မန်ယူနှင့်ချဲလ်ဆီးဂန္ထဝင်နည်းပြတွမ်မီဒိုချာတီ ကွယ်လွန်

မန်ယူနှင့်ချဲလ်ဆီးနည်းပြဟောင်းတွမ်မီဒိုချာတီဟာကာလရှည်နားမကျန်းဖြစ်ပြီးနောက်အသက်၉၂နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

စကော့တလန်နည်းပြဟောင်းဟာကာလရှည်ကြာနာမကျန်းဖြစ်လာခဲ့သူဖြစ်ပြီးဒီဇင်ဘာလ၃၁ရက်နေ့တုန်းကအနောက်မြောက်ပိုင်းနယ်မြေရှိသူ့နေအိမ်မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သူဟာမန်ယူကိုကိုင်တွယ်စဉ်တုန်းက၁၉၇၄ခုနှစ်မှာဒုတိယတန်းသို့တန်းဆင်းခဲ့ရပေမယ့်ချန်ပီယံအဖြစ်ဖြင့်တန်းပြန် တက်နိုင်အောင်ကူညီခဲ့တဲ့အပြင်၁၉၇၇ခုနှစ်တုန်းကဘော့ပိုင်စလေရဲ့လီဗာပူးကိုအနိုင်ယူကာအက်ဖ်အေဖလား ဆွတ်ခူးပေးခဲ့ပါတယ်။ယင်းရှုံးပွဲကြောင့်လီဗာပူးဟာဖလားသုံးလုံးရမယ့်အိပ်မက်ပျက်ပြယ်ခဲ့ရပါတယ်။

ဒိုချာတီဟာနည်းပြလောကမှာနှစ်ပေါင်းသုံးဆယ်ကျော်ကြာကျင်လည်ခဲ့ပြီးဗီလာ၊ဒါဘီကောင်တီ၊ပေါ်တိုနှင့် အခြားအသင်းများစွာတို့ကိုကိုင်တွယ်ခဲ့ပါတယ်။

သူဟာကစားသမားဘဝတုန်းကပရက်စတန်တွင်ကာလရှည်ကြာကစားခဲ့ပြီးပွဲပေါင်း၃၀၀ကျော်ကစားခဲ့ပါတယ်။ သူဟာအာဆင်နယ်တွင်လည်းသုံးရာသီကြာကစားခဲ့ကာကစားသမားဘဝနှောင်းပိုင်းတွင်ချဲလ်ဆီးသို့ပြောင်းခဲ့ပါ တယ်။သူဟာချဲလ်ဆီးတွင်ပွဲအချို့သာကစားပြီးနောက်ချဲလ်ဆီးနည်းပြအဖြစ်ကိုင်တွယ်ခဲ့ပါတယ်။

ဒိုချာတီဟာ၁၉၆၅ခုနှစ်တုန်းကချဲလ်ဆီးကိုလိဂ်ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ခဲ့တဲ့အပြင်၁၉၆၇ အက်ဖ်အေဖလားဗိုလ်လုပွဲသို့လည်းပို့ဆောင်ခဲ့ပြီးစပါးစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi






