မန်ယူနည်းပြရာထူးနှင့်ပတ်သက်ပြီး ရေးသားနေမှုများအပေါ် ပထမဆုံးအကြိမ်အဖြစ် ရော်ဂျာတုံ့ပြန်လာ

လက်စတာနည်းပြဘရန်ဒန်ရော်ဂျာကမန်ချက်စတာယူနိုက်တက်နည်းပြရာထူးအားရယူမယ်လို့ရေးသားနေမှုများမှာလေးစားမှုမရှိတဲ့လုပ်ရပ်ဖြစ်ကြောင်းဝေဖန်လိုက်ပါတယ်။

အသက်၄၈နှစ်ရှိဘရန်ဒန်ရော်ဂျာဟာဆိုးလ်ရှားနေရာတွင်အစားထိုးခန့်အပ်ခြင်းခံရရန်ထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ဆိုးလ်ရှားဟာနောက်ဆုံး၁၂ပွဲတွင်၆ပွဲရှုံးနိမ့်ထားမှုနဲ့အတူဖိအားများနှင့်ရင်ဆိုင်နေရပါတယ်။မန်ယူဟာလာမယ့်ပရီးမီးယားလိဂ်ပွဲသုံးပွဲအဖြစ်ဝက်ဖို့ဒ်၊ချဲလ်ဆီး၊အာဆင်နယ်တို့နှင့်ရင်ဆိုင်ရမှာဖြစ်ပြီးရလဒ်မတိုးတက်လာပါက ဆိုးလ်ရှားမှာထုတ်ပယ်ခံရရန်သေချာနေပါတယ်။

လီဗာပူးနည်းပြဟောင်းက “အချက်နှစ်ခုရှိတယ်။ပထမကကလပ်အတွက်အလုပ်ကြိုးစားလုပ်နေတဲ့နည်းပြကောင်းတစ်ယောက်၊အလုပ်လုပ်နေတဲ့လူကောင်းတစ်ယောက်ကိုမလေးမစားလုပ်တာပါ။ဒုတိယကတော့ဒါနဲ့ပတ်သက်ပြီးမှတ်ချက်မပေးနိုင်ဘူး။ဘာကြောင့်လည်းဆိုတာဒါကအစစ်အမှန်မဟုတ်လို့ပဲ။ကျုပ်ကလက်စတာနည်းပြအဖြစ်ရောက်လာတာပါ။ဒီကကစားသမား၊ကလပ်နဲ့ပိုင်ရှင်အပေါ်မှာဘဲအပြည့်အဝအာရုံစိုက်ပါတယ်။အခြားသူတွေရေးသားပြောဆိုနေတာနဲ့ပတ်သက်ပြီးကျွန်တော်တို့ထိန်းချုပ်လို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ယူနည္းျပရာထူးႏွင့္ပတ္သက္ၿပီး ေရးသားေနမႈမ်ားအေပၚ ပထမဆုံးအႀကိမ္အျဖစ္ ေရာ္ဂ်ာတုံ႔ျပန္လာ

လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာကမန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးအားရယူမယ္လို႔ေရးသားေနမႈမ်ားမွာေလးစားမႈမရွိတဲ့လုပ္ရပ္ျဖစ္ေၾကာင္းေဝဖန္လိုက္ပါတယ္။

အသက္၄၈ႏွစ္ရွိဘရန္ဒန္ေရာ္ဂ်ာဟာဆိုးလ္ရွားေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံရရန္ထိပ္ဆုံးမွေရပန္းစားေနပါတယ္။

ဆိုးလ္ရွားဟာေနာက္ဆုံး၁၂ပြဲတြင္၆ပြဲရႈံးနိမ့္ထားမႈနဲ႔အတူဖိအားမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။မန္ယူဟာလာမယ့္ပရီးမီးယားလိဂ္ပြဲသုံးပြဲအျဖစ္ဝက္ဖို႔ဒ္၊ခ်ဲလ္ဆီး၊အာဆင္နယ္တို႔ႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးရလဒ္မတိုးတက္လာပါက ဆိုးလ္ရွားမွာထုတ္ပယ္ခံရရန္ေသခ်ာေနပါတယ္။

လီဗာပူးနည္းျပေဟာင္းက “အခ်က္ႏွစ္ခုရွိတယ္။ပထမကကလပ္အတြက္အလုပ္ႀကိဳးစားလုပ္ေနတဲ့နည္းျပေကာင္းတစ္ေယာက္၊အလုပ္လုပ္ေနတဲ့လူေကာင္းတစ္ေယာက္ကိုမေလးမစားလုပ္တာပါ။ဒုတိယကေတာ့ဒါနဲ႔ပတ္သက္ၿပီးမွတ္ခ်က္မေပးႏိုင္ဘူး။ဘာေၾကာင့္လည္းဆိုတာဒါကအစစ္အမွန္မဟုတ္လို႔ပဲ။က်ဳပ္ကလက္စတာနည္းျပအျဖစ္ေရာက္လာတာပါ။ဒီကကစားသမား၊ကလပ္နဲ႔ပိုင္ရွင္အေပၚမွာဘဲအျပည့္အဝအာ႐ုံစိုက္ပါတယ္။အျခားသူေတြေရးသားေျပာဆိုေနတာနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔ထိန္းခ်ဳပ္လို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။