မန်ယူနည်းပြဘဝဆက်လက်ရှင်သန်ရေးအတွက် ရော်နယ်ဒိုအပါအဝင်စီနီယာကစားသမား ၆ ဦးနှင့်အကြေအလည်ဆွေးနွေးခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာအသင်းရဲ့ရာသီကိုကယ်တင်နိုင်ရေးအတွက်စီနီယာကစားသမားများနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

ဆိုးလ်ရှားဦးဆောင်တဲ့မန်ယူဟာနောက်ဆုံး၁၂ပွဲမှာ၆ပွဲရှုံးနိမ့်ထားပြီးရာထူးမှထုတ်ပယ်ခံရရန်ဖိအားများနေပါတယ်။ဆိုးလ်ရှားဟာအသင်းရဲ့စီနီယာကစားသမားများဖြစ်ကြတဲ့ခရစ္စတီယာနိုရော်နယ်ဒို၊ဟယ်ရီမက်ဂွိုင်းယား၊ဘရူနိုဖာနန်ဒက်စ်၊လုခ်ရှော၊ဗစ်တာလင်ဒီလော့ဖ်၊နီမင်ဂျာမာတစ်တို့ကိုခေါ်ယူတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရဆိုးလ်ရှားဟာကြာသပတေးနေ့နေ့လည်၁၀တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်စီနီယာကစားသမားများကိုခေါ်ယူဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာနည်းစနစ်ပိုင်းအပြောင်းအလဲများနှင့်ပတ်သက်ပြီးစီနီယာကစားသမားများနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ကာကလပ်ရဲ့အခြေအနေကိုအကြီးအကျယ်ပြောင်းလဲမှုပြုလုပ်နိုင်ကြောင်းပြောကြားခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင်ဆိုးလ်ရှားကယင်းတွေ့ဆုံဆွေးနွေးမှုတွင်အသင်းကိုရှေ့ဆက်ကောင်းမွန်လာရေးအတွက်စီနီယာကစားသမားများကိုအားပြုအသုံးပြုသွားမှာဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားဟာခရစ္စတီယာနိုရော်နယ်ဒို၊ဘရူနိုဖာနန်ဒက်စ်၊ဟယ်ရီမက်ဂွိုင်းယားတို့နှင့်အဓိကဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ပြီးလုခ်ရှော၊လင်ဒီလော့ဖ်၊မာတစ်တို့ကိုလည်းအစည်းအဝေးတွင်ထည့်သွင်းခဲ့မှုမှာ၎င်းတို့ရဲ့အမြင်ကိုလည်းသိလိုမှုကြောင့်ဖြစ်ကြောင်းသိရပါတယ်။

ဆိုးလ်ရှားဟာမန်ယူရဲ့နောက်ဆုံးသုံးပွဲတွင်၃-၅-၂ကစားကွက်ကိုပြောင်းလဲအသုံးပြုလာကာစီနီယာကစားသမားများကိုအားပြုအသုံးပြုလာပါတယ်။

ZawGyi

မန္ယူနည္းျပဘဝဆက္လက္ရွင္သန္ေရးအတြက္ ေရာ္နယ္ဒိုအပါအဝင္စီနီယာကစားသမား ၆ ဦးႏွင့္အေၾကအလည္ေဆြးေႏြးခဲ့တဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာအသင္းရဲ႕ရာသီကိုကယ္တင္ႏိုင္ေရးအတြက္စီနီယာကစားသမားမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။

ဆိုးလ္ရွားဦးေဆာင္တဲ့မန္ယူဟာေနာက္ဆုံး၁၂ပြဲမွာ၆ပြဲရႈံးနိမ့္ထားၿပီးရာထူးမွထုတ္ပယ္ခံရရန္ဖိအားမ်ားေနပါတယ္။ဆိုးလ္ရွားဟာအသင္းရဲ႕စီနီယာကစားသမားမ်ားျဖစ္ၾကတဲ့ခရစၥတီယာႏိုေရာ္နယ္ဒို၊ဟယ္ရီမက္ဂြိဳင္းယား၊ဘ႐ူႏိုဖာနန္ဒက္စ္၊လုခ္ေရွာ၊ဗစ္တာလင္ဒီေလာ့ဖ္၊နီမင္ဂ်ာမာတစ္တို႔ကိုေခၚယူေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရဆိုးလ္ရွားဟာၾကာသပေတးေန႔ေန႔လည္၁၀တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္စီနီယာကစားသမားမ်ားကိုေခၚယူေဆြးေႏြးမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားဟာနည္းစနစ္ပိုင္းအေျပာင္းအလဲမ်ားႏွင့္ပတ္သက္ၿပီးစီနီယာကစားသမားမ်ားႏွင့္ေဆြးေႏြးမႈျပဳလုပ္ခဲ့ကာကလပ္ရဲ႕အေျခအေနကိုအႀကီးအက်ယ္ေျပာင္းလဲမႈျပဳလုပ္ႏိုင္ေၾကာင္းေျပာၾကားခဲ့ေၾကာင္းသိရပါတယ္။

ဒါ့အျပင္ဆိုးလ္ရွားကယင္းေတြ႕ဆုံေဆြးေႏြးမႈတြင္အသင္းကိုေရွ႕ဆက္ေကာင္းမြန္လာေရးအတြက္စီနီယာကစားသမားမ်ားကိုအားျပဳအသုံးျပဳသြားမွာျဖစ္ေၾကာင္းလည္းေျပာၾကားခဲ့ပါတယ္။

ဆိုးလ္ရွားဟာခရစၥတီယာႏိုေရာ္နယ္ဒို၊ဘ႐ူႏိုဖာနန္ဒက္စ္၊ဟယ္ရီမက္ဂြိဳင္းယားတို႔ႏွင့္အဓိကေဆြးေႏြးမႈျပဳလုပ္ခဲ့တာျဖစ္ၿပီးလုခ္ေရွာ၊လင္ဒီေလာ့ဖ္၊မာတစ္တို႔ကိုလည္းအစည္းအေဝးတြင္ထည့္သြင္းခဲ့မႈမွာ၎တို႔ရဲ႕အျမင္ကိုလည္းသိလိုမႈေၾကာင့္ျဖစ္ေၾကာင္းသိရပါတယ္။

ဆိုးလ္ရွားဟာမန္ယူရဲ႕ေနာက္ဆုံးသုံးပြဲတြင္၃-၅-၂ကစားကြက္ကိုေျပာင္းလဲအသုံးျပဳလာကာစီနီယာကစားသမားမ်ားကိုအားျပဳအသုံးျပဳလာပါတယ္။