မန်ယူနှင့်ပထမဆုံးလေ့ကျင့်ခန်းဆင်းတဲ့နေ့မှာ ဒွိုက်ယော့ခ်နှင့်အတူမနေရန် ဖာဒီနန်ကို ဘာကြောင့် ဖာဂူဆန်ပြောခဲ့သလဲ?

ရီယိုဖာဒီနန်ကဆာအဲလက်စ်ဖာဂူဆန်ဟာသူ့ကိုမန်ယူနှင့်အတူပထမဆုံးလေ့ကျင့်ခန်းဆင်းတဲ့နေ့တွင်ဒွိုက်ယော့ခ်နှင့်အတူမနေရန်ပြောကြားပြီးစီမံခန့်ခွဲမှုစကေးကိုပြသခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

မန်ယူဟာရီယိုဖာဒီနန်ဟာ၂၀၀၂ခုနှစ်တွင်ပြိုင်ဘက်လိဒ်ယူနိုက်တက်ထံမှဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၃၀ဖြင့်ခေါ်ယူခဲ့ပါတယ်။

ထိုစဉ်ကဖာဂူဆန်ဟာအသက်၂၃နှစ်သာရှိသေးတဲ့ရီယိုဖာဒီနန်အားမန်ယူနှင့်ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာပင်ရောက်သင့်ရောက်ထိုက်တဲ့အဆင့်မျိုးသို့မရောက်လာပါကကလပ်မှထွက်ခွာရမည်ဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။

ဖာဒီနန်ဟာမန်ယူနှင့်ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မတိုင်မီတွင်ဒွိုက်ယော့ခ်နဲ့တွဲနေခဲ့ပါတယ်။

ဒါကြောင့်လည်းဆာအဲလက်စ်ဖာဂူဆန်ဟာလေ့ကျင့်ခန်းအစီအစဉ်သို့ရောက်ချိန်တွင်ဖာဒီနန်အားခေါ်ယူပြီးသတိပေးမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဖာဒီနန်က “မင်းဒီမှာကြာကြာနေချင်လားလို့မေးပါတယ်။ကျွန်တော်ကလည်း ‘ဟုတ်ကဲ့၊ကျွန်တော်အောင်မြင်မှုအားလုံးရချင်တယ်၊ပြီးတော့ကျွန်တော်လုပ်နိုင်သမျှလုပ်ချင်တယ်၊ဘော့စ်’လို့ပြန်ဖြေခဲ့ပါတယ်။အဲဒီမှာသူက ‘ပထမဆုံးလုပ်ရမယ့်အရာကတော့သူ(ယော့ခ်)နဲ့တွဲတွဲမနေဖို့ပဲ။သူကဒီမှာဆက်ရှိနေတော့မှာမဟုတ်ဘူး’လို့ပြောပါတယ်။ ‘ဘယ်လို’လို့ကျွန်တော်ပြောလိုက်မိတယ်။အဲဒီမှာသူက ‘သူကမယုံနိုင်လောက်အောင်ကောင်းတယ်၊အောင်မြင်မှုအားလုံးရခဲ့တယ်၊ဒါပေမယ့်အခုတော့သူကကိုယ့်ကိုယ်ကိုတော်တော်အထင်ကြီးနေပြီ’။သူပြောအဲဒီလိုပြောလိုက်တဲ့အချိန်မှာဒီကလပ်မှာဘယ်သူမှမလုံခြုံဘူးဆိုတာသိလိုက်ရတယ်။မင်းဘယ်လောက်ပဲလုပ်ပြခဲ့လုပ်ပြခဲ့။ဒွိုက်ယော့ခ်ကမန်ချက်စတာဘုရင်လိုလမ်းလျှောက်နေတတ်တဲ့သူပါ။သူကဖလားသုံးလုံးရခဲ့တုန်းကအရေးပါတဲ့အစိတ်အပိုင်းလည်းဖြစ်ခဲ့တယ်လေ။ဒါပေမယ့်ကိုယ်ရှိမယ့်အဆင့်ကနေလျှော့ကျလာပြီ၊လေ့ကျင့်ခန်းအစီအစဉ်မှာဟုတ်တိပတ်တိမလုပ်ပြလာနိုင်တော့ဘူးဆိုရင်တော့ထိုးရပါမယ်။ဖာဂူဆန်ရဲ့အဲဒီစကားလုံးတွေကကျွန်တော့်ရဲ့မန်ယူကစားသမားဘဝတစ်လျှောက်လုံးလွှမ်းမိုးလာခဲ့ပါတယ်။အကောင်းဆုံးပုံစံစမပြနိုင်တော့ဘူးဆိုရင်ကန်ထုတ်ခံရမှာကြောက်လန့်လာခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒွိုက်ယော့ခ်ဟာ၁၉၉၈ခုနှစ်တွင်ဗီလာမှမန်ယူသို့ရောက်လာပြီးနောက်၁၉၉၉ခုနှစ်တွင်ဆုဖလားသုံးလုံးဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူဖြစ်ပါတယ်။ဒွိုက်ယော့ခ်ဟာ၂၀၀၁-၀၂ရာသီတွင်၁၆ပွဲသာကစားရပြီး၁ဂိုးသာသွင်းနိုင်ခဲ့ကာဖာဒီနန်ရောက်လာတဲ့၂၀၀၂ခုနှစ်နွေရာသီတွင်ပင်မန်ယူမှထွက်ခွာခဲ့ရပါတယ်။

ရီယိုဖာဒီနန်ဟာ၂၀၀၂ခုနှစ်တွင်မန်ယူသို့ရောက်လာပြီးနောက်မန်ယူတွင်၁၄ရာသီကြာကစားခဲ့ပြီးပရီးမီးယားလိဂ်ဖလား၆ကြိမ်၊လိဂ်ဖလား၂ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်နှင့်ဖီဖာကမ္ဘာ့ကလပ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

မန္ယူႏွင့္ပထမဆုံးေလ့က်င့္ခန္းဆင္းတဲ့ေန႔မွာ ဒြိဳက္ေယာ့ခ္ႏွင့္အတူမေနရန္ ဖာဒီနန္ကို ဘာေၾကာင့္ ဖာဂူဆန္ေျပာခဲ့သလဲ?

ရီယိုဖာဒီနန္ကဆာအဲလက္စ္ဖာဂူဆန္ဟာသူ႔ကိုမန္ယူႏွင့္အတူပထမဆုံးေလ့က်င့္ခန္းဆင္းတဲ့ေန႔တြင္ဒြိဳက္ေယာ့ခ္ႏွင့္အတူမေနရန္ေျပာၾကားၿပီးစီမံခန႔္ခြဲမႈစေကးကိုျပသခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

မန္ယူဟာရီယိုဖာဒီနန္ဟာ၂၀၀၂ခုႏွစ္တြင္ၿပိဳင္ဘက္လိဒ္ယူႏိုက္တက္ထံမွၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၃၀ျဖင့္ေခၚယူခဲ့ပါတယ္။

ထိုစဥ္ကဖာဂူဆန္ဟာအသက္၂၃ႏွစ္သာရွိေသးတဲ့ရီယိုဖာဒီနန္အားမန္ယူႏွင့္ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္မွာပင္ေရာက္သင့္ေရာက္ထိုက္တဲ့အဆင့္မ်ိဳးသို႔မေရာက္လာပါကကလပ္မွထြက္ခြာရမည္ျဖစ္ေၾကာင္းသတိေပးခဲ့ပါတယ္။

ဖာဒီနန္ဟာမန္ယူႏွင့္ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္မတိုင္မီတြင္ဒြိဳက္ေယာ့ခ္နဲ႔တြဲေနခဲ့ပါတယ္။

ဒါေၾကာင့္လည္းဆာအဲလက္စ္ဖာဂူဆန္ဟာေလ့က်င့္ခန္းအစီအစဥ္သို႔ေရာက္ခ်ိန္တြင္ဖာဒီနန္အားေခၚယူၿပီးသတိေပးမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဖာဒီနန္က “မင္းဒီမွာၾကာၾကာေနခ်င္လားလို႔ေမးပါတယ္။ကြၽန္ေတာ္ကလည္း ‘ဟုတ္ကဲ့၊ကြၽန္ေတာ္ေအာင္ျမင္မႈအားလုံးရခ်င္တယ္၊ၿပီးေတာ့ကြၽန္ေတာ္လုပ္ႏိုင္သမွ်လုပ္ခ်င္တယ္၊ေဘာ့စ္’လို႔ျပန္ေျဖခဲ့ပါတယ္။အဲဒီမွာသူက ‘ပထမဆုံးလုပ္ရမယ့္အရာကေတာ့သူ(ေယာ့ခ္)နဲ႔တြဲတြဲမေနဖို႔ပဲ။သူကဒီမွာဆက္ရွိေနေတာ့မွာမဟုတ္ဘူး’လို႔ေျပာပါတယ္။ ‘ဘယ္လို’လို႔ကြၽန္ေတာ္ေျပာလိုက္မိတယ္။အဲဒီမွာသူက ‘သူကမယုံႏိုင္ေလာက္ေအာင္ေကာင္းတယ္၊ေအာင္ျမင္မႈအားလုံးရခဲ့တယ္၊ဒါေပမယ့္အခုေတာ့သူကကိုယ့္ကိုယ္ကိုေတာ္ေတာ္အထင္ႀကီးေနၿပီ’။သူေျပာအဲဒီလိုေျပာလိုက္တဲ့အခ်ိန္မွာဒီကလပ္မွာဘယ္သူမွမလုံၿခဳံဘူးဆိုတာသိလိုက္ရတယ္။မင္းဘယ္ေလာက္ပဲလုပ္ျပခဲ့လုပ္ျပခဲ့။ဒြိဳက္ေယာ့ခ္ကမန္ခ်က္စတာဘုရင္လိုလမ္းေလွ်ာက္ေနတတ္တဲ့သူပါ။သူကဖလားသုံးလုံးရခဲ့တုန္းကအေရးပါတဲ့အစိတ္အပိုင္းလည္းျဖစ္ခဲ့တယ္ေလ။ဒါေပမယ့္ကိုယ္ရွိမယ့္အဆင့္ကေနေလွ်ာ့က်လာၿပီ၊ေလ့က်င့္ခန္းအစီအစဥ္မွာဟုတ္တိပတ္တိမလုပ္ျပလာႏိုင္ေတာ့ဘူးဆိုရင္ေတာ့ထိုးရပါမယ္။ဖာဂူဆန္ရဲ႕အဲဒီစကားလုံးေတြကကြၽန္ေတာ့္ရဲ႕မန္ယူကစားသမားဘဝတစ္ေလွ်ာက္လုံးလႊမ္းမိုးလာခဲ့ပါတယ္။အေကာင္းဆုံးပုံစံစမျပႏိုင္ေတာ့ဘူးဆိုရင္ကန္ထုတ္ခံရမွာေၾကာက္လန႔္လာခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒြိဳက္ေယာ့ခ္ဟာ၁၉၉၈ခုႏွစ္တြင္ဗီလာမွမန္ယူသို႔ေရာက္လာၿပီးေနာက္၁၉၉၉ခုႏွစ္တြင္ဆုဖလားသုံးလုံးဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူျဖစ္ပါတယ္။ဒြိဳက္ေယာ့ခ္ဟာ၂၀၀၁-၀၂ရာသီတြင္၁၆ပြဲသာကစားရၿပီး၁ဂိုးသာသြင္းႏိုင္ခဲ့ကာဖာဒီနန္ေရာက္လာတဲ့၂၀၀၂ခုႏွစ္ေႏြရာသီတြင္ပင္မန္ယူမွထြက္ခြာခဲ့ရပါတယ္။

ရီယိုဖာဒီနန္ဟာ၂၀၀၂ခုႏွစ္တြင္မန္ယူသို႔ေရာက္လာၿပီးေနာက္မန္ယူတြင္၁၄ရာသီၾကာကစားခဲ့ၿပီးပရီးမီးယားလိဂ္ဖလား၆ႀကိမ္၊လိဂ္ဖလား၂ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ႏွင့္ဖီဖာကမာၻ႔ကလပ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။