မန်ယူတွင် ကျောနံပါတ် ၇ ကို ဆန်ချို ဝတ်ဆင်မည်မဟုတ်။ ဆန်ချို ဘယ်ကျောနံပါတ်ကို ဝတ်မလဲသိရပြီ

မန်ယူဟာဆန်ချိုအားခေါ်ယူရေးကိုအပြီးသတ်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။မန်ယူဟာတစ်နှစ်ကျော်ကြာခေါ်ယူရေးကြိုးပမ်းလာခဲ့တဲ့ဆန်ချိုကိုဒေါ့မွန်မှပြောင်းရွှေ့ကြေးပေါင်၇၄သန်းဖြင့်သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။

ဆန်ချိုဟာမန်ယူသို့ပြောင်းရွှေ့ရေးအတွက်ဆေးစစ်ဆေးမှုခံယူထားပြီးဖြစ်သလိုနောက်ထပ်အသေးစိတ်အချက်အနည်းငယ်ကိုအပြီးသတ်ပြီးပါကစာချုပ်ကိစ္စအပြီးသတ်လုပ်ဆောင်သွားမှာဖြစ်ပြီးကစားသမားမိတ်ဆက်ပွဲပြုလုပ်ပါမယ်။

ဒါကြောင့်မန်ယူဟာလာမယ့်ရက်အနည်းငယ်အတွင်းမှာဆန်ချိုမိတ်ဆက်ပွဲပြုလုပ်လာဖို့တော့ရှိနေပါတယ်။ယနေ့မှာ The National News က အိုးထရက်ဖို့ဒ်တွင်ဆန်ချိုဝတ်ဆင်မယ့်ကျောနံပါတ်ကိုဖွင့်ချလာခဲ့ပြီဖြစ်ပါတယ်။

အစောပိုင်းတုန်းကအားလုံးကဆန်ချိုဟာမန်ယူတွင်ကျောနံပါတ်၇ကိုဝတ်ဆင်မယ်လို့ရေးသားဖော်ပြခဲ့ကြပါတယ်။

ဒါပေမယ့်လက်ရှိအချိန်တွင်ကျောနံပါတ်၇ကိုဝါရင့်တိုက်စစ်မှူးအက်ဒီဆင်ကာဗာနီကဝတ်ဆင်နေသလိုအန်တိုနီမာရှယ်ကကျောနံပါတ်၉နှင့်မေဆင်ဂရင်းဝုဒ်ကကျောနံပါတ်၁၁တို့ကိုဝတ်ဆင်နေပါတယ်။

ဒါကြောင့်ဆန်ချိုအနေဖြင့်တောင်ပံတိုက်စစ်သမားအတွက်ကိုက်ညီတဲ့ကျောနံပါတ်ကရွေးစရာမရှိဖြစ်နေပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရဆန်ချိုဟာမန်ယူမှာကျောနံပါတ်၁၆ကိုဝတ်ဆင်မယ်လို့သိရပါတယ်။ကျောနံပါတ်၁၆ကတောင်ပံကစားသမားများဝတ်လေ့ဝတ်ထရှိတဲ့ကျောနံပါတ်တော့မဟုတ်ပါဘူး။

ဒါပေမယ့်အိုးထရက်ဖို့ဒ်မှာကျောနံပါတ်၁၆ကဂန္ထဝင်နံပါတ်တစ်ခုဖြစ်ပါတယ်။မန်ယူမှာကျောနံပါတ်၁၆ကိုဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းနှင့်မိုက်ကယ်ကာရစ်တို့ဝတ်ဆင်ခဲ့ကြဖူးပါတယ်။

မိုက်ကယ်ကာရစ်နောက်ပိုင်းမှာကျောနံပါတ်၁၆ကိုမာကို့စ်ရိုဂျိုဝတ်ဆင်ခဲ့ပါတယ်။

မန်ယူဟာဆန်ချိုရဲ့အပြောင်းအရွှေ့အပြီးသတ်ရန်လုပ်ဆောင်နေသလိုမက်ဂွိုင်းယားနဲ့တွဲကစားဖို့အတွက်ရီးရဲလ်မက်ဒရစ်နောက်ခံလူဗာရိန်းနှင့်အက်သလက်တီကိုညာနောက်ခံလူထရစ်ပီယာတို့ကိုလည်းခေါ်ယူရေးလုပ်ဆောင်နေပါတယ်။

ZawGyi

မန္ယူတြင္ ေက်ာနံပါတ္ ၇ ကို ဆန္ခ်ိဳ ဝတ္ဆင္မည္မဟုတ္။ ဆန္ခ်ိဳ ဘယ္ေက်ာနံပါတ္ကို ဝတ္မလဲသိရၿပီ

မန္ယူဟာဆန္ခ်ိဳအားေခၚယူေရးကိုအၿပီးသတ္လုပ္ေဆာင္လိုက္ၿပီျဖစ္ပါတယ္။မန္ယူဟာတစ္ႏွစ္ေက်ာ္ၾကာေခၚယူေရးႀကိဳးပမ္းလာခဲ့တဲ့ဆန္ခ်ိဳကိုေဒါ့မြန္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၇၄သန္းျဖင့္သေဘာတူညီမႈရရွိသြားၿပီျဖစ္ပါတယ္။

ဆန္ခ်ိဳဟာမန္ယူသို႔ေျပာင္းေ႐ႊ႕ေရးအတြက္ေဆးစစ္ေဆးမႈခံယူထားၿပီးျဖစ္သလိုေနာက္ထပ္အေသးစိတ္အခ်က္အနည္းငယ္ကိုအၿပီးသတ္ၿပီးပါကစာခ်ဳပ္ကိစၥအၿပီးသတ္လုပ္ေဆာင္သြားမွာျဖစ္ၿပီးကစားသမားမိတ္ဆက္ပြဲျပဳလုပ္ပါမယ္။

ဒါေၾကာင့္မန္ယူဟာလာမယ့္ရက္အနည္းငယ္အတြင္းမွာဆန္ခ်ိဳမိတ္ဆက္ပြဲျပဳလုပ္လာဖို႔ေတာ့ရွိေနပါတယ္။ယေန႔မွာ The National News က အိုးထရက္ဖို႔ဒ္တြင္ဆန္ခ်ိဳဝတ္ဆင္မယ့္ေက်ာနံပါတ္ကိုဖြင့္ခ်လာခဲ့ၿပီျဖစ္ပါတယ္။

အေစာပိုင္းတုန္းကအားလုံးကဆန္ခ်ိဳဟာမန္ယူတြင္ေက်ာနံပါတ္၇ကိုဝတ္ဆင္မယ္လို႔ေရးသားေဖာ္ျပခဲ့ၾကပါတယ္။

ဒါေပမယ့္လက္ရွိအခ်ိန္တြင္ေက်ာနံပါတ္၇ကိုဝါရင့္တိုက္စစ္မႉးအက္ဒီဆင္ကာဗာနီကဝတ္ဆင္ေနသလိုအန္တိုနီမာရွယ္ကေက်ာနံပါတ္၉ႏွင့္ေမဆင္ဂရင္းဝုဒ္ကေက်ာနံပါတ္၁၁တို႔ကိုဝတ္ဆင္ေနပါတယ္။

ဒါေၾကာင့္ဆန္ခ်ိဳအေနျဖင့္ေတာင္ပံတိုက္စစ္သမားအတြက္ကိုက္ညီတဲ့ေက်ာနံပါတ္ကေ႐ြးစရာမရွိျဖစ္ေနပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရဆန္ခ်ိဳဟာမန္ယူမွာေက်ာနံပါတ္၁၆ကိုဝတ္ဆင္မယ္လို႔သိရပါတယ္။ေက်ာနံပါတ္၁၆ကေတာင္ပံကစားသမားမ်ားဝတ္ေလ့ဝတ္ထရွိတဲ့ေက်ာနံပါတ္ေတာ့မဟုတ္ပါဘူး။

ဒါေပမယ့္အိုးထရက္ဖို႔ဒ္မွာေက်ာနံပါတ္၁၆ကဂႏၴဝင္နံပါတ္တစ္ခုျဖစ္ပါတယ္။မန္ယူမွာေက်ာနံပါတ္၁၆ကိုဂႏၴဝင္အသင္းေခါင္းေဆာင္႐ြိဳင္ကိန္းႏွင့္မိုက္ကယ္ကာရစ္တို႔ဝတ္ဆင္ခဲ့ၾကဖူးပါတယ္။

မိုက္ကယ္ကာရစ္ေနာက္ပိုင္းမွာေက်ာနံပါတ္၁၆ကိုမာကို႔စ္႐ိုဂ်ိဳဝတ္ဆင္ခဲ့ပါတယ္။

မန္ယူဟာဆန္ခ်ိဳရဲ႕အေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္လုပ္ေဆာင္ေနသလိုမက္ဂြိဳင္းယားနဲ႔တြဲကစားဖို႔အတြက္ရီးရဲလ္မက္ဒရစ္ေနာက္ခံလူဗာရိန္းႏွင့္အက္သလက္တီကိုညာေနာက္ခံလူထရစ္ပီယာတို႔ကိုလည္းေခၚယူေရးလုပ္ေဆာင္ေနပါတယ္။