မန်ယူတွင် ဆက်ကစားရန် ပေါလ်ပေါ့ဘာကို ဗာရိန်းတိုက်တွန်း

ရာဖေးလ်ဗာရိန်းဟာကစားဖော်ပေါလ်ပေါ့ဘာအားမန်ချက်စတာယူနိုက်တက်တွင်ဆက်နေရန်လူသိရှင်ကြားတိုက်တွန်းမှုပြုလုပ်လာပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့်သူဖြစ်ပြီးဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာဆွေးနွေးပြီးအကြိုစာချုပ်ချုပ်ဆိုထားနိုင်ပါတယ်။

လက်ရှိအချိန်တွင်ပေါလ်ပေါ့ဘာကို ဘာစီလိုနာ၊ဂျူဗင်တပ်နှင့်ပီအက်စ်ဂျီတို့ကပေါ့ဘာကိုခေါ်ယူရန်ဆန္ဒရှိနေကြပါတယ်။

မန်ယူဟာလည်းအသက်၂၈နှစ်ရှိပေါ့ဘာကိုလက်လွှတ်ရန်အစီအစဉ်မရှိဘဲရော်နယ်ဒိုပြီးလျှင်မန်ယူရဲ့ဒုတိယလုပ်ခအများဆုံးကစားသမားအဖြစ်လုပ်ခတိုးမြှင့်ကာစာချုပ်သစ်ချုပ်ဆိုရန်ဆန္ဒရှိနေပါတယ်။

ယခုအခါဗာရိန်းက”သူ့ဆုံးဖြတ်ချက်ကတော့အဓိကကျပါတယ်။ဒါပေမယ့်ကျွန်တော်ကတော့သူဒီမှာကာလရှည်ကြာဆက်ရှိနေဖို့မျှော်လင့်ပါတယ်။သူကစိတ်လှုပ်ရှားဖို့ကောင်းတဲ့ကစားသမားတစ်ဦးပါ။သူဆက်ရှိနေဖို့မျှော်လင့်နေတာအသေအချာပါပဲ။သူ ရှိနေလို့ကျွန်တော် ဒီကိုရောက်လာတော့မှာမဟုတ်ပါဘူး။ဒါပေမယ့်ကလပ်ရဲ့နေ့စဉ်ဖြတ်သန်းပုံတွေကိုတော့မေးမြန်းခဲ့ပါတယ်။သူ့အမြင်ဘယ်လိုရှိတယ်ဆိုတာကကျွန်တော့်အတွက်အရေးပါခဲ့ပါတယ်။ကလပ်၊အသင်းနဲ့ကလပ်ရဲ့ရည်မှန်းချက်တွေကိုသူ့ဆီကသိခဲ့ရပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဗာရိန်းဟာရီးရဲလ်မက်ဒရစ်အသင်းဗဟိုခံစစ်တွင်ရာမို့စ်နှင့်ဆယ်စုနှစ်တစ်ခုကြာတွဲကစားပြီးနောက်မန်ယူသို့ရောက်လာခဲ့တာဖြစ်ပါတယ်။သူဟာမန်ယူတွင်ဟယ်ရီမက်ဂွိုင်းယားနှင့်လက်တွဲကာအကောင်းဆုံးခံစစ်တည်ဆောက်ရန်ကြိုးပမ်းနေပါတယ်။

ZawGyi

မန္ယူတြင္ ဆက္ကစားရန္ ေပါလ္ေပါ့ဘာကို ဗာရိန္းတိုက္တြန္း

ရာေဖးလ္ဗာရိန္းဟာကစားေဖာ္ေပါလ္ေပါ့ဘာအားမန္ခ်က္စတာယူႏိုက္တက္တြင္ဆက္ေနရန္လူသိရွင္ၾကားတိုက္တြန္းမႈျပဳလုပ္လာပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည့္သူျဖစ္ၿပီးဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာေဆြးေႏြးၿပီးအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထားႏိုင္ပါတယ္။

လက္ရွိအခ်ိန္တြင္ေပါလ္ေပါ့ဘာကို ဘာစီလိုနာ၊ဂ်ဴဗင္တပ္ႏွင့္ပီအက္စ္ဂ်ီတို႔ကေပါ့ဘာကိုေခၚယူရန္ဆႏၵရွိေနၾကပါတယ္။

မန္ယူဟာလည္းအသက္၂၈ႏွစ္ရွိေပါ့ဘာကိုလက္လႊတ္ရန္အစီအစဥ္မရွိဘဲေရာ္နယ္ဒိုၿပီးလွ်င္မန္ယူရဲ႕ဒုတိယလုပ္ခအမ်ားဆုံးကစားသမားအျဖစ္လုပ္ခတိုးျမႇင့္ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ဆႏၵရွိေနပါတယ္။

ယခုအခါဗာရိန္းက”သူ႔ဆုံးျဖတ္ခ်က္ကေတာ့အဓိကက်ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့သူဒီမွာကာလရွည္ၾကာဆက္ရွိေနဖို႔ေမွ်ာ္လင့္ပါတယ္။သူကစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ကစားသမားတစ္ဦးပါ။သူဆက္ရွိေနဖို႔ေမွ်ာ္လင့္ေနတာအေသအခ်ာပါပဲ။သူ ရွိေနလို႔ကြၽန္ေတာ္ ဒီကိုေရာက္လာေတာ့မွာမဟုတ္ပါဘူး။ဒါေပမယ့္ကလပ္ရဲ႕ေန႔စဥ္ျဖတ္သန္းပုံေတြကိုေတာ့ေမးျမန္းခဲ့ပါတယ္။သူ႔အျမင္ဘယ္လိုရွိတယ္ဆိုတာကကြၽန္ေတာ့္အတြက္အေရးပါခဲ့ပါတယ္။ကလပ္၊အသင္းနဲ႔ကလပ္ရဲ႕ရည္မွန္းခ်က္ေတြကိုသူ႔ဆီကသိခဲ့ရပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဗာရိန္းဟာရီးရဲလ္မက္ဒရစ္အသင္းဗဟိုခံစစ္တြင္ရာမို႔စ္ႏွင့္ဆယ္စုႏွစ္တစ္ခုၾကာတြဲကစားၿပီးေနာက္မန္ယူသို႔ေရာက္လာခဲ့တာျဖစ္ပါတယ္။သူဟာမန္ယူတြင္ဟယ္ရီမက္ဂြိဳင္းယားႏွင့္လက္တြဲကာအေကာင္းဆုံးခံစစ္တည္ေဆာက္ရန္ႀကိဳးပမ္းေနပါတယ္။