မန်ယူတွင် ခရစ္စတီယာနိုရော်နယ်ဒို ဘယ်ကျောနံပါတ်ကို ဝတ်ဆင်လာမလဲ?

ခရစ္စတီယာနိုရော်နယ်ဒိုဟာအိုးထရက်ဖို့ဒ်တကျော့ပြန်ခရီးတွင်သူ့ရဲ့ယခင်ကျောနံပါတ်ဟောင်းကျောနံပါတ်၇ကိုရွေးချယ်ဝတ်ဆင်သွားနိုင်ဆဲဖြစ်ပါတယ်။

မန်ယူဟာ၂၀၀၉ခုနှစ်တုန်းကအိုးထရက်ဖို့ဒ်ကိုစွန့်ခွာသွားခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရန်သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုအခါပေါ်တူဂီနိုင်ငံ၊လစ္စဘွန်းသို့ရောက်နေပြီးယင်းတွင်ဆေးစစ်မှုခံယူကာယခုရက်ပိုင်းအတွင်းတွင်မန်ချက်စတာသို့ရောက်လာပါမယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူနှင့်စာချုပ်ချုပ်ဆိုပြီးတဲ့အချိိန်မှာယခင်တုန်းကသူဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၇ကိုဝတ်ဆင်ဖို့ဆန္ဒပြင်းပြနေမှာသေချာနေပါတယ်။

ဒါပေမယ့်ဂျော့ဘတ်စ်၊အဲရစ်ကန်တိုနာ၊ဒေးဗစ်ဘက်ဟမ်းတို့ဝတ်ဆင်ခဲ့တဲ့ဖူးတဲ့ကျောနံပါတ်၇ကိုလက်ရှိအချိန်မှာကာဗာနီကဝတ်ဆင်နေပါတယ်။

ဒါပေမယ့်လည်းကာဗာနီဟာယခုရာသီမှာမန်ယူအတွက်တစ်ပွဲမျှကစားရသေးခြင်းမရှိသေးမှုနဲ့အတူခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်ကျောနံပါတ်၇ကိုရွေးချယ်နိုင်တုန်းဖြစ်ပါတယ်။

တစ်ဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာအကြောင်းကြောင်းကြောင့်ကျောနံပါတ်၇ကိုမရွေးချယ်နိုင်ပါကလည်းကျောနံပါတ်၂၈ကိုရွေးချယ်သွားဖို့ရှိနေပါတယ်။

ပေါ်တူဂီစူပါစတားဟာ၂၀၀၃ခုနှစ်တုန်းကမန်ယူသို့မပြောင်းရွှေ့မီစပို့တင်းလစ္စဘွန်းမှာကစားတုန်းကကျောနံပါတ်၂၈ကိုဝတ်ဆင်ကစားသွားနိုင်ပါတယ်။

ရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်သို့စတင်ရောက်ရှိတဲ့ရာသီမှာတုန်းကကျောနံပါတ်၉ကိုဝတ်ဆင်ခဲ့ပြီးရာအူးလ်ထွက်ခွာသွားချိန်တွင်မှကျောနံပါတ်၇ကိုပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။လက်ရှိအချိန်တွင်မန်ယူရဲ့ကျောနံပါတ်၉ကိုမာရှယ်ကဝတ်ဆင်နေပါတယ်။

တကယ်လို့များခရစ္စတီယာနိုရော်နယ်ဒိုကိုသူ့ရဲ့အမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ကျောနံပါတ်၇ဖြင့်မမြင်တွေ့ရပါကအံ့ဩစရာအနေအထားဖြင့်ရှိနေပါတယ်။တစ်ဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာ CR7 အမှတ်တံဆိပ်ဖြင့်အဝတ်အစားများထုတ်လုပ်ရောင်းချနေတဲ့သူဖြစ်ပါတယ်။

ယင်းသို့အနေအထားဖြင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာကျောနံပါတ်၇ကိုဝတ်ဆင်နိုင်ဖို့ဦးစားကြိုးပမ်းသွားဖို့လည်းရှိနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်မန်ယူတွင်ရွေးချယ်ဖို့လစ်လပ်နေတဲ့ကျောနံပါတ်များကတော့ ၁၂၊၁၅၊၂၄၊၃၀၊၃၁၊၃၃၊၃၅ တို့ဖြစ်ပါတယ်။

ZawGyi

မန္ယူတြင္ ခရစၥတီယာႏိုေရာ္နယ္ဒို ဘယ္ေက်ာနံပါတ္ကို ဝတ္ဆင္လာမလဲ?

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအိုးထရက္ဖို႔ဒ္တေက်ာ့ျပန္ခရီးတြင္သူ႔ရဲ႕ယခင္ေက်ာနံပါတ္ေဟာင္းေက်ာနံပါတ္၇ကိုေ႐ြးခ်ယ္ဝတ္ဆင္သြားႏိုင္ဆဲျဖစ္ပါတယ္။

မန္ယူဟာ၂၀၀၉ခုႏွစ္တုန္းကအိုးထရက္ဖို႔ဒ္ကိုစြန႔္ခြာသြားခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူရန္သေဘာတူညီမႈရရွိထားၿပီးျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုအခါေပၚတူဂီႏိုင္ငံ၊လစၥဘြန္းသို႔ေရာက္ေနၿပီးယင္းတြင္ေဆးစစ္မႈခံယူကာယခုရက္ပိုင္းအတြင္းတြင္မန္ခ်က္စတာသို႔ေရာက္လာပါမယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးတဲ့အခ်ိိန္မွာယခင္တုန္းကသူဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၇ကိုဝတ္ဆင္ဖို႔ဆႏၵျပင္းျပေနမွာေသခ်ာေနပါတယ္။

ဒါေပမယ့္ေဂ်ာ့ဘတ္စ္၊အဲရစ္ကန္တိုနာ၊ေဒးဗစ္ဘက္ဟမ္းတို႔ဝတ္ဆင္ခဲ့တဲ့ဖူးတဲ့ေက်ာနံပါတ္၇ကိုလက္ရွိအခ်ိန္မွာကာဗာနီကဝတ္ဆင္ေနပါတယ္။

ဒါေပမယ့္လည္းကာဗာနီဟာယခုရာသီမွာမန္ယူအတြက္တစ္ပြဲမွ်ကစားရေသးျခင္းမရွိေသးမႈနဲ႔အတူခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္ေက်ာနံပါတ္၇ကိုေ႐ြးခ်ယ္ႏိုင္တုန္းျဖစ္ပါတယ္။

တစ္ဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအေၾကာင္းေၾကာင္းေၾကာင့္ေက်ာနံပါတ္၇ကိုမေ႐ြးခ်ယ္ႏိုင္ပါကလည္းေက်ာနံပါတ္၂၈ကိုေ႐ြးခ်ယ္သြားဖို႔ရွိေနပါတယ္။

ေပၚတူဂီစူပါစတားဟာ၂၀၀၃ခုႏွစ္တုန္းကမန္ယူသို႔မေျပာင္းေ႐ႊ႕မီစပို႔တင္းလစၥဘြန္းမွာကစားတုန္းကေက်ာနံပါတ္၂၈ကိုဝတ္ဆင္ကစားသြားႏိုင္ပါတယ္။

ေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္သို႔စတင္ေရာက္ရွိတဲ့ရာသီမွာတုန္းကေက်ာနံပါတ္၉ကိုဝတ္ဆင္ခဲ့ၿပီးရာအူးလ္ထြက္ခြာသြားခ်ိန္တြင္မွေက်ာနံပါတ္၇ကိုေျပာင္းလဲဝတ္ဆင္ခဲ့ပါတယ္။လက္ရွိအခ်ိန္တြင္မန္ယူရဲ႕ေက်ာနံပါတ္၉ကိုမာရွယ္ကဝတ္ဆင္ေနပါတယ္။

တကယ္လို႔မ်ားခရစၥတီယာႏိုေရာ္နယ္ဒိုကိုသူ႔ရဲ႕အမွတ္အသားတစ္ခုလိုျဖစ္ေနတဲ့ေက်ာနံပါတ္၇ျဖင့္မျမင္ေတြ႕ရပါကအံ့ဩစရာအေနအထားျဖင့္ရွိေနပါတယ္။တစ္ဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ CR7 အမွတ္တံဆိပ္ျဖင့္အဝတ္အစားမ်ားထုတ္လုပ္ေရာင္းခ်ေနတဲ့သူျဖစ္ပါတယ္။

ယင္းသို႔အေနအထားျဖင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေက်ာနံပါတ္၇ကိုဝတ္ဆင္ႏိုင္ဖို႔ဦးစားႀကိဳးပမ္းသြားဖို႔လည္းရွိေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္မန္ယူတြင္ေ႐ြးခ်ယ္ဖို႔လစ္လပ္ေနတဲ့ေက်ာနံပါတ္မ်ားကေတာ့ ၁၂၊၁၅၊၂၄၊၃၀၊၃၁၊၃၃၊၃၅ တို႔ျဖစ္ပါတယ္။