မန်ယူနံပါတ် ၁ နေရာကို ထိန်းနိုင်ဖို့ အားလပ်ရက်လျှော့ချလိုက်တဲ့ ဒီဂီယာ

ဒေးဗစ်ဒီဂီယာဟာမန်ယူနံပါတ်တစ်ဂိုးသမားနေရာကိုဆက်လက်ထိန်းထားနိုင်ရေးအတွက်အားလပ်ရက်လျှော့ချကာယခုအပတ်တွင်မန်ယူရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းသွားပါမယ်။

အင်္ဂလန်ဂိုးသမားဒိန်းဟင်ဒါဆင်မှာတင်ပါးဒဏ်ရာကြောင့်ယူရို၂၀၂၀ပြိုင်ပွဲကိုလွဲချော်ခဲ့ကာမန်ယူနှင့်အတူရာသီကြိုလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။ဒီဂီယာဟာစပိန်နှင့်အတူယူရို၂၀၂၀ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရမှုကြောင့်နှစ်ပတ်အနားရထားပါတယ်။

အသက်၃၀နှစ်ရှိဒီဂီယာဟာယူရို၂၀၂၀ပြိုင်ပွဲမှာအရန်ခုံမှာထိုင်နေခဲ့ရပြီးဇူလိုင်လနှောင်းပိုင်းအထိအနားရထားတာပါ။

ဒါပေမယ့်လည်းဒီဂီယာဟာစပိန်တွင်အရန်ခုံတွင်ထိုင်နေခဲ့ရမှုနဲ့အတူမန်ယူတွင်လည်းနေရာပျောက်လာမှာစိုးရိမ်ကာမန်ယူရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်အမြန်ဆုံးပူးပေါင်းရန်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဒီဂီယာနှင့်ဟင်ဒါဆင်တို့ကိုအလှည့်ကျစနစ်အသုံးပြုတယ်ဆိုပေမယ့်အရေးပါတဲ့ပွဲများမှာဒီဂီယာကိုသာသုံးပါတယ်။

ဒီဂီယာဟာယူရိုပါလိဂ်ဗိုလ်လုပွဲမှာကိုယ်တိုင်ပင်နယ်တီလွဲခဲ့သလို ဗီလာရီးရဲလ်ရဲ့ပင်နယ်တီ၁၁ကြိမ်လုံးကိုလည်းမကာကွယ်နိုင်ခဲ့ပါဘူး။

ZawGyi

မန္ယူနံပါတ္ ၁ ေနရာကို ထိန္းႏိုင္ဖို႔ အားလပ္ရက္ေလွ်ာ့ခ်လိုက္တဲ့ ဒီဂီယာ

ေဒးဗစ္ဒီဂီယာဟာမန္ယူနံပါတ္တစ္ဂိုးသမားေနရာကိုဆက္လက္ထိန္းထားႏိုင္ေရးအတြက္အားလပ္ရက္ေလွ်ာ့ခ်ကာယခုအပတ္တြင္မန္ယူရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းသြားပါမယ္။

အဂၤလန္ဂိုးသမားဒိန္းဟင္ဒါဆင္မွာတင္ပါးဒဏ္ရာေၾကာင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုလြဲေခ်ာ္ခဲ့ကာမန္ယူႏွင့္အတူရာသီႀကိဳေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ပါတယ္။ဒီဂီယာဟာစပိန္ႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရမႈေၾကာင့္ႏွစ္ပတ္အနားရထားပါတယ္။

အသက္၃၀ႏွစ္ရွိဒီဂီယာဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာအရန္ခုံမွာထိုင္ေနခဲ့ရၿပီးဇူလိုင္လေႏွာင္းပိုင္းအထိအနားရထားတာပါ။

ဒါေပမယ့္လည္းဒီဂီယာဟာစပိန္တြင္အရန္ခုံတြင္ထိုင္ေနခဲ့ရမႈနဲ႔အတူမန္ယူတြင္လည္းေနရာေပ်ာက္လာမွာစိုးရိမ္ကာမန္ယူရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္အျမန္ဆုံးပူးေပါင္းရန္ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဒီဂီယာႏွင့္ဟင္ဒါဆင္တို႔ကိုအလွည့္က်စနစ္အသုံးျပဳတယ္ဆိုေပမယ့္အေရးပါတဲ့ပြဲမ်ားမွာဒီဂီယာကိုသာသုံးပါတယ္။

ဒီဂီယာဟာယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာကိုယ္တိုင္ပင္နယ္တီလြဲခဲ့သလို ဗီလာရီးရဲလ္ရဲ႕ပင္နယ္တီ၁၁ႀကိမ္လုံးကိုလည္းမကာကြယ္ႏိုင္ခဲ့ပါဘူး။