မန်ယူနံပါတ်တစ်ဂိုးသမားနေရာကို ဒီဂီယာ အခိုင်အမာရယူသွားမှုကြောင့် အငှားဖြင့် ထွက်ခွာရန် ဟင်ဒါဆင်ဆန္ဒရှိနေ

ဒိန်းဟင်ဒါဆင်ဟာသူကိုဗစ်ကြောင့်အနားယူနေရစဉ်ကာလအတွင်းတွင်မန်ယူနံပါတ်တစ်ဂိုးသမားနေရာကိုဒီဂီယာအားအပြီးသတ်လွဲပေးလိုက်ရမှုနဲ့အတူဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အငှားဖြင့်ထွက်ခွာလိုနေပါတယ်။

ဟင်ဒါဆင်ဟာယခုရာသီတွင်မန်ယူနံပါတ်တစ်ဂိုးသမားနေရာအတွက်ဒီဂီယာအားပိုမိုဖိအားပေးနိုင်မယ်လို့ယူဆခဲ့ရပေမယ့်ကိုဗစ်ကြောင့်ကာလရှည်အနားယူခဲ့ရမှုနဲ့အတူမန်ယူအရန်စာရင်းတွင်ပင်ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။

ယင်းကာလအတွင်းတွင်ဒီဂီယာမှာလက်စွမ်းပြကစားနိုင်ခဲ့ပြီးတနင်္ဂနွေနေ့တုန်းကဝက်စ်ဟမ်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်နာကျင်အချိန်ပိုမှာပင်နယ်တီကာကွယ်ပေးခဲ့ပါတယ်။

မန်ယူသို့အသက်၁၄နှစ်အရွယ်ကတည်းကရောက်လာခဲ့တဲ့ဟင်ဒါဆင်ဟာရှက်ဖီးလ်ယူနိုက်တက်တွင်အငှားဖြင့်ကစားစဉ်အတွင်းလက်စွမ်းပြနိုင်မှုကြောင့်ပြီးခဲ့တဲ့နှစ်နွေတုန်းကမန်ယူသို့ပြန်ရောက်လာခဲ့ပါတယ်။ဒါပေမယ့်သူဟာမန်ယူတွက်၁၃ပွဲတည်းသာကစားခွင့်ရရှိခဲ့ပါတယ်။

သူဟာယခုရာသီမှာမန်ယူအတွက်တစ်ပွဲမျှကစားပေးရခြင်းမရှိသေးဘဲပရီးမီးယားလိဂ်(၂)တွင်မန်ယူယူ-၂၃အသင်းအတွက်နှစ်ပွဲတည်းကစားထားရပါတယ်။

တစ်ဖက်တွင်မန်ယူတွင်အမေ့ခံကစားသမားအဖြစ်ကာလရှည်ရှိလာခဲ့တဲ့ဖီးလ်ဂျုံးစ်ကတော့ယနေ့ညတွင်ဝက်စ်ဟမ်းနှင့်ရင်ဆိုင်ကစားရမယ့်ခါရာဘောင်းဖလားပွဲစဉ်တွင် လ၂၀အတွင်းပထမဆုံးပွဲအဖြစ်ပါဝင်ကစားလာပါမယ်။

ZawGyi

မန္ယူနံပါတ္တစ္ဂိုးသမားေနရာကို ဒီဂီယာ အခိုင္အမာရယူသြားမႈေၾကာင့္ အငွားျဖင့္ ထြက္ခြာရန္ ဟင္ဒါဆင္ဆႏၵရွိေန

ဒိန္းဟင္ဒါဆင္ဟာသူကိုဗစ္ေၾကာင့္အနားယူေနရစဥ္ကာလအတြင္းတြင္မန္ယူနံပါတ္တစ္ဂိုးသမားေနရာကိုဒီဂီယာအားအၿပီးသတ္လြဲေပးလိုက္ရမႈနဲ႔အတူဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အငွားျဖင့္ထြက္ခြာလိုေနပါတယ္။

ဟင္ဒါဆင္ဟာယခုရာသီတြင္မန္ယူနံပါတ္တစ္ဂိုးသမားေနရာအတြက္ဒီဂီယာအားပိုမိုဖိအားေပးႏိုင္မယ္လို႔ယူဆခဲ့ရေပမယ့္ကိုဗစ္ေၾကာင့္ကာလရွည္အနားယူခဲ့ရမႈနဲ႔အတူမန္ယူအရန္စာရင္းတြင္ပင္ပါဝင္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

ယင္းကာလအတြင္းတြင္ဒီဂီယာမွာလက္စြမ္းျပကစားႏိုင္ခဲ့ၿပီးတနဂၤေႏြေန႔တုန္းကဝက္စ္ဟမ္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္နာက်င္အခ်ိန္ပိုမွာပင္နယ္တီကာကြယ္ေပးခဲ့ပါတယ္။

မန္ယူသို႔အသက္၁၄ႏွစ္အ႐ြယ္ကတည္းကေရာက္လာခဲ့တဲ့ဟင္ဒါဆင္ဟာရွက္ဖီးလ္ယူႏိုက္တက္တြင္အငွားျဖင့္ကစားစဥ္အတြင္းလက္စြမ္းျပႏိုင္မႈေၾကာင့္ၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကမန္ယူသို႔ျပန္ေရာက္လာခဲ့ပါတယ္။ဒါေပမယ့္သူဟာမန္ယူတြက္၁၃ပြဲတည္းသာကစားခြင့္ရရွိခဲ့ပါတယ္။

သူဟာယခုရာသီမွာမန္ယူအတြက္တစ္ပြဲမွ်ကစားေပးရျခင္းမရွိေသးဘဲပရီးမီးယားလိဂ္(၂)တြင္မန္ယူယူ-၂၃အသင္းအတြက္ႏွစ္ပြဲတည္းကစားထားရပါတယ္။

တစ္ဖက္တြင္မန္ယူတြင္အေမ့ခံကစားသမားအျဖစ္ကာလရွည္ရွိလာခဲ့တဲ့ဖီးလ္ဂ်ဳံးစ္ကေတာ့ယေန႔ညတြင္ဝက္စ္ဟမ္းႏွင့္ရင္ဆိုင္ကစားရမယ့္ခါရာေဘာင္းဖလားပြဲစဥ္တြင္ လ၂၀အတြင္းပထမဆုံးပြဲအျဖစ္ပါဝင္ကစားလာပါမယ္။