မန်ယူတွင် ဘယ်သူမှ မထင်မှတ်ထားတဲ့ ကျောနံပါတ်ကို ရယူလာမယ့် ရာဖေးလ်ဗာရိန်း

ဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရရာဖေးလ်ဗာရိန်းဟာမန်ယူမှာကျောနံပါတ်၄ကိုရယူဝတ်ဆင်သွားမှာမဟုတ်ကြောင်းသိရပါတယ်။

ပြင်သစ်ဗဟိုနောက်ခံလူဟာဇူလိုင်လကုန်ကတည်းကရီးရဲလ်မက်ဒရစ်မှမန်ယူသို့ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။

သူဟာမန်ယူသို့ပြောင်းရွှေ့ရန်အတွက်ကွာရန်တင်းဝင်နေခဲ့ရကာယခုအခါအပြောင်းအရွှေ့အပြီးသတ်ရေးအတွက်ဆေးစစ်ဆေးမှုခံယူထားပြီးဖြစ်ပါတယ်။

သူဟာယနေ့ညမှာမန်ယူကစားသမားအဖြစ်တရားဝင်မိတ်ဆက်သွားဖို့ရှိနေပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရအသက်၂၈နှစ်ရှိဗာရိန်းဟာမန်ယူအသင်းမှာဘယ်သူမှထင်မှတ်မထားတဲ့ကျောနံပါတ်ကိုဝတ်ဆင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ဗာရိန်းဟာရီးရဲလ်မက်ဒရစ်တွင်ကစားစဉ်တုန်းကကျောနံပါတ်၂နှင့်ကျောနံပါတ်၅တို့ကိုဝတ်ဆင်ခဲ့သူဖြစ်ပြီးပြင်သစ်လက်ရွေးစင်အသင်းတွင်ကျောနံပါတ်၄ကိုပုံမှန်ဝတ်ဆင်လာခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်တွင်မန်ယူအသင်းမှာဖီးလ်ဂျုံးစ်ကကျောနံပါတ်၄ကိုဝတ်ဆင်လာခဲ့တာဆယ်နှစ်ကျော်ပြီဖြစ်ပါတယ်။ဒါပေမယ့်သူဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလမှစတင်ကာမန်ယူအတွက်တစ်ပွဲမျှကစားခွင့်မရလာပါဘူး။

လက်ရှိအချိန်တွင်မန်ယူတွင်ဝတ်ဆင်သူမဲ့ကျောနံပါတ်အဖြစ်မိုက်ကယ်ကာရစ်နှင့်ရွိုင်ကိန်းတို့ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၆နှင့်ခရစ်စမောလင်းဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၂တို့လွတ်နေပါတယ်။ဒါကြောင့်ဗာရိန်းဟာယင်းကျောနံပါတ်နှစ်ခုမှတစ်ခုကိုဝတ်ဆင်သွားဖို့ရှိပါတယ်။

ယခုနွေရာသီတွင်မန်ယူသို့ရောက်လာတဲ့ဆန်ချိုဟာကျောနံပါတ်၂၅ကိုရယူပြီးအားလုံးအံ့ဩသင့်အောင်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။အစောပိုင်းတုန်းကဆန်ချိုဟာကျောနံပါတ်၁၇ကိုရယူမယ်လို့ခန့်မှန်းခြင်းခံခဲ့ရတာပါ။

ZawGyi

မန္ယူတြင္ ဘယ္သူမွ မထင္မွတ္ထားတဲ့ ေက်ာနံပါတ္ကို ရယူလာမယ့္ ရာေဖးလ္ဗာရိန္း

ၿဗိတိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရရာေဖးလ္ဗာရိန္းဟာမန္ယူမွာေက်ာနံပါတ္၄ကိုရယူဝတ္ဆင္သြားမွာမဟုတ္ေၾကာင္းသိရပါတယ္။

ျပင္သစ္ဗဟိုေနာက္ခံလူဟာဇူလိုင္လကုန္ကတည္းကရီးရဲလ္မက္ဒရစ္မွမန္ယူသို႔ေျပာင္းေ႐ႊ႕ကစားရန္သေဘာတူညီမႈရရွိထားၿပီးျဖစ္ပါတယ္။

သူဟာမန္ယူသို႔ေျပာင္းေ႐ႊ႕ရန္အတြက္ကြာရန္တင္းဝင္ေနခဲ့ရကာယခုအခါအေျပာင္းအေ႐ႊ႕အၿပီးသတ္ေရးအတြက္ေဆးစစ္ေဆးမႈခံယူထားၿပီးျဖစ္ပါတယ္။

သူဟာယေန႔ညမွာမန္ယူကစားသမားအျဖစ္တရားဝင္မိတ္ဆက္သြားဖို႔ရွိေနပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအသက္၂၈ႏွစ္ရွိဗာရိန္းဟာမန္ယူအသင္းမွာဘယ္သူမွထင္မွတ္မထားတဲ့ေက်ာနံပါတ္ကိုဝတ္ဆင္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ဗာရိန္းဟာရီးရဲလ္မက္ဒရစ္တြင္ကစားစဥ္တုန္းကေက်ာနံပါတ္၂ႏွင့္ေက်ာနံပါတ္၅တို႔ကိုဝတ္ဆင္ခဲ့သူျဖစ္ၿပီးျပင္သစ္လက္ေ႐ြးစင္အသင္းတြင္ေက်ာနံပါတ္၄ကိုပုံမွန္ဝတ္ဆင္လာခဲ့သူျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူအသင္းမွာဖီးလ္ဂ်ဳံးစ္ကေက်ာနံပါတ္၄ကိုဝတ္ဆင္လာခဲ့တာဆယ္ႏွစ္ေက်ာ္ၿပီျဖစ္ပါတယ္။ဒါေပမယ့္သူဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလမွစတင္ကာမန္ယူအတြက္တစ္ပြဲမွ်ကစားခြင့္မရလာပါဘူး။

လက္ရွိအခ်ိန္တြင္မန္ယူတြင္ဝတ္ဆင္သူမဲ့ေက်ာနံပါတ္အျဖစ္မိုက္ကယ္ကာရစ္ႏွင့္႐ြိဳင္ကိန္းတို႔ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၆ႏွင့္ခရစ္စေမာလင္းဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၂တို႔လြတ္ေနပါတယ္။ဒါေၾကာင့္ဗာရိန္းဟာယင္းေက်ာနံပါတ္ႏွစ္ခုမွတစ္ခုကိုဝတ္ဆင္သြားဖို႔ရွိပါတယ္။

ယခုေႏြရာသီတြင္မန္ယူသို႔ေရာက္လာတဲ့ဆန္ခ်ိဳဟာေက်ာနံပါတ္၂၅ကိုရယူၿပီးအားလုံးအံ့ဩသင့္ေအာင္လုပ္ေဆာင္ခဲ့ၿပီးျဖစ္ပါတယ္။အေစာပိုင္းတုန္းကဆန္ခ်ိဳဟာေက်ာနံပါတ္၁၇ကိုရယူမယ္လို႔ခန႔္မွန္းျခင္းခံခဲ့ရတာပါ။