မန်ယူတွင် ဆက်နေတဲ့ ဂျက်စီလင်ဂတ် ရည်မှန်းချက်မရှိသူဟု ဝေဖန်ခံရ

talkSPORT မှဝေဖန်သုံးသပ်သူထရီဗော်ဆင်ကလဲယားကမန်ယူရဲ့ဂျက်စီလင်ဂတ်အား ရည်မှန်းချက်နည်းပါးသူလို့ဝေဖန်ပြောကြားလိုက်ပါတယ်။

လင်ဂတ်ဟာနွေရာသီအပြောင်းအရွှေ့တုန်းကဝက်စ်ဟမ်းရဲ့အပြီးသတ်ခေါ်ယူရန်ကမ်းလှမ်းမှုအားပယ်ချကာမန်ယူတွင်ဆက်ကစားနေသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကဝက်စ်ဟမ်းတွင်အငှားဖြင့်ကစားစဉ်ခြေစွမ်းပြမှုနဲ့အတူအင်္ဂလန်လက်ရွေးစင်မှာပြန်လည်ရွေးချယ်ခြင်းခံနေရတဲ့လင်ဂတ်ဟာမန်ယူတွင်နေရာရရှိရန်ရုန်းကန်လာရမှာဖြစ်ပေမယ့်ဆက်ကစားရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းတွင်ကစားခဲ့တဲ့ဆင်ကလဲယားက “အာမခံချက်မပေးတာတောင်စာချုပ်သစ်ချုပ်မယ်ဆိုရင်တော့သူကရည်မှန်းချက်နည်းတဲ့သူဆိုတာမြင်နိုင်ပါတယ်။ဝက်စ်ဟမ်းကိုဘာလို့အပြီးသတ်မပြောင်းတာလဲ။သူကဝက်စ်ဟမ်းမှာအချစ်ခံခဲ့ရတယ်။အဓိကကစားသမားလည်းဖြစ်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။

လင်ဂတ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကမန်ယူတွင်ကစားခဲ့တဲ့ခြောက်လအတွင်းတွင်တစ်ပွဲတည်းသာကစားခွင့်ရထားပါတယ်။သူဟာဝက်စ်ဟမ်းသို့အငှားဖြင့်ပြောင်းပြီးနောက်၁၆ပွဲအထိကစားခွင့်ရရှိခဲ့ကာ၉ဂိုးသွင်းခဲ့တဲ့အပြင်၆ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

သူဟာယခုနွေတွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဆန်ချိုတို့ရောက်လာမှုနဲ့အတူနေရာရရှိရန်ပိုမိုခက်ခဲလာဦးမှာဖြစ်ပါတယ်။

ZawGyi

မန္ယူတြင္ ဆက္ေနတဲ့ ဂ်က္စီလင္ဂတ္ ရည္မွန္းခ်က္မရွိသူဟု ေဝဖန္ခံရ

talkSPORT မွေဝဖန္သုံးသပ္သူထရီေဗာ္ဆင္ကလဲယားကမန္ယူရဲ႕ဂ်က္စီလင္ဂတ္အား ရည္မွန္းခ်က္နည္းပါးသူလို႔ေဝဖန္ေျပာၾကားလိုက္ပါတယ္။

လင္ဂတ္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းကဝက္စ္ဟမ္းရဲ႕အၿပီးသတ္ေခၚယူရန္ကမ္းလွမ္းမႈအားပယ္ခ်ကာမန္ယူတြင္ဆက္ကစားေနသူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကဝက္စ္ဟမ္းတြင္အငွားျဖင့္ကစားစဥ္ေျခစြမ္းျပမႈနဲ႔အတူအဂၤလန္လက္ေ႐ြးစင္မွာျပန္လည္ေ႐ြးခ်ယ္ျခင္းခံေနရတဲ့လင္ဂတ္ဟာမန္ယူတြင္ေနရာရရွိရန္႐ုန္းကန္လာရမွာျဖစ္ေပမယ့္ဆက္ကစားရန္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းတြင္ကစားခဲ့တဲ့ဆင္ကလဲယားက “အာမခံခ်က္မေပးတာေတာင္စာခ်ဳပ္သစ္ခ်ဳပ္မယ္ဆိုရင္ေတာ့သူကရည္မွန္းခ်က္နည္းတဲ့သူဆိုတာျမင္ႏိုင္ပါတယ္။ဝက္စ္ဟမ္းကိုဘာလို႔အၿပီးသတ္မေျပာင္းတာလဲ။သူကဝက္စ္ဟမ္းမွာအခ်စ္ခံခဲ့ရတယ္။အဓိကကစားသမားလည္းျဖစ္ခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

လင္ဂတ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကမန္ယူတြင္ကစားခဲ့တဲ့ေျခာက္လအတြင္းတြင္တစ္ပြဲတည္းသာကစားခြင့္ရထားပါတယ္။သူဟာဝက္စ္ဟမ္းသို႔အငွားျဖင့္ေျပာင္းၿပီးေနာက္၁၆ပြဲအထိကစားခြင့္ရရွိခဲ့ကာ၉ဂိုးသြင္းခဲ့တဲ့အျပင္၆ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။

သူဟာယခုေႏြတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဆန္ခ်ိဳတို႔ေရာက္လာမႈနဲ႔အတူေနရာရရွိရန္ပိုမိုခက္ခဲလာဦးမွာျဖစ္ပါတယ္။