မန်ယူတွင် ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာပြီးနောက် မွေးရပ်မြေမှာ ဆုချီးမြှင့်ခံခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာမန်ယူတွင်ကမ္ဘာ့အဆင့်အလယ်တန်းကစားသမားတစ်ဦးဖြစ်လာပြီးနောက်မွေးရပ်မြေမိုင်ယာတွင်ထိပ်တန်းဆုတစ်ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာဘောလုံးအတွက်သယ်ပိုးဆောင်ရွက်မှုအတွက်မွေးရပ်မြေမှာဂုဏ်သိက္ခာကြီးမားတဲ့ဆုချီးမြှင့်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

မြို့တော်ဝန်အန်တိုနီယိုဒါဆေးလ်ဗားတီယာဂိုကသရဲနီစူပါစတားအားရွှေဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်က “မာယန်တစ်ယောက်ဖြစ်လာတာရယ်၊ဒီမှာမွေးဖွားလာမှုအတွက်ဂုဏ်ယူစရာပါ။အခုလိုဒီလိုဆုမျိုးချီးမြှင့်ခံရတာကျွန်တော့်အတွက်တကယ့်ကိုဂုဏ်ယူစရာပါ”လို့ဆိုသွားပါတယ်။

ဒါ့အပြင်မြို့တော်ဝန်တီယာဂိုက “ပေါ်တူဂီအတွက်ဘဲဖြစ်ဖြစ်၊မန်ယူအတွက်ဘဲဖြစ်ဖြစ် သူကမိုင်ယာရဲ့သူရဲကောင်းတစ်ဦးပါ။ကျွန်တော်တို့အရမ်းဂုဏ်ယူရပါတယ်။ကျွန်တော့်အမြင်ပြောရရင်သူကကျွန်တော်တို့ရဲ့လက်ရွေးစင်အသင်းတိုက်စစ်မှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ခြေရာကို နင်းမယ့်သူဖြစ်ပါတယ်။သူ့မှာကြီးမားတဲ့အနာဂတ်ပိုင်ဆိုင်ပါတယ်။သူကနှိမ့်ချနေတယ်။ဒါပေမယ့်သူကအရည်အချင်းရှိတယ်။ပြီးတော့လုပ်ပြနိုင်စွမ်းလည်းရှိတယ်”လို့ဆိုသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာလွန်ခဲ့တဲ့၁၈လတုန်းကစပို့တင်းလစ္စဘွန်းမှမန်ယူသို့ပေါင်၄၈သန်းဖြင့်ပြောင်းပြီးနောက်ပွဲ၈၀ကစားရာမှာဂိုး၄၀သွင်းယူထားပါတယ်။

ZawGyi

မန္ယူတြင္ ကမာၻ႔အဆင့္ကစားသမားျဖစ္လာၿပီးေနာက္ ေမြးရပ္ေျမမွာ ဆုခ်ီးျမႇင့္ခံခဲ့ရတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာမန္ယူတြင္ကမာၻ႔အဆင့္အလယ္တန္းကစားသမားတစ္ဦးျဖစ္လာၿပီးေနာက္ေမြးရပ္ေျမမိုင္ယာတြင္ထိပ္တန္းဆုတစ္ဆုခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာေဘာလုံးအတြက္သယ္ပိုးေဆာင္႐ြက္မႈအတြက္ေမြးရပ္ေျမမွာဂုဏ္သိကၡာႀကီးမားတဲ့ဆုခ်ီးျမႇင့္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

ၿမိဳ႕ေတာ္ဝန္အန္တိုနီယိုဒါေဆးလ္ဗားတီယာဂိုကသရဲနီစူပါစတားအားေ႐ႊဆုခ်ီးျမႇင့္ခဲ့တာျဖစ္ပါတယ္။

ဖာနန္ဒက္စ္က “မာယန္တစ္ေယာက္ျဖစ္လာတာရယ္၊ဒီမွာေမြးဖြားလာမႈအတြက္ဂုဏ္ယူစရာပါ။အခုလိုဒီလိုဆုမ်ိဳးခ်ီးျမႇင့္ခံရတာကြၽန္ေတာ့္အတြက္တကယ့္ကိုဂုဏ္ယူစရာပါ”လို႔ဆိုသြားပါတယ္။

ဒါ့အျပင္ၿမိဳ႕ေတာ္ဝန္တီယာဂိုက “ေပၚတူဂီအတြက္ဘဲျဖစ္ျဖစ္၊မန္ယူအတြက္ဘဲျဖစ္ျဖစ္ သူကမိုင္ယာရဲ႕သူရဲေကာင္းတစ္ဦးပါ။ကြၽန္ေတာ္တို႔အရမ္းဂုဏ္ယူရပါတယ္။ကြၽန္ေတာ့္အျမင္ေျပာရရင္သူကကြၽန္ေတာ္တို႔ရဲ႕လက္ေ႐ြးစင္အသင္းတိုက္စစ္မွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေျခရာကို နင္းမယ့္သူျဖစ္ပါတယ္။သူ႔မွာႀကီးမားတဲ့အနာဂတ္ပိုင္ဆိုင္ပါတယ္။သူကႏွိမ့္ခ်ေနတယ္။ဒါေပမယ့္သူကအရည္အခ်င္းရွိတယ္။ၿပီးေတာ့လုပ္ျပႏိုင္စြမ္းလည္းရွိတယ္”လို႔ဆိုသြားပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာလြန္ခဲ့တဲ့၁၈လတုန္းကစပို႔တင္းလစၥဘြန္းမွမန္ယူသို႔ေပါင္၄၈သန္းျဖင့္ေျပာင္းၿပီးေနာက္ပြဲ၈၀ကစားရာမွာဂိုး၄၀သြင္းယူထားပါတယ္။