မန်ယူနည်းပြဖြစ်လာလျှင် ဒီကစားသမား ၉ ဦးကို တည်ပြီး မန်ယူကို ကွန်တီတည်ဆောက်မည်

အန်တိုနီယိုကွန်တီဟာမန်ချက်စတာယူနိုက်တက်နည်းပြအဖြစ်ခန့်အပ်ခြင်းခံရလျှင်အသင်းကိုသူ့စိတ်ကြိုက်ကစားသမား၉ဦးနှင့်တည်ဆောက်ရန်လျာထားပြီးဖြစ်ကြောင်းသိရပါတယ်။ကွန်တီရဲ့အစီအစဉ်ထဲတွင် အင်္ဂလန်လက်ရွေးစင်များဖြစ်ကြတဲ့ဟယ်ရီမက်ဂွိုင်းယားနှင့်လုခ်ရှောတို့ပါဝင်ခြင်းမရှိမှုနဲ့၎င်းတို့မှာနေရာပျောက်ရနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။

ဂျူဗင်တပ်၊ချဲလ်ဆီးနှင့်အင်တာမီလန်နည်းပြဟောင်းဟာအနာဂတ်မရေမရာဖြစ်နေတဲ့အိုလီဂန်းနားဆိုးလ်ရှားနေရာတွင်အစားထိုးခန့်အပ်ခြင်းခံရရန်ရေပန်းစားနေသူဖြစ်ပါတယ်။

ဆိုးလ်ရှားဟာလီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နောက်ဆုံးပရီးမီးယားလိဂ်လေးပွဲဆက်နိုင်ပွဲပျောက်မှုနဲ့အတူစနေနေ့စပါးစ်နှင့်ပွဲတွင်ရှုံးနိမ့်ပါကထုတ်ပယ်ခံရမယ်လို့သတင်းများထွက်နေပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကကွန်တီကိုစီးရီးအေဖလားရယူပြီးနောက်ရက်အနည်းငယ်အကြာတွင်ကလပ်နှင့်သဘောထားကွဲလွဲမှုဖြစ်ပြီးထွက်ခွာခဲ့သူလည်းဖြစ်ပါတယ်။

သူ့ဟာလူကာကူကိုအကောင်းဆုံးပုံစံရရှိလာအောင်အရောင်သွေးပေးခဲ့သူဖြစ်တဲ့အပြင်နည်းပြဘဝတွင်ထိပ်သီးကလပ်များတင်မကအီတလီအသင်းကိုလည်းကိုင်တွယ်ခဲ့ဖူးရာစတားကစားသမားများကိုဘယ်လိုကိုင်တွယ်ရမလဲကောင်းကောင်းသိသူလည်းဖြစ်ပါတယ်။

Gazzetta dello Sport ရဲ့ဖော်ပြချက်အရအန်တိုနီယိုကွန်တီဟာမန်ယူအသင်းမှကစားသမားများကိုလေ့လာမှုများပြုလုပ်ထားပြီးအသင်းရှိကစားသမား၉ဦးဖြင့်အသင်းကိုအဓိကတည်ဆောက်သွားရန်စီစဉ်ထားပြီးဖြစ်ကြောင်းသိရပါတယ်။

ကွန်တီရဲ့မန်ယူအသင်းတွင်အဓိကနေရာမှပါဝင်လာကြမယ့်သူများမှာခရစ္စတီယာနိုရော်နယ်ဒို၊အဲလက်စ်တဲလ်လက်စ်၊ဘရူနိုဖာနန်ဒက်စ်၊ပေါလ်ပေါ့ဘာ၊ရာဖေးလ်ဗာရိန်း၊အန်တိုနီမာရှယ်၊ဂျာဒွန်ဆန်ချို၊မားကပ်စ်ရပ်ရှ်ဖို့ဒ်နှင့်မေဆင်ဂရင်းဝုဒ်တို့ဖြစ်ကြပါတယ်။

ဒါကြောင့်လက်ရှိမန်ယူအသင်းမှအရေးပါတဲ့ကစားသမားများဖြစ်ကြတဲ့ဟယ်ရီမက်ဂွိုင်းယား၊ဝမ်ဘစ်ဆာကာနှင့်လုခ်ရှောတို့မှာကွန်တီသာမန်ယူနည်းပြဖြစ်လာပါကနေရာရရှိရေးအပြင်းအထန်တိုက်ပွဲဝင်ရမယ့်အနေအထားမျိုးမှာရှိနေသလိုဖရက်၊စကော့မက်တိုမီနေးတို့မှာလည်း နေရာရရန်မရေမရာဖြစ်လာပါတယ်။

ZawGyi

မန္ယူနည္းျပျဖစ္လာလွ်င္ ဒီကစားသမား ၉ ဦးကို တည္ၿပီး မန္ယူကို ကြန္တီတည္ေဆာက္မည္

အန္တိုနီယိုကြန္တီဟာမန္ခ်က္စတာယူႏိုက္တက္နည္းျပအျဖစ္ခန႔္အပ္ျခင္းခံရလွ်င္အသင္းကိုသူ႔စိတ္ႀကိဳက္ကစားသမား၉ဦးႏွင့္တည္ေဆာက္ရန္လ်ာထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။ကြန္တီရဲ႕အစီအစဥ္ထဲတြင္ အဂၤလန္လက္ေ႐ြးစင္မ်ားျဖစ္ၾကတဲ့ဟယ္ရီမက္ဂြိဳင္းယားႏွင့္လုခ္ေရွာတို႔ပါဝင္ျခင္းမရွိမႈနဲ႔၎တို႔မွာေနရာေပ်ာက္ရႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။

ဂ်ဴဗင္တပ္၊ခ်ဲလ္ဆီးႏွင့္အင္တာမီလန္နည္းျပေဟာင္းဟာအနာဂတ္မေရမရာျဖစ္ေနတဲ့အိုလီဂန္းနားဆိုးလ္ရွားေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံရရန္ေရပန္းစားေနသူျဖစ္ပါတယ္။

ဆိုးလ္ရွားဟာလီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ေနာက္ဆုံးပရီးမီးယားလိဂ္ေလးပြဲဆက္ႏိုင္ပြဲေပ်ာက္မႈနဲ႔အတူစေနေန႔စပါးစ္ႏွင့္ပြဲတြင္ရႈံးနိမ့္ပါကထုတ္ပယ္ခံရမယ္လို႔သတင္းမ်ားထြက္ေနပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကကြန္တီကိုစီးရီးေအဖလားရယူၿပီးေနာက္ရက္အနည္းငယ္အၾကာတြင္ကလပ္ႏွင့္သေဘာထားကြဲလြဲမႈျဖစ္ၿပီးထြက္ခြာခဲ့သူလည္းျဖစ္ပါတယ္။

သူ႔ဟာလူကာကူကိုအေကာင္းဆုံးပုံစံရရွိလာေအာင္အေရာင္ေသြးေပးခဲ့သူျဖစ္တဲ့အျပင္နည္းျပဘဝတြင္ထိပ္သီးကလပ္မ်ားတင္မကအီတလီအသင္းကိုလည္းကိုင္တြယ္ခဲ့ဖူးရာစတားကစားသမားမ်ားကိုဘယ္လိုကိုင္တြယ္ရမလဲေကာင္းေကာင္းသိသူလည္းျဖစ္ပါတယ္။

Gazzetta dello Sport ရဲ႕ေဖာ္ျပခ်က္အရအန္တိုနီယိုကြန္တီဟာမန္ယူအသင္းမွကစားသမားမ်ားကိုေလ့လာမႈမ်ားျပဳလုပ္ထားၿပီးအသင္းရွိကစားသမား၉ဦးျဖင့္အသင္းကိုအဓိကတည္ေဆာက္သြားရန္စီစဥ္ထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။

ကြန္တီရဲ႕မန္ယူအသင္းတြင္အဓိကေနရာမွပါဝင္လာၾကမယ့္သူမ်ားမွာခရစၥတီယာႏိုေရာ္နယ္ဒို၊အဲလက္စ္တဲလ္လက္စ္၊ဘ႐ူႏိုဖာနန္ဒက္စ္၊ေပါလ္ေပါ့ဘာ၊ရာေဖးလ္ဗာရိန္း၊အန္တိုနီမာရွယ္၊ဂ်ာဒြန္ဆန္ခ်ိဳ၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္ႏွင့္ေမဆင္ဂရင္းဝုဒ္တို႔ျဖစ္ၾကပါတယ္။

ဒါေၾကာင့္လက္ရွိမန္ယူအသင္းမွအေရးပါတဲ့ကစားသမားမ်ားျဖစ္ၾကတဲ့ဟယ္ရီမက္ဂြိဳင္းယား၊ဝမ္ဘစ္ဆာကာႏွင့္လုခ္ေရွာတို႔မွာကြန္တီသာမန္ယူနည္းျပျဖစ္လာပါကေနရာရရွိေရးအျပင္းအထန္တိုက္ပြဲဝင္ရမယ့္အေနအထားမ်ိဳးမွာရွိေနသလိုဖရက္၊စေကာ့မက္တိုမီေနးတို႔မွာလည္း ေနရာရရန္မေရမရာျဖစ္လာပါတယ္။