မန်ယူနှင့်ပွဲမတိုင်မီ ကစားသမားဘဝနောက်ဆုံးရက်အထိ လီဗာပူးတွင် ကစားလိုကြောင်း ဆာလက်ဖွင့်ဟလာ

မိုဟာမက်ဆာလက်ကလီဗာပူးနှင့်စာချုပ်သစ်ချုပ်ဆိုလိုနေပြီးကစားသမားဘဝနောက်ဆုံးရက်အထိကလပ်အတွက်ကစားလိုကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မိုဟာမက်ဆာလက်ဟာ၂၀၂၂-၂၃ဘောလုံးရာသီအကုန်တွင်လီဗာပူးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးသူ့အနာဂတ်နှင့်ပတ်သက်ပြီးသတင်းများစွာထွက်ပေါ်နေပါတယ်။

ဒါပေမယ့်ယခုအခါဆာလက်ကကစားသမားဘဝနောက်ဆုံးရက်အထိလီဗာပူးတွင်ကစားလိုကြောင်းပြောကြားကာသူ့အနာဂတ်နဲ့ပတ်သက်ပြီးမစိုးရိမ်ကြရန်ပရိသတ်များကိုအသိပေးလာပြီဖြစ်ပါတယ်။

ဆာလက်က “တကယ်မေးလာခဲ့ရင်တော့ကျွန်တော့်ဘောလုံးသမားဘဝနောက်ဆုံးရက်အထိဒီမှာဘဲကစားသွားချင်ပါတယ်။ဒါပေမယ့်ကျွန်တော့်ဘက်ကများများစားစားပြောလို့မရပါဘူး။ကျွန်တော့်ဆုံးဖြတ်ချက်အပေါ်မှာလည်းမမူတည်ပါဘူး။ကလပ်ကကျွန်တော့်ကိုအလိုရှိ/မရှိအပေါ်မှာလည်းမူတည်နေပါတယ်။အခုအချိန်မှာလီဗာပူးကိုပြိုင်ဘက်အဖြစ်ရင်ဆိုင်ရဖို့လမ်းမရှိပါဘူး။ဖြစ်လာရင်စိတ်မကောင်းဖြစ်လာမှာပါ။ဒါနဲ့ပတ်သက်ပြီးမပြောချင်ပါဘူး။ဒါပေမယ့်ဖြစ်လာရင်တော့တကယ့်ကိုစိတ်မကောင်းစရာဖြစ်လာမှာပါ။နောက်ပိုင်းမှာဘာတွေဖြစ်လာမလဲဆိုတာကြည့်ရပါဦးမယ်”လို့ပြောကြားသွားပါတယ်။

မိုဟာမက်ဆာလက်ဟာယခုရာသီမှာကစားသမားဘဝတစ်လျှောက်အကောင်းဆုံးပုံစံကိုရရှိနေပြီး၁၁ပွဲကစားထားရာမှာ၁၂ဂိုးသွင်းယူထားနိုင်ပါတယ်။သူဟာမကြာသေးမီတုန်းကလီဗာပူးအတွက်ဂိုးရာပြည့်အမြန်ဆုံးသွင်းယူသူအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

သူဟာကြားရက်တုန်းကအက်သလက်တီကိုအားအနိုင်ရရှိတဲ့ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်လီဗာပူးသမိုင်းတွင်၉ပွဲဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ZawGyi

မန္ယူႏွင့္ပြဲမတိုင္မီ ကစားသမားဘဝေနာက္ဆုံးရက္အထိ လီဗာပူးတြင္ ကစားလိုေၾကာင္း ဆာလက္ဖြင့္ဟလာ

မိုဟာမက္ဆာလက္ကလီဗာပူးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနၿပီးကစားသမားဘဝေနာက္ဆုံးရက္အထိကလပ္အတြက္ကစားလိုေၾကာင္းထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

မိုဟာမက္ဆာလက္ဟာ၂၀၂၂-၂၃ေဘာလုံးရာသီအကုန္တြင္လီဗာပူးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးသတင္းမ်ားစြာထြက္ေပၚေနပါတယ္။

ဒါေပမယ့္ယခုအခါဆာလက္ကကစားသမားဘဝေနာက္ဆုံးရက္အထိလီဗာပူးတြင္ကစားလိုေၾကာင္းေျပာၾကားကာသူ႔အနာဂတ္နဲ႔ပတ္သက္ၿပီးမစိုးရိမ္ၾကရန္ပရိသတ္မ်ားကိုအသိေပးလာၿပီျဖစ္ပါတယ္။

ဆာလက္က “တကယ္ေမးလာခဲ့ရင္ေတာ့ကြၽန္ေတာ့္ေဘာလုံးသမားဘဝေနာက္ဆုံးရက္အထိဒီမွာဘဲကစားသြားခ်င္ပါတယ္။ဒါေပမယ့္ကြၽန္ေတာ့္ဘက္ကမ်ားမ်ားစားစားေျပာလို႔မရပါဘူး။ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္အေပၚမွာလည္းမမူတည္ပါဘူး။ကလပ္ကကြၽန္ေတာ့္ကိုအလိုရွိ/မရွိအေပၚမွာလည္းမူတည္ေနပါတယ္။အခုအခ်ိန္မွာလီဗာပူးကိုၿပိဳင္ဘက္အျဖစ္ရင္ဆိုင္ရဖို႔လမ္းမရွိပါဘူး။ျဖစ္လာရင္စိတ္မေကာင္းျဖစ္လာမွာပါ။ဒါနဲ႔ပတ္သက္ၿပီးမေျပာခ်င္ပါဘူး။ဒါေပမယ့္ျဖစ္လာရင္ေတာ့တကယ့္ကိုစိတ္မေကာင္းစရာျဖစ္လာမွာပါ။ေနာက္ပိုင္းမွာဘာေတြျဖစ္လာမလဲဆိုတာၾကည့္ရပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။

မိုဟာမက္ဆာလက္ဟာယခုရာသီမွာကစားသမားဘဝတစ္ေလွ်ာက္အေကာင္းဆုံးပုံစံကိုရရွိေနၿပီး၁၁ပြဲကစားထားရာမွာ၁၂ဂိုးသြင္းယူထားႏိုင္ပါတယ္။သူဟာမၾကာေသးမီတုန္းကလီဗာပူးအတြက္ဂိုးရာျပည့္အျမန္ဆုံးသြင္းယူသူအျဖစ္မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။

သူဟာၾကားရက္တုန္းကအက္သလက္တီကိုအားအႏိုင္ရရွိတဲ့ပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္လီဗာပူးသမိုင္းတြင္၉ပြဲဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။