မန်ယူထက်လက်ဦးမှုရယူပြီး ထိပ်တန်းနည်းပြကို ကမ္ဘာ့တတိယအမြင့်ဆုံးလုပ်ခဖြင့် ခန့်အပ်ရန် နယူးကာဆယ်ကြိုးပမ်းနေ

နယူးကာဆယ်ဟာပရီးမီးယားလိဂ်ပြိုင်ဘက်မန်ယူအသင်းထက်လက်ဦးမှုရယူပြီးထိပ်တန်းနည်းပြတစ်ဦးအားကမ္ဘာ့တတိယလုပ်ခအမြင့်မားဆုံးနည်းပြအဖြစ်ခန့်အပ်နိုင်ရန်ကြိုးပမ်းနေပါတယ်။

Daily Mail သတင်းစာကနယူးကာဆယ်ဟာအေဂျက်စ်အသင်းနည်းပြအဲရစ်တင်ဟက်ကိုတစ်နှစ်လုပ်ခပေါင်၁၁သန်းဖြင့်နည်းပြအဖြစ်ခန့်အပ်ရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။

တကယ်လို့များ ဒတ်ချ်လူမျိုးနည်းပြဟာနယူးကာဆယ်နည်းပြရာထူးကိုလက်ခံလိုက်ပါကပက်ဂွါဒီယိုလာ(ပေါင်သန်း၂၀)၊ဂျာဂင်ကလော့ပ်(ပေါင်၁၅သန်း)တို့ပြီးလျှင်ကမ္ဘာ့တတိယလုပ်ခအများဆုံးရရှိတဲ့နည်းပြဖြစ်လာပါမယ်။

အဆိုပါပမာဏမှာအေဂျက်စ်နည်းပြအဲရစ်တင်ဟက်အတွက်အလွန်မြင့်မားတဲ့ပမာဏဖြစ်ကာငြင်းဆန်ဖို့ခက်ခဲတဲ့ပမာဏလည်းဖြစ်ပါတယ်။

နယူးကာဆယ်ဟာအဲရစ်တင်ဟက်ကိုမန်ယူကလည်းဆိုးလ်ရှားရဲ့နေရာတွင်အစားထိုးရန်လျာထားမှုနဲ့အတူယင်းကဲ့သို့ငြင်းဆန်နိုင်ခြင်းမရှိတဲ့လုပ်ခပေးရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။

အဲရစ်တင်ဟက်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကမော်ရင်ဟိုရဲ့နေရာတွင်အစားထိုးရန်စပါးစ်အသင်းရဲ့ကမ်းလှမ်းမှုခံခဲ့ရပေမယ့်အေဂျက်စ်ကိုဆက်လက်ကိုင်တွယ်ရန်ဆုံးဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။

နယူးကာဆယ်ဟာအစောပိုင်းတုန်းကစတိဗ်ဘရုစ်နေရာတွင်အစားထိုးရန်ဖွန်ဆီကာနှင့်ဆွေးနွေးခဲ့ပေမယ့်အောင်မြင်ခဲ့ပုံမရပါဘူး။၎င်းတို့ဟာလူစီယန်ဖာဗရီ၊ဖရန့်လမ်းပတ်၊ရောဘတ်တိုမာတီနက်ဇ်တို့ကိုလည်းလျာထားစာရင်းမှာထည့်သွင်းထားပါတယ်။

ZawGyi

မန္ယူထက္လက္ဦးမႈရယူၿပီး ထိပ္တန္းနည္းျပကို ကမာၻ႔တတိယအျမင့္ဆုံးလုပ္ချဖင့္ ခန႔္အပ္ရန္ နယူးကာဆယ္ႀကိဳးပမ္းေန

နယူးကာဆယ္ဟာပရီးမီးယားလိဂ္ၿပိဳင္ဘက္မန္ယူအသင္းထက္လက္ဦးမႈရယူၿပီးထိပ္တန္းနည္းျပတစ္ဦးအားကမာၻ႔တတိယလုပ္ခအျမင့္မားဆုံးနည္းျပအျဖစ္ခန႔္အပ္ႏိုင္ရန္ႀကိဳးပမ္းေနပါတယ္။

Daily Mail သတင္းစာကနယူးကာဆယ္ဟာေအဂ်က္စ္အသင္းနည္းျပအဲရစ္တင္ဟက္ကိုတစ္ႏွစ္လုပ္ခေပါင္၁၁သန္းျဖင့္နည္းျပအျဖစ္ခန႔္အပ္ရန္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

တကယ္လို႔မ်ား ဒတ္ခ်္လူမ်ိဳးနည္းျပဟာနယူးကာဆယ္နည္းျပရာထူးကိုလက္ခံလိုက္ပါကပက္ဂြါဒီယိုလာ(ေပါင္သန္း၂၀)၊ဂ်ာဂင္ကေလာ့ပ္(ေပါင္၁၅သန္း)တို႔ၿပီးလွ်င္ကမာၻ႔တတိယလုပ္ခအမ်ားဆုံးရရွိတဲ့နည္းျပျဖစ္လာပါမယ္။

အဆိုပါပမာဏမွာေအဂ်က္စ္နည္းျပအဲရစ္တင္ဟက္အတြက္အလြန္ျမင့္မားတဲ့ပမာဏျဖစ္ကာျငင္းဆန္ဖို႔ခက္ခဲတဲ့ပမာဏလည္းျဖစ္ပါတယ္။

နယူးကာဆယ္ဟာအဲရစ္တင္ဟက္ကိုမန္ယူကလည္းဆိုးလ္ရွားရဲ႕ေနရာတြင္အစားထိုးရန္လ်ာထားမႈနဲ႔အတူယင္းကဲ့သို႔ျငင္းဆန္ႏိုင္ျခင္းမရွိတဲ့လုပ္ခေပးရန္စီစဥ္ေနတာလည္းျဖစ္ပါတယ္။

အဲရစ္တင္ဟက္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကေမာ္ရင္ဟိုရဲ႕ေနရာတြင္အစားထိုးရန္စပါးစ္အသင္းရဲ႕ကမ္းလွမ္းမႈခံခဲ့ရေပမယ့္ေအဂ်က္စ္ကိုဆက္လက္ကိုင္တြယ္ရန္ဆုံးျဖတ္ခဲ့သူလည္းျဖစ္ပါတယ္။

နယူးကာဆယ္ဟာအေစာပိုင္းတုန္းကစတိဗ္ဘ႐ုစ္ေနရာတြင္အစားထိုးရန္ဖြန္ဆီကာႏွင့္ေဆြးေႏြးခဲ့ေပမယ့္ေအာင္ျမင္ခဲ့ပုံမရပါဘူး။၎တို႔ဟာလူစီယန္ဖာဗရီ၊ဖရန႔္လမ္းပတ္၊ေရာဘတ္တိုမာတီနက္ဇ္တို႔ကိုလည္းလ်ာထားစာရင္းမွာထည့္သြင္းထားပါတယ္။