ယူႏိုက္တက္သို႔ဘဲျပန္ခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္ေပါင္သန္း၅၀၀ႂကြယ္ဝခ်မ္းသာတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ကညေနပိုင္းတုန္းကအိုးထရက္ဖို႔ဒ္သို႔တစ္ေက်ာ့ျပန္လာေရး စာခ်ဳပ္အၿပီးသတ္ႏိုင္ေတာ့မယ့္အေျခအေနနဲ႔အတူေဘာလုံးေလာကတစ္ခုလုံးကိုအံ့ဩသင့္ေစခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၀၉ခုႏွစ္တုန္းကကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ရီးရဲလ္မက္ဒရစ္သို႔မထြက္ခြာမီတုန္းကအိုးထရက္ဖို႔ဒ္တြင္ပရိသတ္အခ်စ္ေတာ္ကစားသမားအျဖစ္ရွိခဲ့သူလည္းျဖစ္ပါတယ္။

မန္ယူအတြင္းလူကပင္ “ခရစၥတီယာႏိုကလက္ရွိအခ်ိန္မွာကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးအျဖစ္ဆက္ရွိေနေသးလို႔စာခ်ဳပ္ေကာင္းလိုခ်င္ပါတယ္။ဒါေပမယ့္သူကမန္ခ်က္စတာယူႏိုက္တက္သို႔ပဲျပန္ခ်င္တာပါ။အိမ္သို႔ျပန္လာခ်င္တယ္လို႔သူေျပာခဲ့တယ္။အခုသူဟာအိမ္ကိုေရာက္ေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူတြင္ပထမအႀကိမ္ကစားတုန္းကပရီးမီးယားလိဂ္ဖလား၃ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာမန္ယူႏွင့္တစ္ႏွစ္လုပ္ခေပါင္၂၅သန္းတန္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီးယင္းစာခ်ဳပ္မွာအနည္းဆုံးေပါင္သန္း၅၀အက်ိဳးခံစားခြင့္ရရွိမွာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလက္ရွိအခ်ိန္တြင္ခ်စ္သူေဂ်ာ့ဂ်ီနာ႐ိုဒရီဂြက္ဇ္တို႔ဟာတူရင္မွေပၚတူဂီသို႔ျပန္သြားခဲ့ၾကပါတယ္။၎တို႔ဟာယခုရက္ပိုင္းအတြင္းမွာမန္ခ်က္စတာသသို႔ေရာက္လာဖို႔ရွိပါတယ္။

၎တို႔ဟာမန္ခ်က္စတာမွာေနထိုင္ဖို႔အတြက္ေနအိမ္ရွာေဖြေနၿပီလည္းျဖစ္ပါတယ္။