မန်ယူနောက်ခံလူဗာရိန်း ၁ လနားရမည်ဖြစ်ပြီး မန်စီးတီး၊ချဲလ်ဆီး၊ဗီလာရီးရဲလ်ပွဲတို့ကိုလွဲမည်

မန်ချက်စတာယူနိုက်တက်ကဗဟိုနောက်ခံလူရာဖေးလ်ဗာရိန်းမှာတံကောက်ကြောဒဏ်ရာကြောင့်တစ်လကြာအနားယူရတော့မည်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာအင်္ဂါနေ့တုန်းကအတ္တလန္တာနှင့်၂ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ပထမပိုင်းမှာဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။

ဗာရိန်းဟာပေါင်ကြွက်သားဒဏ်ရာကြောင့်သုံးပတ်ကြာအနားယူရပြီးနောက် စပါးစ်နှင့်ပွဲစဉ်တွင်မှပြန်လည်ကစားနိုင်ခဲ့သူဖြစ်ပြီးယခုအခါနောက်ထပ်တစ်လကြာအနားယူရဦးမှာဖြစ်ပါတယ်။

သူဟာယခုအပတ်အကုန်မှာမန်စီးတီးနှင့်ရင်ဆိုင်ကစားရမယ့်မန်ချက်စတာဒါဘီပွဲစဉ်မှစတင်လွဲမှာဖြစ်ပြီးဝက်ဖို့ဒ်၊ချဲလ်ဆီးတို့နှင့်ပရီးမီးယားလိဂ်ပွဲများအပြင်ဗီလာရီးရဲလ်ကိုအဝေးကွင်းသို့သွားရောက်ကစားရမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်းလွဲချော်ပါမယ်။

သူဟာလာမယ့်ဒီဇင်ဘာလ၂ရက်နေ့မှာအာဆင်နယ်ကိုဧည့်ခံကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာပါဝင်လာနိုင်ဖို့တော့ရှိနေပါတယ်။

ဗာရိန်းဟာနွေရာသီအပြောင်းအရွှေ့မှာရီးရဲလ်မက်ဒရစ်မှပေါင်၄၂သန်းဖြင့်ပြောင်းလာပြီးနောက်ပြိုင်ပွဲအရပ်ရပ်တွင်၉ပွဲကစားထားပါတယ်။

ZawGyi

မန္ယူေနာက္ခံလူဗာရိန္း ၁ လနားရမည္ျဖစ္ၿပီး မန္စီးတီး၊ခ်ဲလ္ဆီး၊ဗီလာရီးရဲလ္ပြဲတို႔ကိုလြဲမည္

မန္ခ်က္စတာယူႏိုက္တက္ကဗဟိုေနာက္ခံလူရာေဖးလ္ဗာရိန္းမွာတံေကာက္ေၾကာဒဏ္ရာေၾကာင့္တစ္လၾကာအနားယူရေတာ့မည္ျဖစ္ေၾကာင္းအတည္ျပဳလိုက္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူဟာအဂၤါေန႔တုန္းကအတၱလႏၲာႏွင့္၂ဂိုးစီသေရက်တဲ့ပြဲစဥ္ရဲ႕ပထမပိုင္းမွာဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။

ဗာရိန္းဟာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္သုံးပတ္ၾကာအနားယူရၿပီးေနာက္ စပါးစ္ႏွင့္ပြဲစဥ္တြင္မွျပန္လည္ကစားႏိုင္ခဲ့သူျဖစ္ၿပီးယခုအခါေနာက္ထပ္တစ္လၾကာအနားယူရဦးမွာျဖစ္ပါတယ္။

သူဟာယခုအပတ္အကုန္မွာမန္စီးတီးႏွင့္ရင္ဆိုင္ကစားရမယ့္မန္ခ်က္စတာဒါဘီပြဲစဥ္မွစတင္လြဲမွာျဖစ္ၿပီးဝက္ဖို႔ဒ္၊ခ်ဲလ္ဆီးတို႔ႏွင့္ပရီးမီးယားလိဂ္ပြဲမ်ားအျပင္ဗီလာရီးရဲလ္ကိုအေဝးကြင္းသို႔သြားေရာက္ကစားရမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္ကိုလည္းလြဲေခ်ာ္ပါမယ္။

သူဟာလာမယ့္ဒီဇင္ဘာလ၂ရက္ေန႔မွာအာဆင္နယ္ကိုဧည့္ခံကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာပါဝင္လာႏိုင္ဖို႔ေတာ့ရွိေနပါတယ္။

ဗာရိန္းဟာေႏြရာသီအေျပာင္းအေ႐ႊ႕မွာရီးရဲလ္မက္ဒရစ္မွေပါင္၄၂သန္းျဖင့္ေျပာင္းလာၿပီးေနာက္ၿပိဳင္ပြဲအရပ္ရပ္တြင္၉ပြဲကစားထားပါတယ္။