မန်ယူနည်းပြရာထူးမှထုတ်ပယ်ခံရပြီးနောက် လေ့ကျင့်ရေးကွင်းမှအပြန်တွင် ကားရပ်ပြီး ပရိသတ်နှင့်ပွေ့ဖက်ခဲ့တဲ့ ဆိုးလ်ရှား

အိုလီဂန်းဆိုးလ်ရှားကမန်ချက်စတာယူနိုက်တက်အသင်းကိုကိုင်တွယ်ခွင့်ရရှိခဲ့တဲ့အတွက်ဂုဏ်ယူကြောင်းမန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးကိုပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေညနေပိုင်းတွင်မန်ယူဟာရုန်းကန်နေရတဲ့ဝက်ဖို့ဒ်ကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးပြီးနောက်နည်ပြအိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

သူဟာမန်ယူရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းတွင်ကစားသမားများနှင့်ဝန်ထမ်းများကိုနှုတ်ဆက်မှုပြုလုပ်ခဲ့ပြီးနောက်လေ့ကျင့်ရေးကွင်းမှကားဖြင့်ပြန်လည်ထွက်ခွာခဲ့ပါတယ်။

သူဟာကားလမ်းဘေးတွင်စောင့်ဆိုင်းနေတဲ့ယူနိုက်တက်ပရိသတ်လုခ်ဆယ်လာနှင့်တွေ့ဆုံခဲ့ပါတယ်။

၂၀၁၈ခုနှစ်တုန်းကထုတ်ပယ်ခံရတဲ့မော်ရင်ဟိုနေရာတွင်အစားထိုးခန့်အပ်တာဝန်ယူခဲ့တဲ့ဆိုးလ်ရှားဟာယူနိုက်တက်ပရိသတ်ဆယ်လာနှင့် စကားပြောခဲ့ရာတွင်ယူနိုက်တက်ကိုကိုင်တွယ်ခွင့်ရရှိတဲ့အတွက်ဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။

ရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက် လေ့ကျင့်ရေးကွင်းမှအပြန်တွင် ကားရပ်ကိုကားပေါ်မှဆင်းပြီးပရိသတ်နှင့်စကားစမြည်ပြောကာပွေ့ဖက်ခဲ့တဲ့ဆိုးလ်ရှားရဲ့ဗီဒီယိုဖိုင်ဟာအွန်လိုင်းတွင်ပျံ့နှံနေပြီးယူနိုက်တက်ပရိသတ်များဟာဂန္ထဝင်ကစားသမားနှင့်လမ်းခွဲခဲ့ရမှုအတွက်စိတ်မကောင်းဖြစ်နေကြပါတယ်။

ဆိုးလ်ရှားဟာ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတွင်မန်ယူယာယီနည်းပြအဖြစ်တာဝန်ယူပြီးနောက်သုံးလအကြာတွင်သုံးနှစ်စာချုပ်ဖြင့်အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခဲ့ရပါတယ်။

ဆိုးလ်ရှားဟာမန်ယူကိုကိုင်တွယ်စဉ်အတွင်းတွင်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားနှင့်ပတ်သက်ပြီးအမှတ်ရစရာအကောင်းဆုံးဖြစ်ရပ်ကဘာလဲ။ Comment လေးပေးသွားပါဦး။

ZawGyi

မန္ယူနည္းျပရာထူးမွထုတ္ပယ္ခံရၿပီးေနာက္ ေလ့က်င့္ေရးကြင္းမွအျပန္တြင္ ကားရပ္ၿပီး ပရိသတ္ႏွင့္ေပြ႕ဖက္ခဲ့တဲ့ ဆိုးလ္ရွား

အိုလီဂန္းဆိုးလ္ရွားကမန္ခ်က္စတာယူႏိုက္တက္အသင္းကိုကိုင္တြယ္ခြင့္ရရွိခဲ့တဲ့အတြက္ဂုဏ္ယူေၾကာင္းမန္ခ်က္စတာယူႏိုက္တက္ပရိသတ္တစ္ဦးကိုေျပာၾကားခဲ့ပါတယ္။

တနဂၤေႏြေနညေနပိုင္းတြင္မန္ယူဟာ႐ုန္းကန္ေနရတဲ့ဝက္ဖို႔ဒ္ကို၄-၁ဂိုးျဖင့္အရွက္တကြဲရႈံးၿပီးေနာက္နည္ျပအိုလီဂန္းနားဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္လိုက္ၿပီျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

သူဟာမန္ယူရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းတြင္ကစားသမားမ်ားႏွင့္ဝန္ထမ္းမ်ားကိုႏႈတ္ဆက္မႈျပဳလုပ္ခဲ့ၿပီးေနာက္ေလ့က်င့္ေရးကြင္းမွကားျဖင့္ျပန္လည္ထြက္ခြာခဲ့ပါတယ္။

သူဟာကားလမ္းေဘးတြင္ေစာင့္ဆိုင္းေနတဲ့ယူႏိုက္တက္ပရိသတ္လုခ္ဆယ္လာႏွင့္ေတြ႕ဆုံခဲ့ပါတယ္။

၂၀၁၈ခုႏွစ္တုန္းကထုတ္ပယ္ခံရတဲ့ေမာ္ရင္ဟိုေနရာတြင္အစားထိုးခန႔္အပ္တာဝန္ယူခဲ့တဲ့ဆိုးလ္ရွားဟာယူႏိုက္တက္ပရိသတ္ဆယ္လာႏွင့္ စကားေျပာခဲ့ရာတြင္ယူႏိုက္တက္ကိုကိုင္တြယ္ခြင့္ရရွိတဲ့အတြက္ဂုဏ္ယူေၾကာင္းေျပာၾကားခဲ့ပါတယ္။

ရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္ ေလ့က်င့္ေရးကြင္းမွအျပန္တြင္ ကားရပ္ကိုကားေပၚမွဆင္းၿပီးပရိသတ္ႏွင့္စကားစျမည္ေျပာကာေပြ႕ဖက္ခဲ့တဲ့ဆိုးလ္ရွားရဲ႕ဗီဒီယိုဖိုင္ဟာအြန္လိုင္းတြင္ပ်ံ႕ႏွံေနၿပီးယူႏိုက္တက္ပရိသတ္မ်ားဟာဂႏၴဝင္ကစားသမားႏွင့္လမ္းခြဲခဲ့ရမႈအတြက္စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

ဆိုးလ္ရွားဟာ၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတြင္မန္ယူယာယီနည္းျပအျဖစ္တာဝန္ယူၿပီးေနာက္သုံးလအၾကာတြင္သုံးႏွစ္စာခ်ဳပ္ျဖင့္အၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ခဲ့ရပါတယ္။

ဆိုးလ္ရွားဟာမန္ယူကိုကိုင္တြယ္စဥ္အတြင္းတြင္ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲသို႔ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ဆိုးလ္ရွားႏွင့္ပတ္သက္ၿပီးအမွတ္ရစရာအေကာင္းဆုံးျဖစ္ရပ္ကဘာလဲ။ Comment ေလးေပးသြားပါဦး။