မန်ယူတွင် ဆက်ကစားကာ နေရာအတွက် တိုက်ပွဲဝင်သွားမယ့် လင်ဂတ်

ဂျက်စီလင်ဂတ်ဟာဝက်စ်ဟမ်းအသင်းရဲ့စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်းမန်ယူတွင်ပင်ဆက်လက်ကစားကာနေရာအတွက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးစာချုပ်သစ်ပင်ချုပ်ဆိုသွားနိုင်ကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိအင်္ဂလန်အလယ်တန်းကစားသမားဟာ၂၀၂၀-၂၁ရာသီ ရာသီဝက်ကာလတုန်းကဝက်စ်ဟမ်းသို့အငှားဖြင့်သွားရောက်ကစားစဉ်ခြေစွမ်းပြကစားခဲ့သူလည်းဖြစ်ပါတယ်။

လင်ဂတ်ဟာဝက်စ်ဟမ်းနှင့်ကစားစဉ်ခြေစွမ်းပြကစားနိုင်မှုကြောင့်အင်္ဂလန်အသင်းတွင်နေရာပြန်လည်ရရှိလာခဲ့ပါတယ်။ဒါပေမယ့်ကံဆိုးစွာပင်ယူရို၂၀၂၀အပြီးသတ်စာရင်းမှာတော့မပါဝင်ခဲ့ပါဘူး။

ဒါပေမယ့်လည်းအလယ်တန်းတိုက်စစ်သမားဟာဝက်စ်ဟမ်းသို့အပြီးသတ်ပြောင်းရေးထက်မန်ယူတွင်ပင်ဆက်ကစားကာနေရာအတွက်တိုက်ပွဲဝင်လိုနေကြောင်း The Athletic ကဖော်ပြသွားပါတယ်။

သူဟာဝက်စ်ဟမ်းတွင်ရာသီဝက်အငှားဖြင့်သွားရောက်ကစားစဉ်အတွင်း၁၆ပွဲကစားခဲ့ရာမှာ၉ဂိုးသွင်းယူပြီး၄ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ဟာလင်ဂတ်ကိုလန်ဒန်သို့အပြီးသတ်ခေါ်ယူလိုနေပါတယ်။ဒါပေမယ့်မန်ယူကရာသီဝက်ကာလအတွင်းခြေစွမ်းပြကစားခဲ့တဲ့လင်ဂတ်အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၃၀အလိုရှိနေပါတယ်။

ဝက်စ်ဟမ်းကလည်းတစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့လင်ဂတ်အတွက်ထိုမျှအထိပြောင်းရွှေ့ကြေးအသုံးပြုလိုခြင်းမရှိပါဘူး။

တဖက်တွင်လင်ဂတ်အနေဖြင့်မန်ယူတွင်လာမယ့်ရာသီတွင်ဆက်လက်ကစားမည်ဆိုပါကစာချုပ်သစ်ချုပ်ဆိုဖို့လိုနေပါတယ်။မန်ယူအနေဖြင့်စာချုပ်သစ်မချုပ်ဆိုလျှင်လင်ဂတ်ကိုလာမယ့်နွေမှာအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရမှာဖြစ်လို့ယခုနွေမှာရတဲ့ဈေးဖြင့်ရောင်းချသွားဖို့ရှိပါတယ်။

ZawGyi

မန္ယူတြင္ ဆက္ကစားကာ ေနရာအတြက္ တိုက္ပြဲဝင္သြားမယ့္ လင္ဂတ္

ဂ်က္စီလင္ဂတ္ဟာဝက္စ္ဟမ္းအသင္းရဲ႕စိတ္ဝင္စားျခင္းခံေနရေပမယ့္လည္းမန္ယူတြင္ပင္ဆက္လက္ကစားကာေနရာအတြက္တိုက္ပြဲဝင္သြားမွာျဖစ္ၿပီးစာခ်ဳပ္သစ္ပင္ခ်ဳပ္ဆိုသြားႏိုင္ေၾကာင္းသိရပါတယ္။

အသက္၂၈ႏွစ္ရွိအဂၤလန္အလယ္တန္းကစားသမားဟာ၂၀၂၀-၂၁ရာသီ ရာသီဝက္ကာလတုန္းကဝက္စ္ဟမ္းသို႔အငွားျဖင့္သြားေရာက္ကစားစဥ္ေျခစြမ္းျပကစားခဲ့သူလည္းျဖစ္ပါတယ္။

လင္ဂတ္ဟာဝက္စ္ဟမ္းႏွင့္ကစားစဥ္ေျခစြမ္းျပကစားႏိုင္မႈေၾကာင့္အဂၤလန္အသင္းတြင္ေနရာျပန္လည္ရရွိလာခဲ့ပါတယ္။ဒါေပမယ့္ကံဆိုးစြာပင္ယူ႐ို၂၀၂၀အၿပီးသတ္စာရင္းမွာေတာ့မပါဝင္ခဲ့ပါဘူး။

ဒါေပမယ့္လည္းအလယ္တန္းတိုက္စစ္သမားဟာဝက္စ္ဟမ္းသို႔အၿပီးသတ္ေျပာင္းေရးထက္မန္ယူတြင္ပင္ဆက္ကစားကာေနရာအတြက္တိုက္ပြဲဝင္လိုေနေၾကာင္း The Athletic ကေဖာ္ျပသြားပါတယ္။

သူဟာဝက္စ္ဟမ္းတြင္ရာသီဝက္အငွားျဖင့္သြားေရာက္ကစားစဥ္အတြင္း၁၆ပြဲကစားခဲ့ရာမွာ၉ဂိုးသြင္းယူၿပီး၄ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။

ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္ဟာလင္ဂတ္ကိုလန္ဒန္သို႔အၿပီးသတ္ေခၚယူလိုေနပါတယ္။ဒါေပမယ့္မန္ယူကရာသီဝက္ကာလအတြင္းေျခစြမ္းျပကစားခဲ့တဲ့လင္ဂတ္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၃၀အလိုရွိေနပါတယ္။

ဝက္စ္ဟမ္းကလည္းတစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့လင္ဂတ္အတြက္ထိုမွ်အထိေျပာင္းေ႐ႊ႕ေၾကးအသုံးျပဳလိုျခင္းမရွိပါဘူး။

တဖက္တြင္လင္ဂတ္အေနျဖင့္မန္ယူတြင္လာမယ့္ရာသီတြင္ဆက္လက္ကစားမည္ဆိုပါကစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔လိုေနပါတယ္။မန္ယူအေနျဖင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုလွ်င္လင္ဂတ္ကိုလာမယ့္ေႏြမွာအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္ရမွာျဖစ္လို႔ယခုေႏြမွာရတဲ့ေဈးျဖင့္ေရာင္းခ်သြားဖို႔ရွိပါတယ္။