
အူစမန်ဒမ်ဘီလီဟာပရီးမီးယားလိဂ်ကလပ်များရဲ့ကမ်းလှမ်းမှုကိုပယ်ချကာ ဘာစီလိုနာတွင်ပင်လုပ်ခလျှော့ချကာဆက်ကစားသွားမည်ဖြစ်ကြောင်းသိရပါတယ်။
ပြင်သစ်လက်ရွေးစင်တောင်ပံကစားသမားဟာယခုရာသီအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပါတယ်။
မန်ယူနှင့်ချဲလ်ဆီးတို့ဟာအသက်၂၄နှစ်ရှိဒမ်ဘီလီကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် Mundo Deportivo ရဲ့ဖော်ပြချက်အရဒမ်ဘီလီဟာဘာစီလိုနာတွင်ကစားစဉ်ကာလအတွင်းတွင်ဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူခဲ့ရဖူးမှုကြောင့်ဘာစီလိုနာအပေါ်တွင်အကြွေးများရှိနေတယ်လို့ခံစားနေရပြီးလုပ်ခလျှော့ချကာစာချုပ်သစ်ချုပ်ဆိုသွားမယ်လို့သိရပါတယ်။
သူဟာ၂၀၁၇ခုနှစ်တုန်းကဒေါ့မွန်မှဘာစီလိုနာသို့ပေါင်သန်း၁၁၀ဖြင့်ပြောင်းလာပြီးနောက်ဒဏ်ရာပြင်းထန်စွာရရှိကာကာလရှည်နားခဲ့ရတဲ့အပြင်ဒဏ်ရာပြဿနာပေါင်းများစွာနှင့်ကြုံခဲ့ရသူလည်းဖြစ်ပါတယ်။
ယခုအခါသူဟာဘဏ္ဍာရေးပြဿနာများစွာကြုံနေရတဲ့ဘာစီလိုနာတွင် လုပ်ခလျှော့ယူပြီးသုံးနှစ်စာချုပ်ချုပ်ဆိုကာဆက်ကစားသွားတော့မှာဖြစ်ပါတယ်။
ZawGyi
မန္ယူႏွင့္ခ်ဲလ္ဆီးတို႔ရဲ႕ကမ္းလွမ္းမႈကို ပယ္ခ်ကာ လုပ္ခေလွ်ာ့ယူကာ ဘာကာတြင္ ဆက္ေနမယ့္ ျပင္သစ္စတား
အူစမန္ဒမ္ဘီလီဟာပရီးမီးယားလိဂ္ကလပ္မ်ားရဲ႕ကမ္းလွမ္းမႈကိုပယ္ခ်ကာ ဘာစီလိုနာတြင္ပင္လုပ္ခေလွ်ာ့ခ်ကာဆက္ကစားသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။
ျပင္သစ္လက္ေ႐ြးစင္ေတာင္ပံကစားသမားဟာယခုရာသီအကုန္တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူျဖစ္ပါတယ္။
မန္ယူႏွင့္ခ်ဲလ္ဆီးတို႔ဟာအသက္၂၄ႏွစ္ရွိဒမ္ဘီလီကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္စိတ္ဝင္စားေနပါတယ္။
ဒါေပမယ့္ Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရဒမ္ဘီလီဟာဘာစီလိုနာတြင္ကစားစဥ္ကာလအတြင္းတြင္ဒဏ္ရာေၾကာင့္ကာလရွည္ၾကာအနားယူခဲ့ရဖူးမႈေၾကာင့္ဘာစီလိုနာအေပၚတြင္အေႂကြးမ်ားရွိေနတယ္လို႔ခံစားေနရၿပီးလုပ္ခေလွ်ာ့ခ်ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားမယ္လို႔သိရပါတယ္။
သူဟာ၂၀၁၇ခုႏွစ္တုန္းကေဒါ့မြန္မွဘာစီလိုနာသို႔ေပါင္သန္း၁၁၀ျဖင့္ေျပာင္းလာၿပီးေနာက္ဒဏ္ရာျပင္းထန္စြာရရွိကာကာလရွည္နားခဲ့ရတဲ့အျပင္ဒဏ္ရာျပႆနာေပါင္းမ်ားစြာႏွင့္ႀကဳံခဲ့ရသူလည္းျဖစ္ပါတယ္။
ယခုအခါသူဟာဘ႑ာေရးျပႆနာမ်ားစြာႀကဳံေနရတဲ့ဘာစီလိုနာတြင္ လုပ္ခေလွ်ာ့ယူၿပီးသုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာဆက္ကစားသြားေတာ့မွာျဖစ္ပါတယ္။