မန်ယူနှင့်တစ်နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ မာတာ

ဂျူအန်မာတာဟာမန်ယူနှင့်တစ်နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။အသက်၃၃နှစ်ရှိစပိန်ကွင်းလယ်ကစားသမားဟာဇွန်လအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီးကလပ်မဲ့ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့်သူဟာစာချုပ်သက်တမ်းကုန်ဆုံးပြီး၂ရက်အကြာမှာဘဲမန်ယူနှင့်တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

မာတာဟာ၂၀၁၄ခုနှစ်ဇန်နဝါရီလမှာချဲလ်ဆီးမှပေါင်၃၇သန်းဖြင့်ပြောင်းလာပြီးနောက်မန်ယူအတွက်၂၇၃ပွဲကစားကာ၅၁ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။

မာတာဟာမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုရန်အတွက်လုပ်ခပေါင်၇၀၀၀၀အထိလျှော့ယူခဲ့ရကာတစ်ပတ်ပေါင်၁၀၀၀၀၀သာရရှိမှာဖြစ်ကြောင်းသိရပါတယ်။

သူဟာမန်ယူတွင်ကစားနေစဉ်အတွင်းမှာအက်ဖ်အေဖလား၊ယူရိုပါလိဂ်၊လိဂ်ဖလားတို့ဆွတ်ခူးထားနိုင်ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီများမှာမန်ယူတွင်ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သော်လည်းမန်ယူအဝတ်အစားလဲခန်းအတွင်းမှာအားလုံးအပေါ်ဩဇာရှိတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

ZawGyi

မန္ယူႏွင့္တစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ မာတာ

ဂ်ဴအန္မာတာဟာမန္ယူႏွင့္တစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။အသက္၃၃ႏွစ္ရွိစပိန္ကြင္းလယ္ကစားသမားဟာဇြန္လအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့သူျဖစ္ၿပီးကလပ္မဲ့ျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္သူဟာစာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး၂ရက္အၾကာမွာဘဲမန္ယူႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

မာတာဟာ၂၀၁၄ခုႏွစ္ဇန္နဝါရီလမွာခ်ဲလ္ဆီးမွေပါင္၃၇သန္းျဖင့္ေျပာင္းလာၿပီးေနာက္မန္ယူအတြက္၂၇၃ပြဲကစားကာ၅၁ဂိုးသြင္းယူေပးထားသူျဖစ္ပါတယ္။

မာတာဟာမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္လုပ္ခေပါင္၇၀၀၀၀အထိေလွ်ာ့ယူခဲ့ရကာတစ္ပတ္ေပါင္၁၀၀၀၀၀သာရရွိမွာျဖစ္ေၾကာင္းသိရပါတယ္။

သူဟာမန္ယူတြင္ကစားေနစဥ္အတြင္းမွာအက္ဖ္ေအဖလား၊ယူ႐ိုပါလိဂ္၊လိဂ္ဖလားတို႔ဆြတ္ခူးထားႏိုင္ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီမ်ားမွာမန္ယူတြင္ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးခဲ့ေသာ္လည္းမန္ယူအဝတ္အစားလဲခန္းအတြင္းမွာအားလုံးအေပၚဩဇာရွိတဲ့ကစားသမားတစ္ဦးျဖစ္ပါတယ္။