
ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်တွင်ကစားသမားဘဝမှအနားယူရန်မျှော်လင့်နေကြောင်းသိရပါတယ်။
ပေါ်တူဂီစူပါစတားဟာကစားသမားဘဝမှအနားယူပြီးနောက်မန်ယူတွင်ပင်လူငယ်အသင်းနည်းပြအဖြစ်တာဝန်ထမ်းဆောင်ပြီးသားဖြစ်သူခရစ္စတီယာနိုဂျူနီယာကိုဂရုစိုက်သင်ပြပေးရန်မျှော်လင့်နေတာလည်းဖြစ်ပါတယ်။
အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာမန်ယူနှင့်နှစ်နှစ်စာချုပ်ချုပ်ဆိုထားပြီးစာချုပ်အတွင်းတွင်တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့်အချက်ကိုထည့်သွင်းထားပါတယ်။
ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုကရောနည်းပြအိုလီဂန်းနားဆိုးလ်ရှားကပါ အသက်၄၀နှစ်ကျော်အထိထိပ်တန်းအဆင့်တွင်ကစားနိုင်မယ်လို့ယုံကြည်နေပါတယ်။
ရော်နယ်ဒိုဟာမန်ယူတွင်ပင်ကစားသမားဘဝအနားယူပြီးအသက်၁၈နှစ်အရွယ်တုန်းကသူမန်ယူသို့ရောက်စဉ်တုန်းကသူ့ခြေစွမ်းများစွာတိုးတက်အောင်လုပ်ပေးခဲ့တဲ့မန်ယူအသင်းတွင်ပင်လူငယ်အသင်းနည်းပြအဖြစ်တာဝန်ယူလိုနေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့သားကြီးအသက်၁၁နှစ်ရှိခရစ္စတီယာနိုဂျူနီယာဟာမန်ယူလူငယ်အသင်းတွင်ကစားနေပါတယ်။သူဟာမန်ယူလူငယ်အသင်းမှာဝိန်းရွန်းနီရဲ့သား၊နီမင်ဂျာမာတစ်ရဲ့သားတို့နှင့်အတူကစားနေတာလည်းဖြစ်ပါတယ်။
ခရစ္စတီယာနိုဂျူနီယာဟာဂျူဗင်တပ်လူငယ်အသင်းတွင်ကစားခဲ့ဖူးသူဖြစ်ပြီးလေးဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။
ZawGyi
မန္ယူတြင္ အနားယူကာ လူငယ္အသင္းနည္းျပအျဖစ္ တာဝန္ယူၿပီး သားကို နည္းျပရန္ ေရာ္နယ္ဒိုစီစဥ္ထား
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္တြင္ကစားသမားဘဝမွအနားယူရန္ေမွ်ာ္လင့္ေနေၾကာင္းသိရပါတယ္။
ေပၚတူဂီစူပါစတားဟာကစားသမားဘဝမွအနားယူၿပီးေနာက္မန္ယူတြင္ပင္လူငယ္အသင္းနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ၿပီးသားျဖစ္သူခရစၥတီယာႏိုဂ်ဴနီယာကိုဂ႐ုစိုက္သင္ျပေပးရန္ေမွ်ာ္လင့္ေနတာလည္းျဖစ္ပါတယ္။
အသက္၃၆ႏွစ္ရွိေရာ္နယ္ဒိုဟာမန္ယူႏွင့္ႏွစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္ထပ္မံသက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုထည့္သြင္းထားပါတယ္။
ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုကေရာနည္းျပအိုလီဂန္းနားဆိုးလ္ရွားကပါ အသက္၄၀ႏွစ္ေက်ာ္အထိထိပ္တန္းအဆင့္တြင္ကစားႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။
ေရာ္နယ္ဒိုဟာမန္ယူတြင္ပင္ကစားသမားဘဝအနားယူၿပီးအသက္၁၈ႏွစ္အ႐ြယ္တုန္းကသူမန္ယူသို႔ေရာက္စဥ္တုန္းကသူ႔ေျခစြမ္းမ်ားစြာတိုးတက္ေအာင္လုပ္ေပးခဲ့တဲ့မန္ယူအသင္းတြင္ပင္လူငယ္အသင္းနည္းျပအျဖစ္တာဝန္ယူလိုေနပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕သားႀကီးအသက္၁၁ႏွစ္ရွိခရစၥတီယာႏိုဂ်ဴနီယာဟာမန္ယူလူငယ္အသင္းတြင္ကစားေနပါတယ္။သူဟာမန္ယူလူငယ္အသင္းမွာဝိန္း႐ြန္းနီရဲ႕သား၊နီမင္ဂ်ာမာတစ္ရဲ႕သားတို႔ႏွင့္အတူကစားေနတာလည္းျဖစ္ပါတယ္။
ခရစၥတီယာႏိုဂ်ဴနီယာဟာဂ်ဴဗင္တပ္လူငယ္အသင္းတြင္ကစားခဲ့ဖူးသူျဖစ္ၿပီးေလးဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။