မန်ယူတွင် ဆက်ကစားကာ နေရာတိုက်ပွဲဝင်လိုကြောင်း ဆိုးလ်ရှားကို ပယ်လီစထရီပြောကြားလာ

မန်ယူတောင်ပံတိုက်စစ်သမားဖာကန်ဒိုပယ်လီစထရီဟာသူ့ကစားသမားဘဝတိုးတက်ရေးအတွက်ပွဲပိုမိုကစားခွင့်ရရှိမယ့်အခြားကလပ်တစ်ခုသို့အငှားချရန်မန်ယူနည်းပြဆိုးလ်ရှားကပြောကြားမှုအပေါ်လက်မခံနိုင်အောင်ဖြစ်နေပါတယ်။

အသက်၁၉နှစ်ရှိတောင်ပံကစားသမားဟာပြီးခဲ့တဲ့ရာသီတုန်းကဥရုဂွေးကလပ်ပီနာရိုးလ်မှပေါင်၉သန်းဖြင့်ပြောင်းလာပြီးနောက်မန်ယူအတွက်စီနီယာပွဲတစ်ပွဲမျှမကစားရသေးပါဘူး။

သူဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကအလာဗက်စ်သို့အငှားဖြင့်သွားရောက်ကစားခဲ့ရာတွင်၁၂ပွဲကစားခွင့်ရရှိခဲ့သော်လည်းဂိုးသွင်းနိုင်ခဲ့ခြင်းမရှိသလိုဖန်တီးနိုင်ခဲ့ခြင်းလည်းမရှိပါဘူး။

သူဟာမနေ့ညတုန်းကဒါဘီအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ရာသီကြိုခြေစမ်းပွဲမှာဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါဘီနှင့်ပွဲအပြီးတွင် ဆိုးလ်ရှားက “သူ့ကိုအငှားချထားနိုင်ပါတယ်။သူ့အတွက်ကောင်းလာစရာတွေအများကြီးရှိပါတယ်။သူ့ကောင်းဖို့အတွက်ဘဲအငှားချမှာပါ”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်ပယ်လီစထရီကတော့ “အလာဗက်စ်သို့အငှားနဲ့သွားကစားခဲ့တယ်။အားလုံးအဆင်ပြေတယ်။အခုအကောင်းဆုံးကြိုးစားနေတယ်။ဒီမှာဆက်ရှိချင်ပါတယ်။ဒါပေမယ့်အလုပ်ဆက်ပြီးကြိုးစားမယ်။ပိုကောင်းလာအောင်လုပ်ပါမယ်။ဒီမှာပါရမီရှင်လူငယ်တွေအများကြီးပါ။အားလုံးလည်းတိုးတက်ချင်ကြသလိုလေ့ကျင့်ခန်းလည်းအပြင်းအထန်လုပ်ကြပါတယ်။လူငယ်တွေအကောင်းဆုံးကြိုးစားပြီးပထမအသင်းမှာပါဝင်ခွင့်ရဖို့ကြိုးစားနေတာကြည့်ပြီးပျော်ရပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ယူတြင္ ဆက္ကစားကာ ေနရာတိုက္ပြဲဝင္လိုေၾကာင္း ဆိုးလ္ရွားကို ပယ္လီစထရီေျပာၾကားလာ

မန္ယူေတာင္ပံတိုက္စစ္သမားဖာကန္ဒိုပယ္လီစထရီဟာသူ႔ကစားသမားဘဝတိုးတက္ေရးအတြက္ပြဲပိုမိုကစားခြင့္ရရွိမယ့္အျခားကလပ္တစ္ခုသို႔အငွားခ်ရန္မန္ယူနည္းျပဆိုးလ္ရွားကေျပာၾကားမႈအေပၚလက္မခံႏိုင္ေအာင္ျဖစ္ေနပါတယ္။

အသက္၁၉ႏွစ္ရွိေတာင္ပံကစားသမားဟာၿပီးခဲ့တဲ့ရာသီတုန္းကဥ႐ုေဂြးကလပ္ပီနာ႐ိုးလ္မွေပါင္၉သန္းျဖင့္ေျပာင္းလာၿပီးေနာက္မန္ယူအတြက္စီနီယာပြဲတစ္ပြဲမွ်မကစားရေသးပါဘူး။

သူဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကအလာဗက္စ္သို႔အငွားျဖင့္သြားေရာက္ကစားခဲ့ရာတြင္၁၂ပြဲကစားခြင့္ရရွိခဲ့ေသာ္လည္းဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိသလိုဖန္တီးႏိုင္ခဲ့ျခင္းလည္းမရွိပါဘူး။

သူဟာမေန႔ညတုန္းကဒါဘီအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ရာသီႀကိဳေျခစမ္းပြဲမွာဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါဘီႏွင့္ပြဲအၿပီးတြင္ ဆိုးလ္ရွားက “သူ႔ကိုအငွားခ်ထားႏိုင္ပါတယ္။သူ႔အတြက္ေကာင္းလာစရာေတြအမ်ားႀကီးရွိပါတယ္။သူ႔ေကာင္းဖို႔အတြက္ဘဲအငွားခ်မွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ပယ္လီစထရီကေတာ့ “အလာဗက္စ္သို႔အငွားနဲ႔သြားကစားခဲ့တယ္။အားလုံးအဆင္ေျပတယ္။အခုအေကာင္းဆုံးႀကိဳးစားေနတယ္။ဒီမွာဆက္ရွိခ်င္ပါတယ္။ဒါေပမယ့္အလုပ္ဆက္ၿပီးႀကိဳးစားမယ္။ပိုေကာင္းလာေအာင္လုပ္ပါမယ္။ဒီမွာပါရမီရွင္လူငယ္ေတြအမ်ားႀကီးပါ။အားလုံးလည္းတိုးတက္ခ်င္ၾကသလိုေလ့က်င့္ခန္းလည္းအျပင္းအထန္လုပ္ၾကပါတယ္။လူငယ္ေတြအေကာင္းဆုံးႀကိဳးစားၿပီးပထမအသင္းမွာပါဝင္ခြင့္ရဖို႔ႀကိဳးစားေနတာၾကည့္ၿပီးေပ်ာ္ရပါတယ္”လို႔ေျပာၾကားသြားပါတယ္။