မန်ယူတွင် ကာဗာနီကို ဆက်ထိန်းထားနိုင်ရန် ဆိုးလ်ရှားမျှော်လင့်နေ

အိုလီဂန်းနားဆိုးလ်ရှားကရာသီဥတုအပြောင်းအလဲဖြစ်လာမှုကအက်ဒီဆင်ကာဗာနီအားမန်ယူတွင်ဆက်ထိန်းထားနိုင်လာစေမယ့်အချက်တစ်ခုဖြစ်လာဖို့မျှော်လင့်နေပါတယ်။

မကြာသေးမီတုန်းကအက်ဒီဆင်ကာဗာနီရဲ့ဖခင်စီနီယာကာဗာနီကသားဖြစ်သူမှာအင်္ဂလန်တွင်မပျော်မရွှင်ဖြစ်နေပြီးမိသားစုနှင့်နီးနီးကပ်ကပ်နေထိုင်နိုင်အောင်တောင်အမေရိကသို့ပြန်ပြောင်းလာတော့မှာဖြစ်ကြောင်းထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အေစီမီလန်နှင့်ယူရိုပါလိဂ်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲတွင် ဆိုးလ်ရှားက “အက်ဒီဆင်ဟာအသင်းတွင်ကစားဖို့ အဆင့်ဖြစ်နိုင်ရေးအပေါ်မှာဘဲအပြည့်အဝအာရုံစိုက်နေပါတယ်။ကြံ့ခိုင်မှုပြည့်ဝဖို့အတွက်လည်းအစွမ်းကုန်လုပ် ဆောင်နေပါတယ်။ကျွန်တော့်စပိန်စကားပြောမကောင်းပေမယ့်သူ့အင်္ဂလိပ်စကားကောင်းပါတယ်။သူဟာမန်ချက်စတာယူနိုက်တက်မှာကစားရတာတကယ်ဂုဏ်ယူနေပါတယ်။သူကအမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်မယ့်သူ ဖြစ်ပါတယ်။အခုဆုံးဖြတ်ချက်မချရသေးပါဘူး။အရင်တုန်းကျွန်တော်တို့ပြောခဲ့သလိုဘဲသူကအသင်းအတွက် အ ကောင်းဆုံးလုပ်ပေးနေတဲ့သူပါ။အခုသူ့ကိုကွင်းထဲမှာပြန်မြင်ရအောင်လုပ်နေတယ်။မန်ချက်စတာမှာရာသီဥတုက လည်းပိုကောင်းလာတဲ့အချိန်မှာသူ့ကိုဒီမှာဆက်ရှိနိုင်အောင်ဖြောင်းဖြနိုင်မှာပါ”လို့ပြောကြားသွားပါတယ်။

ကာဗာနီဟာမန်ချက်စတာရဲ့စိုစွတ်တဲ့ရာသီဥတုနှင့်နေသားမကျဖြစ်နေတဲ့အပြင်အွန်လိုင်းတွင်နီဂရိုးဟုတင်ခဲ့တဲ့ ပို့စ်အတွက်သုံးပွဲပယ်ခံရမှုတို့ကြောင့်မပျော်မရွှင်ဖြစ်နေပါတယ်။

ZawGyi




