မန်ယူနည်းပြရာထူးအတွက် ပိုချက်တီနိုထွက်ခွာလျှင် ဇီဒန်း ရောက်လာမယ်လို့ ပီအက်စ်ဂျီကစားသမားများယုံကြည်နေ

ပီအက်စ်ဂျီကစားသမားများဟာမန်ချက်စတာယူနိုက်တက်နည်းပြရာထူးအတွက်မော်ရီစီယိုပိုချက်တီနိုထွက်ခွာသွားလျှင်ဇီဒန်းမှာနည်းပြသစ်ဖြစ်လာမယ်လို့ယုံကြည်နေကြပါတယ်။

ပီအက်စ်ဂျီနည်းပြပိုချက်တီနိုဟာဆိုးလ်ရှားနေရာတွင်အစားထိုးခန့်အပ်ခံရမယ့်သူအဖြစ်သတ်မှတ်ခံထားရပါတယ်။ပိုချက်တီနိုဟာပဲရစ်တွင်အထိုင်မကျဖြစ်နေပြီးဟိုတယ်တွင်နေထိုင်ကာမိသားစုမှာလန်ဒန်တွင်ရှိနေမှုကြောင့်မိသားစုနဲ့နီးရာ မန်ယူကိုကိုင်တွယ်လိုနေပါတယ်။

အကယ်၍မန်ယူနည်းပြရာထူးအတွက်ပိုချက်တီနိုထွက်ခွာသွားလျှင် ပီအက်စ်ဂျီဟာရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းကိုနည်းပြသစ်အဖြစ်ခန့်အပ်လာမယ်လို့ ပီအက်စ်ဂျီကစားသမားများယုံကြည်နေပါတယ်။

လက်ရှိအချိန်တွင်မန်ယူဟာမိုက်ကယ်ကာရစ်ကိုလက်ထောက်နည်းပြအဖြစ်ခန့်အပ်ထားပြီးနည်းပြသစ်ရှာဖွေနေပါတယ်။

မန်ယူဟာလစ်လပ်နေတဲ့နည်းပြရာထူးအတွက်ဇီဒန်းကိုချဉ်းကပ်ခဲ့ပေမယ့်ပယ်ချခြင်းခံခဲ့ရတယ်လို့ယုံကြည်ရပါတယ်။

ဒါကြောင့်လည်းပိုချက်တီနိုသာမန်ယူကိုကာကွယ်ရန်ထွက်ခွာသွားပါကပြင်သစ်တွင်သူရဲကောင်းတစ်ဦးအဖြစ်ရှိနေဆဲဖြစ်တဲ့ဇီဒန်းကပီအက်စ်ဂျီနည်းပြဖြစ်လာမယ်လို့ယုံကြည်ရပါတယ်။

Marca သတင်းစာရဲ့ဖော်ပြချက်ပီအက်စ်ဂျီကစားသမားများဟာအဝတ်အစားလဲခန်းအတွင်းတွင်ဇီဒန်းရောက်လာနိုင်မှုကိုဆွေးနွေးမှုများပြလုပ်နေကြောင်းဖော်ပြထားပါတယ်။

ပီအက်စ်ဂျီဟာပြင်သစ်လီဂူး၁တွင်ရမှတ်၁၁မှတ်ဖြတ်ကာရပ်တည်နေပြီးချန်ပီယံလိဂ်တွင်လည်းနောက်တစ်ဆင့်သို့တက်ရန်အခြေအနေကောင်းနေပါတယ်။

ZawGyi

မန္ယူနည္းျပရာထူးအတြက္ ပိုခ်က္တီႏိုထြက္ခြာလွ်င္ ဇီဒန္း ေရာက္လာမယ္လို႔ ပီအက္စ္ဂ်ီကစားသမားမ်ားယုံၾကည္ေန

ပီအက္စ္ဂ်ီကစားသမားမ်ားဟာမန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးအတြက္ေမာ္ရီစီယိုပိုခ်က္တီႏိုထြက္ခြာသြားလွ်င္ဇီဒန္းမွာနည္းျပသစ္ျဖစ္လာမယ္လို႔ယုံၾကည္ေနၾကပါတယ္။

ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုဟာဆိုးလ္ရွားေနရာတြင္အစားထိုးခန႔္အပ္ခံရမယ့္သူအျဖစ္သတ္မွတ္ခံထားရပါတယ္။ပိုခ်က္တီႏိုဟာပဲရစ္တြင္အထိုင္မက်ျဖစ္ေနၿပီးဟိုတယ္တြင္ေနထိုင္ကာမိသားစုမွာလန္ဒန္တြင္ရွိေနမႈေၾကာင့္မိသားစုနဲ႔နီးရာ မန္ယူကိုကိုင္တြယ္လိုေနပါတယ္။

အကယ္၍မန္ယူနည္းျပရာထူးအတြက္ပိုခ်က္တီႏိုထြက္ခြာသြားလွ်င္ ပီအက္စ္ဂ်ီဟာရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဇီဒန္းကိုနည္းျပသစ္အျဖစ္ခန႔္အပ္လာမယ္လို႔ ပီအက္စ္ဂ်ီကစားသမားမ်ားယုံၾကည္ေနပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူဟာမိုက္ကယ္ကာရစ္ကိုလက္ေထာက္နည္းျပအျဖစ္ခန႔္အပ္ထားၿပီးနည္းျပသစ္ရွာေဖြေနပါတယ္။

မန္ယူဟာလစ္လပ္ေနတဲ့နည္းျပရာထူးအတြက္ဇီဒန္းကိုခ်ဥ္းကပ္ခဲ့ေပမယ့္ပယ္ခ်ျခင္းခံခဲ့ရတယ္လို႔ယုံၾကည္ရပါတယ္။

ဒါေၾကာင့္လည္းပိုခ်က္တီႏိုသာမန္ယူကိုကာကြယ္ရန္ထြက္ခြာသြားပါကျပင္သစ္တြင္သူရဲေကာင္းတစ္ဦးအျဖစ္ရွိေနဆဲျဖစ္တဲ့ဇီဒန္းကပီအက္စ္ဂ်ီနည္းျပျဖစ္လာမယ္လို႔ယုံၾကည္ရပါတယ္။

Marca သတင္းစာရဲ႕ေဖာ္ျပခ်က္ပီအက္စ္ဂ်ီကစားသမားမ်ားဟာအဝတ္အစားလဲခန္းအတြင္းတြင္ဇီဒန္းေရာက္လာႏိုင္မႈကိုေဆြးေႏြးမႈမ်ားျပလုပ္ေနေၾကာင္းေဖာ္ျပထားပါတယ္။

ပီအက္စ္ဂ်ီဟာျပင္သစ္လီဂူး၁တြင္ရမွတ္၁၁မွတ္ျဖတ္ကာရပ္တည္ေနၿပီးခ်န္ပီယံလိဂ္တြင္လည္းေနာက္တစ္ဆင့္သို႔တက္ရန္အေျခအေနေကာင္းေနပါတယ္။