မန်ယူနောက်ခံလူဒါလော့အားအပြီးသတ်ခေါ်ယူရန် အေစီမီလန်ဆွေးနွေးနေ

မန်ယူနှင့်အေစီမီလန်တို့ဟာဒိုင်အိုဂိုဒါလော့ရဲ့အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်လျက်ရှိပါတယ်။

အသက်၂၂နှစ်ရှိနောက်တန်းအစွန်လူဟာမန်ယူမှအေစီမီလန်သို့အငှားဖြင့်သွားရောက်ကစားနေသူဖြစ်ပြီးအေစီမီလန်အတွက်၂၄ပွဲကစားခွင့်ရရှိထားပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရအေစီမီလန်ဟာပေါ်တူဂီနောက်ခံလူအားအပြီးသတ်ခေါ်ယူရေးအတွက်ပြောင်းရွှေ့ကြေးပေါင်၁၂သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်ဒါလော့ကိုယ်တိုင်မှာလည်းအေစီမီလန်တွင်ပျော်ရွှင်လျက်ရှိကာဆက်ကစားရေးအတွက်တံခါးဖွင့်ထားမှုနှင့်အတူအပြောင်းအရွှေ့ဖြစ်လာရန်အခြေအနေကောင်းနေပါတယ်။

ဒါပေမယ့်၂၀၁၈ခုနှစ်တုန်းကပေါ်တိုမှပေါင်၁၉သန်းဖြင့်ဝယ်ယူထားတဲ့မန်ယူဟာဒါလော့ရဲ့စာချုပ်ကိုနှစ်ရှည်သက်တမ်းတိုးပြီးမြင့်မားတဲ့ပြောင်းရွှေ့ကြေးရရှိလိုနေရာမီလန်ရဲ့ကမ်းလှမ်းကနည်းပါးနေတယ်လို့ယူဆရပါတယ်။

မန်ယူဟာသူတို့ရဲ့လူငယ်ကစားသမားများရဲ့ပြောင်းရွှေ့ကြေးတန်ဖိုးကိုအမြဲအကာအကွယ်ပေးလာတဲ့အသင်းပီပီဒါလော့ကိုလည်းအပြီးသတ်ရောင်းဖို့စဉ်းစားလာဖို့တော့ရှိပါတယ်။

ဒါလော့ဟာညာနောက်ခံလူအဖြစ်သာမကဘယ်နောက်ခံလူအဖြစ်လည်းကစားနိုင်ပေမယ့်မန်ယူအသင်းတွင်နောက်တန်းအစွန်ကစားသမားပြည့်နှက်နေရာ၎င်းအနေဖြင့်လာမယ့်ရာသီမှာနေရာမရဖို့တော့သေချာနေပါတယ်။ဒါကြောင့်မန်ယူအနေဖြင့်ဒါလော့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြတ်သားစွာဆုံးဖြတ်ရဖို့တော့ရှိနေပါတယ်။

ZawGyi

မန္ယူေနာက္ခံလူဒါေလာ့အားအၿပီးသတ္ေခၚယူရန္ ေအစီမီလန္ေဆြးေႏြးေန

မန္ယူႏွင့္ေအစီမီလန္တို႔ဟာဒိုင္အိုဂိုဒါေလာ့ရဲ႕အေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈမ်ားျပဳလုပ္လ်က္ရွိပါတယ္။

အသက္၂၂ႏွစ္ရွိေနာက္တန္းအစြန္လူဟာမန္ယူမွေအစီမီလန္သို႔အငွားျဖင့္သြားေရာက္ကစားေနသူျဖစ္ၿပီးေအစီမီလန္အတြက္၂၄ပြဲကစားခြင့္ရရွိထားပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရေအစီမီလန္ဟာေပၚတူဂီေနာက္ခံလူအားအၿပီးသတ္ေခၚယူေရးအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၂သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္ဒါေလာ့ကိုယ္တိုင္မွာလည္းေအစီမီလန္တြင္ေပ်ာ္႐ႊင္လ်က္ရွိကာဆက္ကစားေရးအတြက္တံခါးဖြင့္ထားမႈႏွင့္အတူအေျပာင္းအေ႐ႊ႕ျဖစ္လာရန္အေျခအေနေကာင္းေနပါတယ္။

ဒါေပမယ့္၂၀၁၈ခုႏွစ္တုန္းကေပၚတိုမွေပါင္၁၉သန္းျဖင့္ဝယ္ယူထားတဲ့မန္ယူဟာဒါေလာ့ရဲ႕စာခ်ဳပ္ကိုႏွစ္ရွည္သက္တမ္းတိုးၿပီးျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးရရွိလိုေနရာမီလန္ရဲ႕ကမ္းလွမ္းကနည္းပါးေနတယ္လို႔ယူဆရပါတယ္။

မန္ယူဟာသူတို႔ရဲ႕လူငယ္ကစားသမားမ်ားရဲ႕ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးကိုအၿမဲအကာအကြယ္ေပးလာတဲ့အသင္းပီပီဒါေလာ့ကိုလည္းအၿပီးသတ္ေရာင္းဖို႔စဥ္းစားလာဖို႔ေတာ့ရွိပါတယ္။

ဒါေလာ့ဟာညာေနာက္ခံလူအျဖစ္သာမကဘယ္ေနာက္ခံလူအျဖစ္လည္းကစားႏိုင္ေပမယ့္မန္ယူအသင္းတြင္ေနာက္တန္းအစြန္ကစားသမားျပည့္ႏွက္ေနရာ၎အေနျဖင့္လာမယ့္ရာသီမွာေနရာမရဖို႔ေတာ့ေသခ်ာေနပါတယ္။ဒါေၾကာင့္မန္ယူအေနျဖင့္ဒါေလာ့ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီးျပတ္သားစြာဆုံးျဖတ္ရဖို႔ေတာ့ရွိေနပါတယ္။