မန်ယူနည်းပြဖြစ်လာရန် ရေပန်းစားသူများထဲမှာ ခရစ္စတီယာနိုရော်နယ်ဒိုလည်း ပါဝင်လာ

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်နည်းပြသစ်ဖြစ်လာရန် ရေပန်းစားဆုံးနည်းပြများစာရင်းမှာ နံပါတ်၇ အဖြစ်ပါဝင်လာပါတယ်။ဗြိတိန်ဘွတ်ကီဒိုင် Paddy Power ကခရစ္စတီယာနိုရော်နယ်ဒိုအား၁၉/၁ဖြင့်မန်ယူနည်းပြရာထူးအတွက်လောင်းကြေးဖွင့်လာတာလည်းဖြစ်ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာလီဗာပူးကိုအရှက်တကွဲရှုံးနိမ့်ပြီးနောက်ဖိအားများနှင့်ကြုံလာရပါတယ်။မန်ယူဘုတ်အဖွဲ့ကဆိုးလ်ရှားအားလာမယ့်စနေနေ့တွင်ကစားမယ့်စပါးစ်နှင့်ပွဲအထိအနည်းဆုံးအခွင့်အရေးပေးထားပါတယ်။ဒါ့အပြင်ဗြိတိန်မီဒီယာအချို့တို့ကမန်ယူဟာဆိုးလ်ရှားဟာလာမယ့်သုံးပွဲအထိ အခွင့်အရေးပေးထားကြောင်းလည်းသိရပါတယ်။

လက်ရှိအချိန်တွင် Paddy Power ရဲ့မန်ယူနည်းပြရာထူးအတွက် ရေပန်းအစားဆုံးစာရင်းတွင် အန်တိုနီယိုကွန်တီကို ၈/၁၁ ဖြင့်ဖွင့်လှစ်ပေးထားပြီး ဘရန်ဒန်ရော်ဂျာ(၆/၁)၊ဇီဒန်း(၉/၁)၊အဲရစ်တင်ဟက်(၁၁/၁)၊ပိုချက်တီနို(၁၁/၁)၊ဂရေဟမ်ပေါ့တာ(၁၄/၁)တို့ပါဝင်နေခဲ့ပါတယ်။ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်း၁၉/၁ဖြင့်ထည့်သွင်းလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအတွေ့အကြုံရင့်နည်းပြများဖြစ်ကြတဲ့ရန်နစ်ခ်၊လူစီယန်ဖာဗရီ၊အယ်လီဂရီ၊မိုက်ကယ်ကာရစ်၊ဒါရင်းဖလက်ချာတို့ထက် ရေပန်းစားနေတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မန်ယူသို့ပြန်လည်ရောက်ရှိလာပြီးနောက်၉ပွဲကစားထားရာမှာ၆ဂိုးသွင်းထားပါတယ်။သူဟာယန်းဘွိုင်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဆိုးလ်ရှားနဲ့အတူကစားသမားများအားကွင်းဘေးမှအော်ဟစ်ညွှန်ကြားနေမှုကြောင့်မန်ယူကစားသမားဟောင်းများရဲ့ဝေဖန်မှုများနှင့်ကြုံခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

မန္ယူနည္းျပျဖစ္လာရန္ ေရပန္းစားသူမ်ားထဲမွာ ခရစၥတီယာႏိုေရာ္နယ္ဒိုလည္း ပါဝင္လာ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ျဖစ္လာရန္ ေရပန္းစားဆုံးနည္းျပမ်ားစာရင္းမွာ နံပါတ္၇ အျဖစ္ပါဝင္လာပါတယ္။ၿဗိတိန္ဘြတ္ကီဒိုင္ Paddy Power ကခရစၥတီယာႏိုေရာ္နယ္ဒိုအား၁၉/၁ျဖင့္မန္ယူနည္းျပရာထူးအတြက္ေလာင္းေၾကးဖြင့္လာတာလည္းျဖစ္ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာလီဗာပူးကိုအရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ဖိအားမ်ားႏွင့္ႀကဳံလာရပါတယ္။မန္ယူဘုတ္အဖြဲ႕ကဆိုးလ္ရွားအားလာမယ့္စေနေန႔တြင္ကစားမယ့္စပါးစ္ႏွင့္ပြဲအထိအနည္းဆုံးအခြင့္အေရးေပးထားပါတယ္။ဒါ့အျပင္ၿဗိတိန္မီဒီယာအခ်ိဳ႕တို႔ကမန္ယူဟာဆိုးလ္ရွားဟာလာမယ့္သုံးပြဲအထိ အခြင့္အေရးေပးထားေၾကာင္းလည္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္ Paddy Power ရဲ႕မန္ယူနည္းျပရာထူးအတြက္ ေရပန္းအစားဆုံးစာရင္းတြင္ အန္တိုနီယိုကြန္တီကို ၈/၁၁ ျဖင့္ဖြင့္လွစ္ေပးထားၿပီး ဘရန္ဒန္ေရာ္ဂ်ာ(၆/၁)၊ဇီဒန္း(၉/၁)၊အဲရစ္တင္ဟက္(၁၁/၁)၊ပိုခ်က္တီႏို(၁၁/၁)၊ဂေရဟမ္ေပါ့တာ(၁၄/၁)တို႔ပါဝင္ေနခဲ့ပါတယ္။ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုလည္း၁၉/၁ျဖင့္ထည့္သြင္းလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအေတြ႕အႀကဳံရင့္နည္းျပမ်ားျဖစ္ၾကတဲ့ရန္နစ္ခ္၊လူစီယန္ဖာဗရီ၊အယ္လီဂရီ၊မိုက္ကယ္ကာရစ္၊ဒါရင္းဖလက္ခ်ာတို႔ထက္ ေရပန္းစားေနတာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မန္ယူသို႔ျပန္လည္ေရာက္ရွိလာၿပီးေနာက္၉ပြဲကစားထားရာမွာ၆ဂိုးသြင္းထားပါတယ္။သူဟာယန္းဘြိဳင္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဆိုးလ္ရွားနဲ႔အတူကစားသမားမ်ားအားကြင္းေဘးမွေအာ္ဟစ္ၫႊန္ၾကားေနမႈေၾကာင့္မန္ယူကစားသမားေဟာင္းမ်ားရဲ႕ေဝဖန္မႈမ်ားႏွင့္ႀကဳံခဲ့ရသူလည္းျဖစ္ပါတယ္။