မန်ယူနည်းပြရာထူးကို ကယ်တင်ဖို့ နှစ်ပွဲသာ အခွင့်အရေးရှိတော့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်ကစားသမားများကလာမယ့်ပွဲနှစ်ပွဲရလဒ်အပေါ်မူတည်ကာနည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးလိမ့်မယ်လို့ယုံကြည်နေကြောင်းသိရပါတယ်။

မန်ယူအသင်းဘုတ်အဖွဲ့ဝင်များဟာအသင်းရဲ့ရလဒ်ဆိုးရွားနေပေမယ့်လည်း ဆိုးလ်ရှားမှာအသင်းကိုရှေ့သို့ဆွဲခေါ်ပေးနိုင်မယ့်သူအဖြစ်ယုံကြည်နေပါတယ်။

ဒါပေမယ့်လည်းမန်ယူစတားအချို့တို့ကယနေ့ညတွင်အတ္တလန္တာနှင့်ကစားမယ့်ချန်ပီယံလိဂ်ပွဲစဉ်နှင့်တနင်္ဂနွေနေ့တွင်လီဗာပူးနှင့်ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်ရလဒ်တို့ကဆိုးလ်ရှားရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးလိမ့်မယ်လို့ယူဆနေကြပါတယ်။

မန်ယူအတွင်းလူတစ်ဦးက “ကစားသမားအချို့တို့ကဆိုးလ်ရှားမှာနှစ်ပွဲဘဲအခွင့်အရေးရှိတော့တယ်လို့ယုံကြည်နေပါတယ်။တကယ်လို့အဲဒီနှစ်ပွဲမှာအနိုင်မရရင်သူထွက်ရပြီလို့ယုံကြည်နေပါတယ်။ဒီပွဲတွေကမန်ယူရဲ့ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်အနာဂတ်ကိုအဆုံးအဖြတ်ပေးမယ့်ပွဲတွေပါ။အခုအချိန်မှာဆိုးရွားတဲ့အေနအထားသို့ရောက်နေပါတယ်။ဒီပွဲတွေသာမနိုင်ရင်ဆိုးလ်ရှားကိုမန်ယူမှာမြင်ရဖို့အရမ်းခက်သွားပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

လက်စတာကို၄-၂ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်မန်ယူကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာကမန်ယူအသင်းကိုအပြောင်းအလဲတချို့ပြုလုပ်ရန်လိုအပ်နေကြောင်းပြောကြားခဲ့ဖူးပါတယ်။

ZawGyi

မန္ယူနည္းျပရာထူးကို ကယ္တင္ဖို႔ ႏွစ္ပြဲသာ အခြင့္အေရးရွိေတာ့တဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ားကလာမယ့္ပြဲႏွစ္ပြဲရလဒ္အေပၚမူတည္ကာနည္းျပအိုလီဂန္းနားဆိုးလ္ရွားရဲ႕အနာဂတ္ကိုဆုံးျဖတ္ေပးလိမ့္မယ္လို႔ယုံၾကည္ေနေၾကာင္းသိရပါတယ္။

မန္ယူအသင္းဘုတ္အဖြဲ႕ဝင္မ်ားဟာအသင္းရဲ႕ရလဒ္ဆိုး႐ြားေနေပမယ့္လည္း ဆိုးလ္ရွားမွာအသင္းကိုေရွ႕သို႔ဆြဲေခၚေပးႏိုင္မယ့္သူအျဖစ္ယုံၾကည္ေနပါတယ္။

ဒါေပမယ့္လည္းမန္ယူစတားအခ်ိဳ႕တို႔ကယေန႔ညတြင္အတၱလႏၲာႏွင့္ကစားမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္ႏွင့္တနဂၤေႏြေန႔တြင္လီဗာပူးႏွင့္ကစားမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ရလဒ္တို႔ကဆိုးလ္ရွားရဲ႕အနာဂတ္ကိုဆုံးျဖတ္ေပးလိမ့္မယ္လို႔ယူဆေနၾကပါတယ္။

မန္ယူအတြင္းလူတစ္ဦးက “ကစားသမားအခ်ိဳ႕တို႔ကဆိုးလ္ရွားမွာႏွစ္ပြဲဘဲအခြင့္အေရးရွိေတာ့တယ္လို႔ယုံၾကည္ေနပါတယ္။တကယ္လို႔အဲဒီႏွစ္ပြဲမွာအႏိုင္မရရင္သူထြက္ရၿပီလို႔ယုံၾကည္ေနပါတယ္။ဒီပြဲေတြကမန္ယူရဲ႕ခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္အနာဂတ္ကိုအဆုံးအျဖတ္ေပးမယ့္ပြဲေတြပါ။အခုအခ်ိန္မွာဆိုး႐ြားတဲ့ေအနအထားသို႔ေရာက္ေနပါတယ္။ဒီပြဲေတြသာမႏိုင္ရင္ဆိုးလ္ရွားကိုမန္ယူမွာျမင္ရဖို႔အရမ္းခက္သြားပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

လက္စတာကို၄-၂ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္မန္ယူကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာကမန္ယူအသင္းကိုအေျပာင္းအလဲတခ်ိဳ႕ျပဳလုပ္ရန္လိုအပ္ေနေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။